Home » » စင်္ကာပူ နိုင်ငံသား တစ်ဦးက စော်ကား

စင်္ကာပူ နိုင်ငံသား တစ်ဦးက စော်ကား

Written By မောင်စေတနာ on Friday, September 30, 2011 | 9:30:00 PM



စင်ကာပူ နိုင်ငံသား တစ်ဦး ကုမ္ပဏီ ရုံးခန်းအတွင်းသို့ ဝင်ရောက်ပြီး ကိုယ်ထိလက်ရောက် စော်ကားမှု ပုဇွန်တောင်မြို့နယ်တွင် ၂၀၁၁ခုနှစ် စက်တင်ဘာ ၁၄ရက်၌ ဖြစ်ပွားခဲ့ ကြောင်း စုံစမ်းသိရှိခဲ့ရသည်။

ဖြစ်ပွားပုံမှာ စက်တင်ဘာ ၁၂ ရက်တွင် ဒေါ်.....သည် ဗိုလ် တထောင်မြို့နယ်...ရပ်ကွက်တွင် ဖွင့်လှစ်ထားသော....ကုမ္ပဏီ (ကုန်သေတ္တာငှားရမ်းလုပ်ငန်း) ရုံး ခန်း၌ စင်ကာပူ နိုင်ငံသားJONA - THAN SIVA နှင့် ပတ်သက်သော ငွေကြေး ပိုင်ဆိုင်မှု စာရင်းများအား ကြည့်ရှုစစ်ဆေးနေခဲ့ကြောင်း။

ယင်း အချိန်တွင် ၄င်းရောက်လာသဖြင့်ထွက်သွားရန် ဒေါ်....မှပြောရာ ၄င်းက Fuck Vour Ass ဟုဆဲဆို ထွက်သွားကြောင်း၊ စက်တင်ဘာ ၁၃ ရက်တွင် ဒေါ်....သည် ရုံး ခန်းထဲ၌ ရှိနေစဉ် ၄င်းပြန်လည် ရောက်လာပြီး အခန်းအတွင်းရှိ ကွန်ပျူတာတင်သည့် စားပွဲအား မယူသွားသဖြင့် မသယ်ရန်တားရာ ဒေါ်....အား တွန်းထုတ် သဖြင့် နာကျင် ဒဏ်ရာများ ရရှိခဲ့သဖြင့် တိုင် တန်းခဲ့ကြောင်း သိရှိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဗိုလ်တထောင် ရဲစခန်းက(ပ)၁၃၂/၂၀၁၁၊ ပုဒ်မ-၂၉၄/၃၂၃/၄၄၇အရ စုံစမ်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိခဲ့ရသည်။

မိုးတိမ်(ရွှေမှော်ဝန်း)
Source : Yoyarlay

Source by :http://newsnetworkmedia.blogspot.com/
Share this article :

1 comments:

အဆွေးလူ said...

အေးပေါ့လေ....
ခေါင်းဆောင်လုပ်တဲ့သူကမှမကောင်းတာ...
နိုင်ငံခြားသားစော်ကားတာခံရတာပေါ့...
ကိုယ့်မြေပေါ်မှာ ကိုယ်ကအစော်ကားခံရတာ...
နာတယ်ကွာ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။