Home » » ကိုရီးယားအလုပ် စာမေးပွဲအောင်တိုင်း မျှော်လင့်လို့မရ

ကိုရီးယားအလုပ် စာမေးပွဲအောင်တိုင်း မျှော်လင့်လို့မရ

Written By မောင်စေတနာ on Sunday, September 11, 2011 | 1:20:00 PM



ကိုရီးယားအလုပ်ရှင်များ စိတ်ကြိုက်ရွေးချယ် ခေါ်ယူသောစနစ် ဖြစ်သောကြောင့် စာမေးပွဲအောင် သော်လည်း ကိုရီးယားသွားရောက်ခွင့် မရသူများ ရှိလာနိုင်ကြောင်း ကိုရီးယား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနေ ကိုယ်စားလှယ်နှင့် မန်နေဂျင်းဒါရိုက်တာ Mr. Choi Jung Inက ပြောသည်။

၂ဝဝ၈ခုနှစ် စာမေးပွဲအောင်မြင်ထားသူများမှ ကိုရီးယားသွားရန် ကျန်ရှိသူ ၉၂ ဦးနှင့်ပတ်သက်၍ ရှင်းလင်းပွဲတွင် ၄င်းက ပြောကြားခြင်းဖြစ်သည်။”အခြားနိုင်ငံမှာလည်း ဒီစနစ်လုပ်တဲ့အခါ ပထမဆုံးကျန်ခဲ့တဲ့သူတွေ အခုလိုမျိုးတူညီတဲ့ အခြေအနေမျိုးဖြစ်ခဲ့တယ်။

နောက်စာမေးပွဲ လုပ်တဲ့အခါ ကျန်တဲ့သူတွေ ရှိလာဦးမှာပဲ။ ဒီစနစ်ရဲ့ ကြေညာချက်မှာကိုက စာမေးပွဲအောင်ထားသော်လည်း သွားခွင့်ရဖို့ အာမမခံနိုင်ဘူးဆိုတာ ပါ ပြီးပါပြီ” ဟု ၄င်းက ပြောသည်။ ထို့အပြင် EPS စနစ်သည် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ အချက်အလက်များ ဖြည့်ရာတွင် သတ်မှတ် ထားသည့်အတိုင်း ဖြည့်ရန်လိုကြောင်း ၄င်းကပြောသည်။

”ကိုရီးယားမှာ အချက်အလက် တစ်ခုကနေတစ်ခုကို ကူးတဲ့အခါ စက်နဲ့ပဲသွားတာဖြစ်ပါတယ်။ ဥပမာ ရေးတဲ့သူက ‘၆’ လို့ ရေးလိုက်ပေမယ့် မင်ကမှိန်လို့ (သို့) လက်ရေး မပီလို့ စက်ကမသိတဲ့စာလုံးမျိုး ဖြစ်သွားရင် စက်က ‘၅’ လို့ ဖတ်သွားတယ်။ အဲဒါမျိုးဆိုရင် ဘာမှ လုပ်ပေးလို့မရပါဘူး” ဟုဆိုသည်။

ကိုရီးယားသွားရန် ကျန်ရှိသူ ၉၂ ဦးတွင် လျှောက်လွှာပြန်ဖြည့်သည့်အခါ လုပ်ငန်းအမျိုးအစား ကွဲလွဲခြင်း၊ နိုင်ငံကူးလက်မှတ်ပါအချက်နှင့် အောင်လက်မှတ်ပါအချက် များ ကွဲလွဲသူများရှိနေသည်ဟု အစိုးရပြည်ပ အလုပ်အကိုင်အေဂျင် စီမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

”အရင်အေဂျင်စီမှာ တင်တုန်းကတော့ ရေလုပ်ငန်းနဲ့ လျှောက်လို့ရတော့ ရေလုပ်ငန်းလို့ တင်ထားတာ။ အခုအေဂျင်စီက ရေလုပ်ငန်းနဲ့ လျှောက်လို့မရတော့ ကုန်ထုတ် လုပ်ငန်းလို့ပဲ တင်လိုက်ရတာပေါ့။ အဲဒီမှာ အချက်အလက်တွေ လွဲကုန် တာပဲ” ဟု ၂ဝဝ၈ ခုနှစ် စာမေးပွဲအောင်မြင်ထားသူ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ကိုရီးယားသွားရန် ၂ဝဝ၆ ခု နှစ်မှ စတင်ပြင်ဆင်ခဲ့သူ ကိုမြတ်သူအောင်ကလည်း ကိုရီးယားသွားရန် စီစဉ်သူများအနေနှင့် အလုပ်ပျက်အကိုင်ပျက် မစောင့်ရန်နှင့် ကိုရီးယား သွားရမည်ဟု တစ်ထစ်ချ မယုံကြည်ထားရန် အကြံပြုသည်။

ပထမအကြိမ် ကိုရီးယားဘာသာစာမေးပွဲကို ၂ဝဝ၈ စက်တင်ဘာတွင် ကျင်းပခဲ့သည်။ စာမေးပွဲ အောင်သူများကို ရွှေအင်းဝ ပြည်ပအလုပ်အကိုင် အေဂျင်စီက ကိုရီးယားသို့ ပို့ဆောင်ပေးခဲ့သည်။ စာမေးပွဲအောင်သူ ၃၅ဝဝ အနက်မှ ၁၂ဝ၁ ဦး ကိုရီးယားသို့ သွားရောက်ပြီးချိန် တွင် MOU စည်းကမ်းချက် ဘောင်ကျော်သည်ဟု ဆိုကာ ၂ဝဝ၉ နိုဝင် ဘာ ၂၇ ရက်တွင် လုပ်သားခေါ်ယူမှု ရပ်ဆိုင်းခဲ့သည်။

ထို့နောက် ၂ဝ၁ဝ မှစ၍ သွားရန်ကျန်သူများ၏ အလုပ် လျှောက်လွှာများကို ပြန်လည် လက်ခံခဲ့ပြီး ကိုရီးယားသို့ EPS စနစ်ဖြင့် ပို့ဆောင်ခြင်းကို အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီက ဆောင်ရွက်ခဲ့သည်။ ကျန်သူ ၁၇၇၁ ဦးအနက် ၁၅၃၆ ဦး သွားရောက် ပြီးဖြစ်ပြီး ဆေးမအောင်သူများ၊ အသက်ကျော်သူများနှင့် ရက်လွန် နေထိုင်ဖူးသူများကို ပယ်လိုက်ပါက ၉၂ ဦးကျန်ရှိကြောင်း၊ ၄င်းတို့၏ အောင်လက်မှတ်သက်တမ်းမှာ နိုဝင်ဘာ ၂ ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း သိရသည်။

မေဇင်ဝင်း
(Visited 97 times, 11 visits today)

Source by :http://popularmyanmar.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။