Home » » ခင်စန္ဒာမြင့် နှင့် လတ်တလော စိတ်ကြိုက် ဖက်ရှင်

ခင်စန္ဒာမြင့် နှင့် လတ်တလော စိတ်ကြိုက် ဖက်ရှင်

Written By မောင်စေတနာ on Monday, September 26, 2011 | 8:30:00 AM



ယခုတစ်ပတ် ဖက်ရှင်ကဏ္ဍ ရိုက်ကူးရန်အတွက် Miss Dell ရွေးချယ်ပွဲတွင် 2nd runner up ရရှိထားသူ မျက်နှာသစ်မော်ဒယ်လ် ခင်စန္ဒာမြင့် ကို ရွေးချယ်ဖြစ်ခဲ့သည်။ နောက်ခံနေရာ ရွေးချယ်ထားမှုနှင့် လိုက်ဖက်ညီသည့် ဖက်ရှင်စိတ်ကူးကို ပုံဖော်ဖြစ်ခဲ့ပုံကို ခင်စန္ဒာမြင့်က “စန္ဒာ ဒီကဏ္ဍလေး အတွက်ကတော့ ရိုက်ကူးမယ့်နေရာက အုတ်အနီရောင်တွေ နောက်ခံ အသားပေးဆိုတော့ ဖက်ရှင်ဒီဇိုင်းကိုလည်း အရမ်းဟော့ရှော့ ဖြစ်တယ်ဆိုတာမျိုးထက် တည်ငြိမ်တဲ့ ဖက်ရှင်စိတ်ကူးမျိုးလေးဖြစ်အောင် စဉ်းစားဖန်တီးထားတယ်။

ပထမ၀တ်စုံလေး က အဖြူရောင်ပေါ်မှာ အောက်ခံအမည်းရောင် လှိုင်းတွန့်လေးတွေပါတဲ့ အင်္ကျီဒီဇိုင်းလေးပါ။ အင်္ကျီလက်တို ရိုးရိုးလေးကိုမှ ရင်ဘက်မှာ အတွန့်အဖတ် ဒီဇိုင်းလေးက ဆန်းသွားစေပါတယ်။ အောက်ကတော့ ဘောင်းဘီအမည်းရောင်လေးနဲ့ တွဲဝတ်ထားပါတယ်။ ၀တ်စုံက ရိုးရိုးရှင်းရှင်းလေး ဖြစ်နေတဲ့အတွက် ဖိနပ်ကိုတော့ ကြိုးသိုင်းဒေါက်အမြင့် ဆန်းဆန်းလေး စီးဖြစ်ပါတယ်။

ဒုတိယ၀တ်စုံလေးကတော့ အဖြူနဲ့အမည်း တွဲဖက်ဝတ်ဆင်မှုပေါ့။ အဖြူရောင်ဇာ အင်္ကျီက လည်ပင်းထောင်မှာမှ ဇာအတွန့်လေးပြန်ချထားတဲ့ ဒီဇိုင်းလေးဆိုတော့ ပိုပြီးဆန်းသစ်လှသွားစေပါတယ်။ အဲဒါကိုအောက်က စကပ်အမည်းရောင်လေးနဲ့တွဲပြီး ၀တ်ထားတာပါ။

စကပ်တို အမည်းရောင်လေးက ခါးနေရာမှာ ကြယ်သီးလေးတွေနဲ့ ဒီဇိုင်းဆင်ထားတာဆိုတော့ စကပ်လေးရဲ့ ဒီဇိုင်းပေါ်လွင်သွားအောင် အင်္ကျီလက်ရှည်ကို စကပ်ထဲ ထည့်ဝတ်ထားပါတယ်။ ဖိနပ်ကတော့ လေဒီရှူးအမည်းရောင်လေးပဲ စီးထားတာပါ။ ဒီဝတ်စုံတစ်စုံလုံးကတော့ ကြည့်လိုက်တာနဲ့ တည်တည် ငြိမ်ငြိမ်လေး လှပတဲ့ဒီဇိုင်းလို့ ထင်ပါတယ်။ မိတ်ကပ်က လင်းလင်း (တော်ဝင်သူ)လိမ်းခြယ် ပေးထားတာပါ။ စန္ဒာကမိတ်ကပ်တွေ အများကြီးလိမ်းရင် သိပ်မလိုက်ဘူး။

ဒါကြောင့် မိတ်ကပ် ခပ်ပါးပါးပဲ လိမ်းခြယ်ထားပါတယ်။ ဆံပင်ကိုတော့ ထွေထွေထူးထူး မစဉ်းစားတော့ဘဲ နဂို အကောက်အရှည်လေးကို ဒီအတိုင်းပဲ ချထားတာပါ။ ဒီကဏ္ဍရိုက်မယ်ဆိုတော့ နောက်ခံနေရာကြောင့် တည်ငြိမ်တဲ့ ဖက်ရှင်လေးတွေ ရွေးချယ်ဖြစ်ပါတယ်” ဟု ခင်စန္ဒာမြင့်က ရှင်းပြခဲ့သည်။

ယခုတစ်ပတ် ဖက်ရှင်ကဏ္ဍ အတွက်တော့ နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ဘုရားကျောင်း တစ်ခု၏နောက်ခံတွင် ဆယ်ကျော်သက် မော်ဒယ်လ်လေး၏ ဖက်ရှင်စိတ်ကူးတို့ကို မတူကွဲပြားသည့် အမြင်နှစ်မျိုးအဖြစ် တင်ပြပေးရင်း နောက်တစ်ပတ်တွင်တော့ မည်သည့်မော်ဒယ်လ်က မည်သည့်နောက်ခံနေရာနှင့် ပါဝင်မည်ကို စောင့်မျှော်ပါဟု . . .

Source by :http://www.weeklyeleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။