Home » » လက်ဗွေ နှိပ်ထားသော အိုဗာစတေးသမားများ အားလုံး ဖတ်ရန်

လက်ဗွေ နှိပ်ထားသော အိုဗာစတေးသမားများ အားလုံး ဖတ်ရန်

Written By မောင်စေတနာ on Friday, September 23, 2011 | 4:31:00 PM



မင်္ဂလာပါ

အားလုံးသိထားတဲ့အတိုင်း မလေးရှား အိုဗာစတေး သမားများအတွက် အစိုးရက ပြုလုပ်တဲ့ 6P စီမံချက်ရဲ့ ပထမအဆင့် Registration ကာလ အပြီး ဒုတိယအဆင့်ဖြစ်တဲ့ Legalization နဲ့ Amnesty ဆိုတဲ့ အဆင့်များဖြစ်တဲ့ အဆင့် ၂ နဲ့ ၃ ကို စတင်ပြီဖြစ်ပါတယ် ။

ယနေ့ အများ သိချင်နေတဲ့ တစ်ခုတည်းသော မေးခွန်းအတွက် တိကျတဲ့ အဖြေတစ်ခု စတင်ထွက်ရှိလာပါတယ် ။ ဒါကတော့ မလေးရှား အစိုးရရဲ့ တောင်းဆိုချက်တစ်ခု ဖြစ်တဲ့ အိုဗာစတေးသများကို Legalization ပြုလုပ်ပေးရန် ( ပါမစ်ပေးရန် ) Passport စာအုပ် အဓိက အဆင့်ဖြစ်ကြောင်း ယနေ့ ဆိုင်ရာသံရုံမှားကို အကြောင်းကြားခဲ့ပြီး နိုင်ငံအလိုက် သံရုံးများမှ Passport စာအုပ် အရင်ထုတ်ပေးရန် တောင်းဆိုလိုက်ပါတယ် ။ အကြောင်းကတော့ စာအုပ် ရရှိသူများအတွက် ပါမစ် ပေးရန် စတင်မည်ဖြစ်ပါတယ် ။

ယနေ့နံနံက် မလေးရှား နိုင်ငံ မြန်မာသံရုံးမှ အကြောင်းကြားချက်အရ လက်ဗွေ နှိပ်ထားသော အိုဗာစတေးသမားများ စာရွက်စာတန်းပြည့်စုံပါက စာအုပ်ထုတ် နိုင်ပြီဖြစ်ကြောင်း အကြောင်းကြားသွားပါတယ် ခင်ဗျာ ။

ဒါကြောင့် စာရွက်စာတမ်းပြည့်စုံသူများ စာအုပ် ထုတ်နိုင်ပြီဖြစ်ကြောင်း အထူးအသိပေးအကြောင်းကြားပါတယ် ။

စာအုပ်အတွက် လိုအပ်ချက်များကတော့

(၁) မှတ်ပုံတင်မိတ္တူ

(၂) အိမ်ထောင်စုစာရင်း မိတ္တူ

(၃) နေထိုင်ရာ နေရာ မှ ရပ်ကွက်ထောက်ခံစာ နှင့် မြို့နယ်အလိုက် ရဲစခန်းထောက်ခံစာ

(၄) နောက်ခံအဖြူရောင် ဖြင့် ပတ်စပို့အရွယ် ကာလာဓာတ်ပုံ (၄) ပုံတို့ဖြင့် စာအုပ် လျှောက်ထား နိုင်ပြီဖြစ်ပါတယ် ။

ကုန်ကျစရိတ်များမှာ


(၁) ၃ နှစ်အောက်နေထိုင်ခဲ့သူများအတွက် ရင်းဂစ် ၄၈၀

(၂) ၃ နှစ်မှ ၅ နှစ်ကြားနေထိုင်ခဲ့သူများအတွက် ရင်းဂစ် ၆၄၀

(၃) ၅ နှစ်နှင့်အထက်နေထိုင်ခဲ့သူများအတွက် ရင်းဂစ် ၉၆၀ တို့ဖြစ်ပါတယ် ။

စာအုပ်လျှောက်ထားတဲ့နေရာမှာ မြန်မာ အေးဂျင်းများနှင့်ဆောင်ရွက်ထားသူများအနေဖြင့် မိမိတို့ လက်ဗွေ နှိပ်ထားသော မြန်မာကိုယ်စားလှယ်များထံတွင် စာအုပ်လျှောက်ထားရန် ဆက်သွယ်နိုင်ကြပါတယ် ။

အပြင်သူဌေးများဖြင့် ဆောင်ရွက်ထားသူများ အနေဖြင့် မိမိတို့ကိုယ်တိုင် မြန်မာသံရုံးမှာ သွားရောက် လျှောက်ထားနိုင်ပြီဖြစ်ပါတယ် ။

ကျွန်တော်တို့ထံတွင် ဆောင်ရွက်ထားသူများထဲမှ တော်တော်များများ စာအုပ်ထုတ်ရန် လျှောက်လွာ ဖြည့်ပြီးသားဖြစ်နေ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စာအုပ်မလျှောက်ထားရသေးသူများအားလုံး ကျွန်တော်တို့ရုံးခန်း တည်ရှိရာ နေရာတွင် အမြန်လာရောက်ဆောင်ရွက်ရန် အထူးအသိပေး အကြောင်းကြားပါတယ် ။

မဟာနန်းတွက် လက်ဗွေ နှိပ်ဆောင်ရွက်ထားသူများ အနေဖြင့် စာအုပ်ရှိထားပြီးသူများ ပါမစ် ကပ်ရန်အတွက် စတင်ပြီဖြစ်ပါတယ် ။ သို့ပါသော်ကြောင့် အလည်ဗီဇာဖြင့်လာရောက်ထားသူများ ၊ စာအုပ်သက်တမ်းရှိပြီး ပါမစ်ကပ်မရ၍ လက်ဗွေ နှိပ်ထားကြသော အိုဗာစတေးသမားများ အနေဖြင့် စာအုပ်သက်တမ်း ရှိပါက ချက်ချင်းလာရောက်ဆောင်ရွက်နိုင်ပါတယ် ။

စာအုပ်ခုနမှ လျှောက်မည့် သူများအားလုံး ကျွန်တော်တို့ထံတွင် စာအုပ်လျှောက်ရန် လိုအပ်ချက်စာရွက်စာတမ်းများဖြင့် အမြန်လာရောက်ဆောင်ရွက်ပြီး စာအုပ်ထုတ်ယူပါရန် လေးစားစွာ အကြောင်းကြား အသိပေးရင်း 6P စီမံချက် အဆင့်များမှာ ပါမစ်ပေးအပ်သော အဆင့်စတင်ပြီဖြစ်ပါကြောင်း ယနေ့ သတင်းပေး အကြောင်းကြားရပါတယ် ခင်ဗျာ ။

ဆက်သွယ် စုံစမ်းရန် အတွက်

ဖုန်း - 0320260208 ၊ 0143414613 ၊ 010533777 ၊ 0169193756 ၊ 0123871759 ။

လေးစားလျှက်

KOMYO

Source by :www.edinooyin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။