Home » » စန္ဒီမြင့်လွင်၏ ဒုတိယ တစ်ကိုယ်တော် တေးစီးရီး ‘ပျော်ပါစေ’ အသံသွင်းယူလျက်ရှိ

စန္ဒီမြင့်လွင်၏ ဒုတိယ တစ်ကိုယ်တော် တေးစီးရီး ‘ပျော်ပါစေ’ အသံသွင်းယူလျက်ရှိ

Written By မောင်စေတနာ on Thursday, September 29, 2011 | 6:00:00 PM



စန္ဒီမြင့်လွင်၏ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီး ‘ပျော်ပါစေ’ ကို အသံသွင်းယူလျက်ရှိပြီး စီးရီး၏ ထက်ဝက်ခန့်အား အသံသွင်းယူပြီး ဖြစ်သည်ဟု သိရှိရသည်။

“ဒီးဒီရဲ့ဒုတိယစီးရီးအတွက် စပြီးအသံသွင်းယူနေပါပြီ။ ပထမစီး ရီးထဲမှာပါခဲ့တဲ့ သီချင်းအမျိုးအစား လေးတွေလည်း ပြန်ပါမှာလို့ဆိုပေမယ့် သီချင်းရဲ့အကြောင်းအရာပိုင်းကတော့ ပရိသတ်အတွက်အသစ် ဖြစ်နိုင်တာမျိုးကို စဉ်းစားထားပါတယ်။ ဒီးဒီရဲ့အသံ၊ ဆိုပေါက်နဲ့လိုက်ဖက်တဲ့ သီချင်းမျိုးလေးတွေလည်း ဒီးဒီရဲ့ အစ်ကိုတွေလို့ပဲ ပြောရမယ့်သူတွေ အများကြီးက၀ိုင်းပြီး ရေးပေးထားပါတယ်”ဟု စန္ဒီမြင့်လွင်က ရှင်းပြခဲ့ သည်။

စန္ဒီမြင့်လွင်၏ ‘ပျော်ပါစေ’ တေးစီးရီးတွင် R&B နှင့်ရော့ခ်ဂီတ အမျိုးအစားများ ပါဝင်ပြီး မျိုးကျော့ မြိုင်၊ ရဲလေး၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ အားတီ၊ လွှမ်းပိုင်စသူတို့ က ရေးသားပေးထားသည်ဟု သိရသည်။ စန္ဒီမြင့်လွင်သည် ၂၀၁၀ ပြည့်နှစ်အတွင်း ‘ဆေးရောင်လှလှ ခြယ်ရအောင်’ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးထွက်ရှိခဲ့ပြီး ယင်းစီးရီးနှင့်ပင် ပရိသတ်အားပေးမှု အများအပြား ရရှိခဲ့သည်ဟု သိရသည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။