Home » » မြန်မာအဆိုတော် ၅၀ ကျော်ဖျော်ဖြေမည့် ရာစုနှစ်၏ကြယ်ပွင့်များ ဂီတပွဲတော်ကို စင်ကာပူနှင့် မလေးရှားသို့ သွားရောက်ပြုလုပ်မည်

မြန်မာအဆိုတော် ၅၀ ကျော်ဖျော်ဖြေမည့် ရာစုနှစ်၏ကြယ်ပွင့်များ ဂီတပွဲတော်ကို စင်ကာပူနှင့် မလေးရှားသို့ သွားရောက်ပြုလုပ်မည်

Written By မောင်စေတနာ on Saturday, January 22, 2011 | 12:20:00 PM

e6161
ဖျော်ဖြေပွဲနှင့် ပတ်သက်သော စာနယ်ဇင်း ရှင်းလင်းပွဲသို့ တက်ရောက်လာသည့်
အနုပညာရှင်များ

Emperor Band ၊ Lazy Club Band ၊ Aurora Bandနှင့် အလင်္ကာဝတ်ရည် တီးဝိုင်းတို့ ပါဝင်ပြီး မြန်မာသံစဉ်နှင့် ခေတ်ပေါ်တေးဂီတအဆိုရှင် ၅၀ ကျော် ပါဝင်ဖျော်ဖြေမည့် ရာစုနှစ်၏ကြယ်ပွင့်များ ဂီတပွဲတော် ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများ သို့ သွားရောက်ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖျော်ဖြေပွဲကို မလေးရှားနိုင်ငံရှိ မဟာနန်း လုပ်ငန်းစုမှကြီးမှူး ကျင်းပခြင်းဖြစ်ပြီး ဖျော်ဖြေပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ဘူကစ်ဂျာလီ မိုးလုံလေလုံကွင်းတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ စတင်ကျင်းပ မည်ဖြစ်သည်။ ယင်းနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံ ပီနန်ရှိ ပီဇာမိုးလုံလေလုံကွင်းတွင်း၌ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံ၌ ဖြေဖျော်မှုအပြီးတွင် စင်ကာပူနိုင်ငံရှိ Indoor Stadium မိုးလုံလေလုံကွင်း၌ စက်တင်ဘာလ ၅ ရက်နေ့ ဖျော်ဖြေမည်ဟု သိရသည်။

ဖျော်ဖြေပွဲများကို မွန်းတည့် ၁၂ နာရီမှ ညပိုင်းအထိ ကျင်းပမည်ဟု သိရသည်။ ယင်းဖျော်ဖြေပွဲတွင် အလင်္ကာဝတ်ရည် တီးဝိုင်းနှင့်အတူ ဟင်္သာတထွန်းရင်၊ ရာဇာဝင်းတင့်၊ မောင်မောင်အေး၊ ကေတုဝင်းထွဋ်၊ ရန်အောင်၊ ဗညားဟန်၊ ဖိုးသောကြာ၊ ပိုင်သက်ကျော်၊ ချိုပြုံး၊ စိုးစန္ဒာထွန်းနှင့် ပိုးအိစံတို့က တွဲဖက် ဖျော်ဖြေသွားမည်ဖြစ်သည်။ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ချစ်ကောင်း၊ ဘိုဖြူ၊ မာရဇ္ဇ၊ ဘရိတ်ကီ၊ ထူးအယ်လင်း၊ ဟေမာနေ၀င်း၊ ကော်နီ၊ ရေဗက္က၀င်း စသည့် အဆိုရှင်များက Emperor Band နှင့်တွဲဖက်ဖျော်ဖြေမည်ဟု သိရသည်။1


Aurora တီးဝိုင်းနှင့် မြန်မာပြည်သိန်းတန်၊ ပလေးဘွိုင်းသန်းနိုင်၊ ဘိုဘိုဟန်၊ ကိုင်ဇာ၊ စိုးပိုင်၊ ခင်မောင်တိုး၊ ခင်မောင်ထူး၊ ခိုင်ထူး၊ စိုင်းဆိုင်မောဝ်၊ တူးတူး၊ နွဲ့ယဉ်ဝင်းနှင့် မေဆွိတို့က ဖျော်ဖြေမည်ဖြစ်ကာ Lazy Club တီးဝိုင်းနှင့်အတူ Rဇာနည်၊ ဇော်ပိုင်၊ ဟန်ထွန်း၊ Lလွန်း ၀ါ၊ ဟဲလေး၊ သြရသ၊ မေခလာ၊ ဆုန်သင်းပါရ်၊ Lဆိုင်းဇီ၊ ၀ိုင်းစုခိုင်သိန်းနှင့် ချမ်းချမ်းတို့က သီဆိုဖျော် ဖြေသွားမည်ဟု သတင်းရရှိပါသည်။ ထို့အပြင် စိုင်းစိုင်းခမ်းလှိုင်၊ သားစိုး၊ J Me ၊ Jenny ၊ဂျောက်ဂျက်၊ ယုန်လေး၊ စန္ဒီမြင့်လွင်နှင့် အေသင်ချိုဆွေတို့လည်း ဖျော်ဖြေမည်ဟု သိရှိရသည်။

"ဒီဖျော်ဖြေပွဲကို ပြည်ပမှာရောက်နေတဲ့ မြန်မာတွေ အိမ်အလွမ်းပြေဖို့အတွက် အဓိကရည်ရွယ် ကျင်းပတာပါ။ အခုလိုပွဲမျိုးကိုပြည်ပမှာ ကျင်းပနိုင်တာ ဒါပထမဆုံးအကြိမ်ပါ။ အရှုံး၊ အမြတ် ဆိုတာထက် ပြည်ပရောက် မြန်မာတွေအတွက်ပဲ အဓိက ရည်ရွယ်ပါတယ်"ဟု မဟာနန်းလုပ်ငန်းစုမှ မစုစန္ဒီဦးက ရှင်းပြခဲ့ပါသည်။


http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။