Home » » ၀ိုင်းစုခိုင်သိန်း နှင့် တွေ့ဆုံခြင်း

ဝိုင်းစုခိုင်သိန်း နှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Sunday, September 25, 2011 | 3:59:00 PM


မင်္ဂလာပွဲက အစီအစဉ်တော့ ရှိပါတယ် ဒါပေမယ့် လိုပါသေးတယ်၊ ၀ိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခြင်း

‘အပြစ်မမြင်ပါဘူး’လို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ ‘မက်လောက်စရာ တစ်ကွက်မှမရှိ’လို့ ပြန်လည်ဖွင့်ဟခဲ့တဲ့ အဆိုတော် ကောင်မလေးဆိုရင် သိကြမှာပါ။ သရုပ်ဆောင် တစ်ယောက်အဖြစ် ကြိုးစားနေရင်းက အဆိုတော်တစ်ယောက် ဖြစ်လာဖို့လည်း ကြိုးစားခဲ့သူပါ။ ’အပြစ်မမြင်’ သီချင်းနဲ့ ပရိသတ်လက်ခံ အားပေးခဲ့ပြီးတဲ့နောက် ‘မက်လောက်စရာ’ တစ်ကိုယ်တော်စီးရီးနဲ့ အဆိုတော်တစ်ဦးအဖြစ် ယုံကြည်လက်ခံ စေခဲ့ပါတယ်။

‘မက်လောက်စရာ’ စီးရီးရဲ့ဗီစီဒီထွက်လာ ချိန်မှာတော့ သတင်းစကားပေါင်း များစွာနဲ့အတူ ပိုမိုစိတ်ဝင်စားခြင်းခံ ခဲ့ရပါတယ်။ ‘မက်လောက်စရာ’ စီးရီးထဲက သီချင်းအများစုက ကိုယ်ပိုင် ခံစားချက်တွေပါလို့ ဖွင့်ဟခဲ့သူ ၀ိုင်းစုခိုင်သိန်းက ဒုတိယစီးရီး ‘မျက်လှည့်’ ကိုလည်း အောက်တိုဘာလ ၁ ရက်နေ့မှာ ဖြန့်ချိတော့မှာပါ။

ဇာတ်ကားတွေရိုက်၊ သီချင်းတွေဆိုနဲ့ မအားလပ်တဲ့ဝိုင်းစုက မင်္ဂလာ အစီအစဉ်ကြားရတော့မယ် ဆိုတဲ့သတင်းတွေ ပျံ့လွင့်နေပါသေးတယ်။
ဒါကြောင့် ၀ိုင်းစုခိုင်သိန်းနဲ့ တွေ့ဖြစ်တဲ့အခိုက် သူပြောပြခဲ့တဲ့ အနုပညာအရေး၊ နှလုံးသားအရေးတွေကို ဖတ်ရှုပေးပါဦး . . .

မေး ။ အောက်တိုဘာ ၁ ရက်နေ့ ထွက်မယ့် ဒုတိယစီးရီးကိုဘာလို့ ‘မျက်လှည့်’လို့ နာမည်ပေး ဖြစ်တာလဲ။ အဲဒီအကြောင်းကနေ စပြီး ပြောပြပေးပါလား။

ဖြေ ။ ဒုတိယစီးရီးအတွက် ပထမပေးထားတဲ့ နာမည်က ‘စနိုးဝှိုက်’ပါ။ ဒီ သီချင်းလေးက ဦးရွှေဂျော်ဂျော် ရေးပေးတာ။ နောက်ဆုံးမှ ရလာတဲ့သီချင်းလေးပေါ့။ ၀ိုင်းစုက စီးရီးခေါင်းစဉ်ကို နာမည်ဆန်းဆန်းလေး ပေးရတာကြိုက်တယ်။ အဲဒီ ’မျက်လှည့်’ဆိုတဲ့ ခေါင်းစဉ်လေးကလည်း ဆန်းတာနဲ့ ပေးဖြစ်သွား တာ။ သီချင်း အကြောင်းအရာလေးကတော့ သူချစ်မိတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲကို ဘယ်လို မျက်လှည့်ဆန်ဆန် ၀င်လာမယ်ဆိုတဲ့ အကြောင်းအရာလေးပါ။

မေး ။ တေးရေးတွေကရော ဘယ်သူတွေပါလဲ။ သီချင်း အမျိုးအစားတွေကရော ဘယ်လိုပုံစံတွေ များမလဲ။

