Home » » ပီတာခရော့ခ်ျအား ကြီးကျယ်ခန်းနား လွန်းသည့် ကစားသမားဟု တိုနီပူးလစ် ချီးကျူး

ပီတာခရော့ခ်ျအား ကြီးကျယ်ခန်းနား လွန်းသည့် ကစားသမားဟု တိုနီပူးလစ် ချီးကျူး

Written By မောင်စေတနာ on Monday, September 26, 2011 | 1:39:00 PM


အဖိုးတန် ဂိုးအား သွင်းယူနိုင်ခဲ့သည့် ပီတာခရော့ခ်ျအား ကြီးကျယ်ခန်းနားလွန်းသည့် ကစားသမားဟု တိုနီပူးလစ် ချီးကျူး

စတုတ်စီးတီး အသင်း၏ မန်နေဂျာ တိုနီပူးလစ်က မန်ချက်စတာယူနိုက်တက် အသင်းနှင့်ယှဉ်ပြိုင် ကစား ခဲ့သည့် ပွဲတွင် အသင်းအတွက် အဖိုးတန်ဂိုးအား သွင်းယူခဲ့ပြီး Man of the match ရခဲ့သည့် ပီတာခရော့ခ်ျ အား ကြီးကျယ်ခန်းနားလွန်းသည့် ကစားသမား တစ်ဦးဟု ချီးကျူးပြောဆိုလိုက်သည် ။ ခရော့ခ်ျသည် စပါးစ် အသင်းမှ ပေါင် ၁၀ သန်းဖြင့် အပြောင်းအရွေ့ ပိတ်ရန် နာရီပိုင်းအလိုတွင် အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့သည့် ကစားသမားဖြစ်သည် ။

ပီတာခရော့ခ်ျ နှင့်ပတ်သတ်၍ တိုနီက “သူဟာ တကယ့်ကို ခန်းနားတဲ့ ကစားသမား တစ်ယောက်လို့ ကျွန်တော်တော့ သုံးသပ်တယ် ၊ သူ့ကို ဘာလို့ ဈေးကြီးပေးပြီး ခေါ်ယူခဲ့တာလည်း ဆိုတာရှင်းသွားလောက် ပါပြီ ၊ ကျွန်တော်တို့ အသင်းရဲ့ကစားသမား အချို့လည်း သူ့ဆီက သင်ယူစရာတွေ အများကြီး ရှိနေ ပါလိမ့်မယ် ၊ သူ့မှာ အံ့သြဖွယ်ကောင်းလောက်တဲ့ အရည်အချင်းတွေ အများကြီး ရှိနေပါတယ် ၊ ဝေးဝေး မကြည့်ပါနဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ပွဲမှာ သူ့ကို တဘက် ကစားသမားတွေ ထိန်းချုပ်ဖို့ ခတ်ခဲနေတယ်ဆိုတာ တွေ့ရမှာပါ ၊ သူကိုယ်တိုင်လည်း နေရာလွတ်တွေ အများကြီး ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။ သူတို့ရဲ့ ဂိုးသမား ဒီဂီယာဟာ အပိုင်ဘောတွေကို ကာကွယ်သွားနိုင်ခဲ့လို့ပါ ၊ တကယ်ဆို အဲ့ဒီပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့သင့်သလို ခရော့ အနေနဲ့လည်း Hat-trick တောင်ရခဲ့သင့်ပါတယ်” ဟု ပြောဆိုသွားသည် ။

ရာသီအစပွဲစဉ် များတွင် အမှားအယွင်း ရှိခဲ့သော မန်ယူဂိုးသမား ဒီဂီယာသည် စတုတ်အသင်းမှ အပိုင် ကန်သွင်းချက်များကို အံ့အားသင့်ဖွယ်ကောင်းစွာ ကာကွယ်နိုင်ခဲ့သည် ဟု တိုနီပူးလစ်က ဆိုသည် ။ ဒီဂီယာနှင့်ပတ်သတ်ပြီး သူက “ကျွန်တော့်အထင် ဒီဂီယာဟာ ပထမပိုင်းမှာတင် အပိုင် ၂ လုံးလောက်ကို ကာကွယ်သွားခဲ့ပါတယ် ၊ သူ့အရည်အချင်းနဲ့ ပတ်သတ်ပြီးလည်း ဘယ်သူမှ မေးခွန်းထုတ်စရာ မလိုတော့ဘူး လို့ထင်ပါတယ်” ချီးကျူးပြောဆိုသွား ခဲ့သည် ။

Source by :http://mutdfan.com/
Share this article :

1 comments:

မဒမ်ကိုး said...

ဘောလုံးနှင့်လုံးဘောများ နှမြောလိုက်တာနော်
မဒိုးကန်သာဆိုအဲလောက်မ၀ယ်ပါဘူး မုန့်ဝယ်စားပစ်လိုက်မယ်း)

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။