Home » » အမျိုးသမီးများသာ ကြည့်ခဲ့သော အမျိုးသား ဘောလုံးပွဲစဉ်

အမျိုးသမီးများသာ ကြည့်ခဲ့သော အမျိုးသား ဘောလုံးပွဲစဉ်

Written By မောင်စေတနာ on Thursday, September 22, 2011 | 11:45:00 PM



တူရကီကလပ် ဖီနာဘာချီအသင်းသည် ပရိတ်သတ်များ အုံကြွမှုကြောင့် အသင်းအား ကွင်းပိတ်ပြစ်ဒဏ် နှစ်ပွဲချခံခဲ့ရသော်လည်း အသင်းပွဲစဉ်အား ပရိတ်သတ်အလွတ်ဖြင့် ယှဉ်ပြိုင်လိုခြင်းမရှိသဖြင့် တူရကီဘောလုံးအဖွဲ့ချုပ်သို့ ပြန်လည်လျှောက်တင်ခဲ့ရာ အမျိုးသမီးများ နှင့် ကလေးများကို အခမဲ့ ကြည့်ရှူခွင့်ပေးခဲ့သဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညတွင် ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်း နှင့်ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် ကွင်းအတွင်း လာရောက်အားပေးခဲ့သော ပရိတ်သတ် ၄၁၀၀၀ မှာ အမျိုးသမီးများ နှင့် ကလေးများဖြင့် ပြည့်နက်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ဖီနာဘာချီအသင်းမှာ အစ္စတန်ဘူလ်ကွင်းတွင် ရှက်တာဒိုးနက်အသင်းအား တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပြီး ပွဲကြည့်စဉ်မှ အားပေးခဲ့သော် အမျိုးသမီးပရိတ်သတ်များအပေါ် ဖီနာဘာချီသို့ အငှားလာရောက်ကစားနေသော အဲဗာတန်နောက်ခံလူ ယိုဘိုက "အမျိုးသမီးထုက ကျွန်တော်တို့ကို လာရောက်အားပေးတာကို အတိုင်းမသိကျေးဇူးတင်မိပါတယ် "ဟုပြောကြားသွားခဲ့သည်။ အသင်းခေါင်းဆောင် အဲလက်စ်ကမူ "ဒီအဖြစ်အပျက်ဟာ ကျွန်တော့်အတွက်တော့ အမြဲတမ်း သတိရစရာဖြစ်လာမှာပါ " ဟုထုတ်ဖော်ဝန်ခံခဲ့သည်။



















Source by :http://mutdfan.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။