ဖြေ ။ တေးရေးတွေက ဦးသုခမိန်လှိုင်၊ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ စိုင်းစိုင်း၊ မိုးမိုး၊ ဖိုးကာ၊ အောင်လ၊ ညီမင်းခိုင်၊ စံပီးတို့ ရေးထားတဲ့သီချင်း ၁၂ ပုဒ်ပါပါ တယ်။ သီချင်းအမျိုးအစားလေး တွေကတော့ အစုံပါပဲ။ ၀ိုင်းစုက အခွေမှာ ပုံစံတစ်မျိုးတည်းထည့် ရတာထက်စာရင် ပုံစံစုံအောင် ထည့်ချင်တာလေ။ ဒါကြောင့် ပထမခွေမှာလိုပဲ မတူကွဲပြား တဲ့ သီချင်းပုံစံလေးတွေ ထည့်ထားတယ်။

မေး ။ ပထမခွေမှာတုန်းက ၀ိုင်းစုရဲ့ ခံစားချက်တွေပြောပြီး သီချင်းရေးခိုင်းတာမျိုးတွေပါ တယ်ဆိုတော့ ဒီအခွေမှာရော အဲဒီလိုရေးဖြစ်တာ ရှိသေးလား။

ဖြေ ။ ပထမခွေမှာ တုန်းကတော့ ၀ိုင်းစု ခံစားချက်လေးတွေ လိုချင်တာတွေပြော ပြီး ရေးခိုင်းတာမျိုး တွေပါတယ်။ ဒုတိယ ခွေမှာကတော့ အဲဒီလို ရေးခိုင်းတာမျိုးထက် ၀ိုင်းစုကို လာပြတဲ့ သီချင်းတွေထဲကပဲ ရွေးဖြစ်တာများတယ်။ ကိုဇ၀ါ ကိုအပ်တဲ့တစ်ပုဒ်ပဲ ချစ်သူရှိတဲ့အချိန်ဆိုတဲ့ သီချင်းကတော့ ၀ိုင်းစုလိုချင်တာလေး နည်းနည်းပြောပြပြီး ရေးခိုင်းထားတာ။ ကျန်တာတွေက တော့ လာပြတဲ့အထဲကပဲ ရွေးဖြစ်တာပါ။

မေး ။ ‘မျက်လှည့်’ က အောက်တိုဘာ ၁ ရက်နေ့ ဖြန့်မှာဆိုတော့ ပရိသတ်ကို အသိပေးချင်တာများရှိလား။

ဖြေ ။ ၀ိုင်းစုရဲ့ ဒုတိယခွေလေးကို သေချာလေး ပြင်ဆင်ထားပါတယ်။ သီချင်းအပုဒ် ၂၀ ကျော်လောက် ရှိတဲ့ အထဲကမှ စိတ်တိုင်းကျ တဲ့ ၁၂ ပုဒ်ကို ရွေးထုတ်ထားခဲ့တာ။ ပထမခွေကို ကြိုက်တဲ့ ပရိသတ်တွေ အတွက်လည်း ပထမခွေရဲ့ပုံစံနဲ့ အရမ်းကြီး မကွာသွားချင်တာကြောင့် အဲဒီပုံစံထဲမှာဝင်တဲ့ သီချင်းလေးတွေလည်း ထည့်ထားတယ်။ ဒါကြောင့် ၀ိုင်းစုရဲ့ပရိသတ်ကို အခု ဒုတိယ ခွေကိုလည်း အားပေးကြပါဦးလို့ ပြောချင်ပါ တယ်။

မေး ။ အဆိုတော် တစ်ယောက်အဖြစ်လည်း ရပ်တည် နေနိုင်ပြီဆိုတော့ နောက်ပိုင်း အဆိုဘက်နဲ့ သရုပ်ဆောင်ဘက် ဘာကို ပိုပြီးဦးစားပေးဖြစ်မလဲ။

ဖြေ ။ ၀ိုင်းစုက လောဘနည်းနည်း ကြီးတယ်။ အဆိုပိုင်းရော၊ သရုပ် ဆောင်ပိုင်းရော နှစ်မျိုးလုံး လုပ်ချင်ပါ တယ်။ ပထမခွေ ဗီစီဒီရိုက်နေတဲ့အချိန်မှာ သရုပ်ဆောင်ဘက်မှာ တော်တော်လေး အားလျော့သွားသေးတယ်။ ဒါကြောင့် ဗီစီဒီထွက်ပြီးတဲ့အချိန်က စပြီး သရုပ်ဆောင်ပိုင်းကို ပြန်ပြီး အားစိုက်ဖြစ်ပါတယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ ၀ိုင်းစုက သီချင်းတွေလည်း ဆိုချင်သလို သရုပ်ဆောင်လည်း ဖြစ်ချင်ပါတယ်။ ၀ိုင်းစုဘက်ကလည်း အစွမ်းကုန် ကြိုးစားမှာပါ။

