Home » » အလုပ်သမားများထံမှာ အဖိုးတန်ပစ္စည်း လုယက်သူ မလေးရှားရဲ ၅ ဦးအား ဖမ်းဆီးနိုင်ခဲ့

အလုပ်သမားများထံမှာ အဖိုးတန်ပစ္စည်း လုယက်သူ မလေးရှားရဲ ၅ ဦးအား ဖမ်းဆီးနိုင်ခဲ့

Written By မောင်စေတနာ on Thursday, September 15, 2011 | 12:20:00 PM



ဘင်္ဂလားဒေ့ရှ် အလုပ်သမား၏ အဆောင်တွင်းသို့ဝင်ရောက်ကာအဖိုးတန် ပစ္စည်းများ အဓမ္မယူငင်ခဲ့သော မလေးရှားရဲတပ်သား ၅ဦးအားသက်သေခံပစ္စည်း များနှင့်အတူ Dang Wangi အရပ်၌ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မြို့တော် မှုခင်းစုံစမ်းရေးဌာန အကြီးအကဲက ဘင်္ဂလားဒေ့ရှ် အလုပ်သမား ထံမှတိုင်ကြားချက် ရပြီးပြီးချင်းပြစ်မှု ကျူးလွန်သူရဲ ၅ဦးအား ရဲစခန်းအတွင်းမှာပင်ဖမ်းဆီးနိုင်ခဲ့ကြောင်းပြောသည်။ ယူနီဖောင်းမ၀တ်ထားသော အဆိုပါ ရဲသားများက အလုပ်သမားများ၏ အဆောင်အားသော့ခတ် ပိတ်ခဲ့ကာအလုပ်သမားများပိုင်ဆိုင် ရင်းဂစ် ၃၀၀၀၀ တန်ဖိုးရှိအဖိုးတန်ပစ္စည်းများ ကိုလုယက် ခဲ့ကြောင်းသိရသည်။

ရဲသားများအုပ်စုဖွဲ့ ကျူးလွန်သော ယခု လုယက်မှုသည် ဒုတိယ အကြိမ်မြောက်ဖြစ်သည်။။ ပြီးခဲ့သော ဇွန်လတွင် လည်းကွာလာလမ်ပူ Narcotics အရပ်တွင် အကြီးတန်း ရဲအရာရှိတစ်ဦးနှင့် ရဲသား ၅ ဦးတို့ကို မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံရမှု တစ်ခုဖြစ်ပွားခဲ့သေးသည်။

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။