Home » » မလေးရှားရောက် UNHCR အသိအမှတ်ပြု ဒုက္ခသည်များ မှတ်ပုံတင်ရန် အမိန့်ထုတ်ထားခြင်း မရှိဟု ဆို

မလေးရှားရောက် UNHCR အသိအမှတ်ပြု ဒုက္ခသည်များ မှတ်ပုံတင်ရန် အမိန့်ထုတ်ထားခြင်း မရှိဟု ဆို

Written By မောင်စေတနာ on Sunday, September 11, 2011 | 5:25:00 PM



မလေးရှား ပြည်ထဲရေး ၀န်ကြီး Hishammuddin Hussein က တရားဝင် ဒုက္ခသည်များအား အလုပ်သမား မှတ်ပုံတင်ရန် ပြည်ထဲရေး ၀န်ကြီးဌာန မှအမိန့်ထုတ် ထား ခြင်းမရှိ ကြောင်းသိရသည်။ ဒုက္ခ လူဝင်မှု ကြီးကြပ်ရေး ရုံးချုပ် သို့ အလုပ်သမား မှတ်ပုံတင် ရန် ရောက်လာကြသော ဒုက္ခသည် ၁၀၀၀၀ ခန့်မှာ ရုံးချုပ် အပြည့်အ၀ လက်ခံ မဆောင်ရွက်နိုင်သဖြင့် အများစုသည် မှတ်ပုံတင်မလုပ်နိုင်ပဲ ပြန်သွားခဲ့ရပြီးနောက် ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ် သည်။

“ ဒါပေမယ့် UNHCR နဲ့တော့ ဆက်လက် ဆွေးနွေး ဆောင်ရွက် နေပြီး အဆိုပါကဒ် ကိုင်ဆောင်ထား သူများ ကို လ၀က တစ်ရုံးလုံး ပြည့်လျှံ မသွားအောင် အစဉ်လိုက် လာရောက် လုပ်ကိုင်ဖို့ ပြောဆိုပါတယ်။” ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့ အမိန့် ထုတ်ပြန်တာမျိုး မရှိပါဘူး.. UNHCRကဒ် ကိုင်ဆောင် သူတွေ စနစ်တကျ မှတ်ပုံတင် သွားနိုင်ဖို့ အတွက် UNHCR နဲ့ စေ့စပ် ဆောင်ရွက် နေပါတယ်”.. ဟု ၄င်းက ဆိုပါသည်။

6P အစီအစဉ် မှာ မလေးရှား၌ တရား မ၀င် နေထိုင်သူ နိုင်ငံခြားသား အလုပ်သမား များအတွက် ရည်ရွယ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် တရားဝင် နိုင်ငံခြားသား အလုပ်သမား များကလည်း မှတ်ပုံတင် ရန် လိုအပ်ကြောင်းသိရသည်။

UNHCR အသိအမှတ်ပြု ဒုက္ခသည်များအနေဖြင့် အလုပ်သမား မှတ်ပုံတင်ခဲ့ပါက မူရင်း နိုင်ငံ ဆီ ပြန်ပို့ခံရမည်ကို အထူးစိုးရိမ်နေကြသည်။ ပြည်ထဲရေးဝန်ကြီး လက်ထောက် Alwi Ibrahim ကတော့ ဒုက္ခသည်များကို သီးသန့်ဆောင်ရွက်ပေးမည်ဟု ပြောကြားသည်။

“သူတို့ (ဒုက္ခသည်တွေ) အရင်ဆုံး 6P အစီအစဉ် အရ မှတ်ပုံတင်ပါ၊ နောက်ပိုင်း မှာ တခြား တရားမ၀င် အလုပ်သမားတွေနဲ့ သီးခြား ခွဲထားမှာပါ” ဟု ဆိုသည်။ မလေးရှား ရှိ တရားဝင် နှင့် တရားမ၀င် အလုပ်သမား ပေါင်း ၂၂၃၇၉၇၈ ခန့်အား မှတ်ပုံတင်ပြု လုပ်ပေးခဲ့ပြီး ဖြစ် သည်။

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။