Home » , » မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် တရားဝင်ပါဝင်မည်

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် တရားဝင်ပါဝင်မည်

Written By မောင်စေတနာ on Thursday, September 29, 2011 | 8:40:00 PM



မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှစက်တင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။ ထွက်ရှိမည့်ရက်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ်တွင် ဖြန့်ချိရန် လျာထားသည့် Windows 8 ၏ Preview versionကို စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထွက်ရှိခဲ့သော Mac OS Lion ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် ပါဝင်လာခဲ့ပြီးနောက် ယခုအချိန်တွင်Windows 8 ကွန်ပျူတာစနစ်တွင်ပါ မြန်မာစာစနစ် တရားဝင် ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ပြည်တွင်း မှကွန်ပျူတာ သုံးစွဲသူအများစုမှာ Windows စနစ်ကို အများဆုံး အသုံးပြုနေသဖြင့် Windows 8 ကွန်ပျူ တာစနစ်၌ မြန်မာစာစနစ်တရားဝင် ပါဝင်လာခဲ့ခြင်းကြောင့် မြန်မာ ယူနီကုဒ် သုံးစွဲသူ အရေအတွက် ပိုမို ကျယ်ပြန့်လာနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Source by :http://www.weeklyeleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။