Home » » လူကုန်ကူးမှု သတင်းပေးနိုင်သည့် ဟော့လိုင်း အစီအစဉ် စတင်

လူကုန်ကူးမှု သတင်းပေးနိုင်သည့် ဟော့လိုင်း အစီအစဉ် စတင်

Written By မောင်စေတနာ on Wednesday, September 28, 2011 | 10:00:00 PM



မြန်မာအစိုးရက လူကုန်ကူးမှုဆိုင်ရာ သတင်းများ ဆက်သွယ်ပေးပို့ နိုင်သည့် ဟော့လိုင်း Hotline ဖုန်းနံပါတ်များကို ယခုလ (၁၂)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြခဲ့သည်။

ပြည်တွင်း ပြည်ပမှ လူကုန်ကူးမှုဆိုင်ရာ သတင်းများနှင့် ပတ်သက်ပြီး ဆက်သွယ်နိုင်ရန် အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် မူဆယ်မြို့များရှိ ဖုန်းနံပါများကို ဖော်ပြပေးထားခြင်း ဖြစ်သည်။

ဖုန်းနံပါတ်များမှာ နေပြည်တော် (၀၆၇-၄၁၂-၅၅၅) (၀၆၇-၄၁၂-၆၆၆)၊ ရန်ကုန် (၀၉၄၉-၅၅၅-၈၈၈) (၀၉၄၉-၅၅၅-၉၉၉)၊ မန္တလေး (၀၉၄၉-၅၅၅-၇၇၇) နှင့် မူဆယ် (၀၉၄၉-၅၅၅-၆၆၆)တို့ ဖြစ်သည်။

သတင်းစာပါ မူဆယ် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့မှ တာဝန်ကျ ရဲမှူး တစ်ဦးက ဟော့လိုင်းများကို ယနေ့မှ စတင် တည်ထောင်ခြင်း ဖြစ်သည်ဟု ပြောသည်။

လူကုန်ကူး ခံရသည့် ကာယကံရှင်းကဖြစ်စေ၊ မိသားစုဝင် (သို့မဟုတ်) လူမှုရေး အသင်းအဖွဲ့ တစ်ခုခုတို့က ဖြစ်စေ ခိုင်လုံ တိကျသည့် သတင်း အချက်အလက် အပြည့်အစုံ တင်ပြလာရန် လိုအပ်ကြောင်း အဆိုပါ မူဆယ် ရဲမှူးက ပြောသည်။

ပြည်တွင်း နံပါတ်များ ဖြစ်သည့် အတွက် လူကုန်ကူးများ ဖြစ်ပေါ်လေ့ရှိသော ထိုင်းနှင့် တရုတ် နိုင်ငံများမှ ဆက်သွယ်ရသည့် အခါ နိုင်ငံခြားဖုန်း အဖြစ် ခေါ်ဆိုရမည် ဖြစ်သဖြင့် လူကုန်ကူး ခံရသည့် အလုပ်သမားများနှင် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူများက လှမ်း၍ ဆက်သွယ်ရန် အခက်အခဲ ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ထောက်ပြသည်။

ထိုင်းနိုင်ငံ ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြည်ပရှိ မြန်မာ သံရုံးများတွင် ဆက်သွယ်ရန် အစီအစဉ်များ ဖန်တီးပေးရန် လိုအပ်ကြောင်း အကြံပြုသည်။

“သံရုံးတွေမှာ အွန်လိုင်း ထားပေးနိုင်တာမျိုး ဥပမာ ထိုင်းနိုင်ငံမှာဆိုရင် လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အချိန်မရွေး ဆက်သွယ်နိုင်တဲ့ အမြဲတမ်း ဖုန်းလိုင်းကို ထားပေးတာမျိုး၊ တရုတ်နိုင်ငံမှာ ဆိုလည်း မြန်မာသံရုံးမှာ ထားပေး နိုင်တာမျိုးက ပိုထိ ရောက်မယ်လို့ ကျနော်ထင်ပါတယ်’’ဟု ပြောသည်။

မြန်မာနိုင်ငံတွင်၂၀၀၅ ခုနှစ်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြဌာန်းခဲ့ပြီးသည့် အချိန်မှ (၆) နှစ်တာ ကာလအတွင်း အရေးယူနိုင်သည့် အမှုပေါင်း (၇၃၁)မှုတွင် လူကုန်ကူးသူ (၂၀၄၃)ဦးနှင့် လူကုန်ကူး ခံရသူ (၁၂၉၈)ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ရေးသား ဖော်ပြထားသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။