မေး ။ ဂီတပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုရော ဘယ်လိုခွဲခြားထားလဲ။

ဖြေ ။ အချိန်ခွဲခြားရတဲ့ အပိုင်းကတော့ တော်တော်လေး ခက်ပါတယ်။ သီချင်းဆိုတဲ့ အပိုင်းဆိုလည်း ရှိုးပွဲတွေ အသံသွင်းတာတွေ ရှိသလို သရုပ်ဆောင်တစ်ယောက်ရဲ့ အပိုင်းမှာဆိုလည်း ကြော်ငြာရိုက်၊ ဇာတ်ကားရိုက် တွေ ရှိနေတော့ နှစ်ဖက်စလုံးကို အချိန်မျှပြီးပေးနိုင်အောင် ကြိုးစားရပါ တယ်။ တစ်ခုလိုချင်ရင် တစ်ခုစွန့် လွှတ်ရမယ်ဆိုတဲ့ စကားအတိုင်းပဲ ၀ိုင်းစုလုပ်ချင်တာတွေ များနေတဲ့အတွက် ၀ိုင်းစုရဲ့ ကိုယ်ပိုင်အချိန်တွေကို စွန့်ရတာမျိုးတွေလည်း ရှိပါတယ်။ မနက်ဆိုရင် ရှုတင်သွား၊ ညပြန် ရောက်တော့ အသံသွားသွင်း၊ အား တဲ့အချိန် ရှိုးဆိုနဲ့ဆိုတော့ ကိုယ်ပိုင်အချိန်ဆိုတာ အရမ်းရှားပါးသွား တာမျိုးပေါ့။

မေး ။ ကိုယ့်ကို ပြိုင်ဆိုင်တာတွေ၊ တိုက်ခိုက်တာတွေ ကြုံတဲ့အချိန်မှာရော ဘယ်လိုဖြေရှင်းလဲ။

ဖြေ ။ အပြိုင်အဆိုင်ရှိတော့ တိုးတက်တာပေါ့။ ၀ိုင်းစုက အဲဒီလိုရှိတာ ကြိုက်ပါတယ်။ တစ်ခါတလေကျရင် ကိုယ့်အတွက် ခွန်အားတောင်ဖြစ်သေးတယ်။ ၀ိုင်းစု အများကြီးကြုံရဖူးတယ်။ ခေါင်းထဲမှာအကြာကြီး သိမ်းမထားဘဲ ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ အဓိကလို့ပဲ ခံယူထားတယ်။

မေး ။ ၀ိုင်းစုရဲ့ အချစ်ရေးကရော။

ဖြေ ။ အချစ်ရေးကတော့ စိတ်ချမ်းသာစရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားပါတယ်။ တစ်သက်လုံး စိတ်ချမ်းသာရမယ့် အချစ်ရေးလို့လည်း ထင်ပါတယ်။ ၀ိုင်းစုအနေနဲ့လည်း တကယ်စိတ်ချမ်းသာရမယ့် အခြေအနေမျိုးကိုပဲ ဖန်တီးသွားမှာပါ။

မေး ။ ဒီနှစ်ဝါကျွတ်မှာ မင်္ဂလာဝတ်စုံ နဲ့ မြင်ခွင့်ရတော့မှာလား။

ဖြေ ။ ဒီနှစ်တော့ မဖြစ်နိုင်သေးပါဘူး။ ၀ိုင်းစုကိုချစ်တဲ့ ပရိသတ်ကရော ၀ိုင်းစုကို မင်္ဂလာဝတ်စုံနဲ့ မြင်ချင်ကြပြီလားလို့ မေးချင်ပါတယ်။ အစီအစဉ်တော့ရှိပါတယ်။ ဒါပေမယ့် လိုသေးတယ်။

Source by :http://www.weeklyeleven.com/
Share this article :

2 comments:

Anonymous said...

ဒီလောက်တောင် လှလို့ ဝလာလို့ပါလား။ အားပေးနေပါတယ်။ ပုံတွေကိုကြည့်ပြီး အားပေးနေရတာ..:)

Anonymous said...

ဒီလောက်တောင် လှလို့ ဝလာလို့ပါလား။ အားပေးနေပါတယ်။ ပုံတွေကိုကြည့်ပြီး အားပေးနေရတာ..:)

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။