Home » » ဖန်င ရေဘေးသင့် မြန်မာ အလုပ်သမားများကို FED ကူညီ

ဖန်င ရေဘေးသင့် မြန်မာ အလုပ်သမားများကို FED ကူညီ

Written By မောင်စေတနာ on Sunday, September 11, 2011 | 7:30:00 AM



ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်ရှိ ရေဘေးကြုံနေသော မြန်မာနိုင်ငံသား ရာဘာခြံ အလုပ်သမားများကို ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတဖန်င ရေဘေးသင့် မြန်မာ အလုပ်သမားများကို FED ကူညီ ရေး ဖောင်ဒေးရှင်း (FED)က ကယ်ဆယ်ရေး ပစ္စည်းများ ကူညီပေးလျက် ရှိသည်။



မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ်လ (၂၅)ရက်နေ့က စတင်၍ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် တကွန်ပါမြို့နယ် အနီးဝန်းကျင်ရှိ ရာဘာခြံများ ရေနစ်မြုပ်ခဲ့ပြီး ခစ်ခတ်ကျေးရွာ အခြေစိုက် FED ရုံး အဆောက်အအုံ တချို့လည်း ရေနစ် မြုပ်နေခဲ့ကြောင်း၊ ယနေ့တွင် ရေများ ကျဆင်းသွားပြီ ဖြစ်ကြောင်း FEDက အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပြသည်။



ခစ်ခတ်ကျေးရွာတွင် နှစ်(၂၀)ခန့် ရာဘာခြံ အလုပ် လုပ်ကိုင်နေသည့် ဦးခင်မောင်ဦးကလည်း နှစ်ပေါင်း (၂၀)ကျော်အတွင်း ယခုအကြိမ် ရေနစ်မြုပ်မှုမှာ အဆိုးဆုံး ဖြစ်သည်ဟု ဆိုသည်။ ရာဘာပင် တစ်သောင်းကျော် ရှိပြီး အလုပ်သမား (၂၅)ဦး လုပ်ကိုင် နေထိုင်သည့် ရာဘာခြံ တခြံတွင် အသုံးအဆောင် ပစ္စည်းများပါ ရေထဲ မျောပါခဲ့ရသည်ဟုလည်း သိရသည်။



ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်များက ခစ်ခတ်တွင် ရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီး ထိုင်း ရေဘေး ဒုက္ခသည်များ ရှိနေသော်လည်း ရေဘေးသင့် မြန်မာ အလုပ်သမားများမှာ နီးစပ်ရာ အသိမိတ်ဆွေများ ထံတွင်သာ နေထိုင်ကြသည်ဟု သိရသည်။

ထိုသို့ ရေဘေးသင့်၍ အခက်အခဲ ကြုံနေသည့် မြန်မာ အလုပ်သမားများအတွက် ယနေ့တွင် FED က ဆေးဝါးများ၊ အစား အစာများနှင့်အတူ ကျန်းမာရေး စောင့်ရှောက်မှုပါ သွားရောက် ကူညီပေးနေပြီး ယမန်နေ့ကလည်း ရာဘာခြံများမှ ရေဘေးသင့် မြန်မာ အလုပ်သမား (၂၀၀)ခန့်အတွက် လိုအပ်သည့် ခြင်ထောင်၊ စောင်နှင့် ဆန်များကို ကူညီပေးခဲ့ကြောင်း FEDမှ ၀န်ထမ်း တဦးက ပြောပြသည်။



ရာဘာခြံ အလုပ်သမား ဦးခင်မောင်ဦးက “ကျနော်တို့ ရာဘာခြံမှာ စင်လေးတွေ ထိုးပြီး နေရတယ်။ ရေ ဒူးခေါင်း မြုပ်တယ်။ လူနေတဲ့ တဲတွေ အကုန် ရေနစ်နေတယ်။ တောင်ပေါ် တက်ပြီး ထမင်းချက်ကြတယ်။ သူဌေး လာမကြည့်ဘူး။ ဖုန်းတော့ ဆက်တယ်။ လောလောဆယ် ကျနော်တို့ကို လာရောက် ကူညီပေးတာကို အထူး ကျေးဇူးတင်ပါတယ်’’ဟု ပြောသည်။



ဖန်ငခရိုင် အတွင်းရှိ ရာဘာခြံ၊ ပန်းရန်၊ ငါးဖမ်းလုပ်ငန်း၊ ဟိုတယ်နှင့် အိမ်ဖော် လုပ်ငန်းများတွင် မြန်မာ အလုပ်သမားများ ၀င်ရောက် လုပ်ကိုင်နေကြောင်း သိရှိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။