Home » » ဘေဆယ်လ်နှင့်သရေကျခဲ့ခြင်းအပေါ် အလဟဿ ဖြုန်းတီးမှု တစ်ခုလို့ ဖာဂူဆန်ပြောကြား

ဘေဆယ်လ်နှင့်သရေကျခဲ့ခြင်းအပေါ် အလဟဿ ဖြုန်းတီးမှု တစ်ခုလို့ ဖာဂူဆန်ပြောကြား

Written By မောင်စေတနာ on Wednesday, September 28, 2011 | 8:40:00 PM


ဘေဆယ်လ်နှင့်သရေကျခဲ့ခြင်းအပေါ် အလဟဿ ဖြုန်းတီးမှုတစ်ခုလို့ ဖာဂူဆန်ပြောကြား

ဘေဆယ်လ်အသင်းကို ပထမပိုင်းမှာ ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပေါ့လျော့မှုများကြောင့် အရှုံးအနေအထားသို့ ရောက်ရှိခဲ့ပြီးနောက် ကံကောင်းထောက်မစွာဖြင့် သရေကျခဲ့ခြင်းအပေါ် မန်ယူနည်းပြ ဖာဂူဆန်က စိတ်တိုင်းမကျလျှက် ဖြစ်နေသည်။

သူ၏ အသင်းသားများသည် အာရုံစူးစိုက်မှု လျော့နည်းခဲ့ကြပြီး နောက်တန်းနှင့် ကွင်းလယ်မှာ ဒီထက်ပိုပြီးစွမ်းဆောင်ပြရန် လိုအပ်နေပြီဟု သတိပေးပြောကြားခဲ့သည်။

ဖာဂူဆန်က "ကျွန်တော့်အသင်း ဂရုစိုက်မှု လျော့ပါးခဲ့ပါတယ်.. ပွဲအပေါ် အာရုံစူးစိုက်မှု လျော့ပါးခဲ့တာတွေက ကျွန်တော်တို့ကို သတ်လိုက်တာပဲ.. အလဟဿ ဖြုန်းတီးပြစ်ခဲ့ကြတာပါပဲ.. ပထမပိုင်းစွမ်းဆောင်မှုဟာ ကျေနပ်စရာ ဖြစ်ခဲ့ပေမယ့် အနိုင်ရလဒ်အတွက် တိုက်ပွဲဝင်စိတ် ပျောက်ဆုံးနေခဲ့ပါတယ်.. အိမ်ကွင်းမှာ သုံးဂိုးပေးရတာဟာ အားနည်းမှုကို ပြသခဲ့တာပါပဲ..

နောက်တန်းနဲ့ ကွင်းလယ်ဟာ ဒီထက်ပိုစွမ်းဆောင်ပြဖို့ လိုနေပါပြီ.." ဟု ပြောကြားခဲ့ပြီး ပင်နယ်တီပြစ်ဒဏ် သတ်မှတ်ခဲ့ခြင်းကိုလည်း မိမိ၏ ကစားသမား ဗလင်စီယာအနေဖြင့် ဘောလုံးကိုသာ ရရှိခဲ့ကြောင်းနှင့် ယင်းမှာ ပင်နယ်တီပြစ်ဒဏ်ဘော လုံးဝမဟုတ်ကြောင်း ဆိုးရွားလှသည့် ဆုံးဖြတ်ချက်ကိုသာ ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သေးသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။