Home » » တရားမ၀င် နေထိုင်သူနိုင်ငံခြားသားများပြားမှု နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်

တရားမ၀င် နေထိုင်သူနိုင်ငံခြားသားများပြားမှု နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်

Written By မောင်စေတနာ on Wednesday, September 14, 2011 | 7:58:00 AM



KHT/PETALING JAYA- နိုင်ငံခြားသားများ ကိုယ်ရေးမှတ်ပုံတင် အစီအစဉ်သည် တရားမ၀င်နိုင်ငံခြား အလုပ်သမားက တရားဝင် နိုင်ငံခြားသား အရေအတွက်ထက် သန်းချီပိုများနေသည်။

ပြည်ထဲရေး ၀န်ကြီး Datuk Seri Hishammuddin Husseinက တရားမ၀င် နိုင်ငံခြားသားအရေအတွက် များပြားမှုက နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အတွက် အစီအစဉ်ကို ပေါ့ပေါ့တန်တန် သဘောမထားရန် ပြောသည်။

ယင်းအစီအစဉ်ကို နိုင်ငံခြားသားများ နိုင်ငံတွင်းသို့ ၀င်ရောက်နိုင်သည့် နေရာများတွင် လုပ်ဆောင်ခြင်းအားဖြင့် မလေးရှား နိုင်ငံကို အခြေစိုက်၍သော်လည်းကောင်း ကြားခံ၍သော်လည်းကောင်း မလိုလားအပ်သည့် ပြဿနာများကို ရှောင်ရှား နိုင်မည်ဟု သူက ပြောသည်။

“တရားမ၀င် အလုပ်သမားဦးရေက တရားဝင်ထက် ပိုများနေတာက စိုးရိမ်စရာပါ၊ ဒါပေ့မယ်လည်း 6P အစီအစဉ်က ထိထိရောက်ရောက် ဆောင်ရွက် နိုင်ပါလိမ့်မယ်” ဟု Hishammuddin Husseinက ပြောသည်။



မှတ်ပုံတင်အစီအစဉ်ဖြင့် ကောက်ခံနေသည့် အချက်အလက်များက ရဲနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ စုံစမ်းစစ်ဆေးနေသည့် စစ်ရေးလှုပ်ရှားမှု၊ လူကုန်ကူးမှုတို့နှင့်ဆက်နွယ်နေသည့် ကိစ္စရပ်များကို ပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း ယခင်က ထုတ်ပြန်ချက်များတွင် သူက ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံကို Babbar Khalsa နိုင်ငံတကာ စစ်သွေးကြွဟု သံသယရှိသူ ၃ ဦးလွဲပြောင်းခဲ့ခြင်း၊ ယခုလ အစောပိုင်းက နိုင်ငံလုံခြုံရေး ဥပဒေဖြင့် ဖမ်းဆီးခဲ့သည့် တရုတ်လူမျိုး ၁၆ ဦး တို့သည့် အစိုးရက ကမ္ဘာကြီးကို ခြိမ်းခြောက်နေသည့် အန္တရယ်များကို တိုက်ထုတ်နေသည့် ဥပမာဖြစ်ကြောင်း Hishammuddin Husseinက ဆိုသည်။

အကြမ်းဖက် စစ်သွေးကြွများကို တိုက်ဖျက်နေသော စစ်ဆင်ရေးများကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားရန် သူက ပြောသည်။

“လူကုန်ကူးမှုနဲ့ အကြမ်းဖက်မှုကြောင့် အပြစ်မဲ့တဲ့ လူထောင်ပေါင်းများစွာ စတေးခဲ့ကြရတယ်၊ နိုင်ငံတကာ လူကုန်ကူးတဲ့ အကျိုးတူအဖွဲ့တွေနဲ့ အကြမ်းဖက်သမားတွေအတွက် မလေးရှားဟာ လုံခြုံစိတ်ချရတဲ့ နေရာ အဖြစ် သတ်မှတ်တာကို ခွင့်မပြုနိုင်ဘူး” ဟု သူက ဆိုသည်။

မှတ်ပုံတင်ခြင်းဖြင့် နိုင်ငံ၏ လုံခြုံရေးကို တိုးတက်အောင် ဆောင်ရွက်နေသည်ဟု အစိုးရကို စွပ်စွဲနေသည့် အတိုက်အခံများကို Hishammuddinက ပြစ်တင်ပြောဆိုလိုက်သည်။

“စွပ်စွဲချက်တွေက ကျနော်တို့ကြိုးပမ်းမှုတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာ သတိထားမိတယ်၊ ဒါပေမယ့် သူတို့ အကျိုးစီးပွား အတွက် အဲဒါတွေကို လုပ်နေတယ်ဆိုတာ သူတို့ သတိမထားမိဘူး” ဟု သူက ပြောသည်။

သောကြာနေ့အထိ နိုင်ငံခြား အလုပ်သမား ၂ သန်းကျော် မှတ်ပုံတင်ခဲ့ကြပြီး ၁ သန်းကျော်မှာ တရားမ၀င် အလုပ်သမားများ ဖြစ်ကြောင်း သိရသည်။

တရားဝင်နိုင်ငံခြားသားများအတွက် မှတ်ပုံတင်ခြင်းအစီအစဉ်သည် ဇူလိုင် ၁၃ ရက်နေ့က စတင်ခဲ့ပြီး ပြီးဆုံးမည့်ရက်ကို မသိရှိရသေးချေ။

တရားမ၀င် အလုပ်သမား မှတ်ပုံတင်ခြင်းကို သြဂုတ်လ ၁ ရက်နေ့က သီတင်း ၂ ပတ် ဆောင်ရွက်ရန် သတ်မှတ်ခဲ့သော်လည်း သြဂုတ် ၃၁ ရက်နေ့အထိ နောက်ဆုံးရက်ကို ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့သည်။

သူရိယသတင်းဂျာနယ်

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။