Home » » UNHCR-Malaysia ၏ ဒုက္ခသည်များ လက်ဗွေနှိပ်ရန် သတင်း နှင့် ပတ်သတ်၍

UNHCR-Malaysia ၏ ဒုက္ခသည်များ လက်ဗွေနှိပ်ရန် သတင်း နှင့် ပတ်သတ်၍

Written By မောင်စေတနာ on Tuesday, August 23, 2011 | 8:39:00 PM



၂၂.၈.၂၀၁၁ တွင် UNHCR-Malaysia သည် မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည် အဖွဲ့အစည်းတချို့အား ခေါ်ယူ၍ UNHCR-Malaysia နှင့် သက်ဆိုင်သည့် စာရွက်စာတမ်း လက်ဝယ်ကိုင်ဆောင်ထားသူ မည်သူမဆို ၂၆.၈.၂၀၁၁ (သောကြာနေ့) နောက်ဆုံးထား၍ မလေးရှား လ၀ကရုံး၌ လက်ဗွေ သွားရောက် ပေးဆောင်ရမည်ဟု အဖွဲ့အစည်း ခေါင်းဆောင်တချို့အား ပါးစပ်စကားပြောကြားခဲ့သည်ဟု သိရပါသည်။ (နှုတ်စကားသာဖြင့် သည့်အတွက် မြန်မာပြည်ရှိ လက်ရှိ အစိုးရကဲ့သို့ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်)

UNHCR-Malaysia တွင် Community Development Unit (CDU) ခေါင်းစဉ်ခွဲဌာနတခုရှိပြီး ထိုဌာနလက်အောက်တွင် မလေးရှားရှိ မြန်မာဒုက္ခသည်နှင့် နိုင်ငံရေးအဖွဲ့အစည်းအားလုံး၏နာမည်နှင့် စာရင်းများရှိနေသည်ဟု သိရပါသည်။ ထိုသို့ အဖွဲ့အစည်းများအား ခေါ်ယူရာတွင် CDU စာရင်းတွင် ရှိနေသည့် မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်နှင့် နိုင်ငံရေးအဖွဲ့အစည်းများ အားလုံးအား ခေါ်ယူပြောကြားခြင်းမဟုတ်ဘဲ UNHCR-Malaysia နှင့်နီးစပ်သည့် အဖွဲ့အစည်းများ ကိုသာ ခေါ်ယူအသိပေးခြင်းဖြစ်ကြောင်း သိရပါသည်။

မလေးရှား နိုင်ငံတွင် ယခုပြုလုပ်ပေးလျှက်ရှိသည့် Legalization ကာလအတွင်း ဒုက္ခသည်များ အတွက် အလွန်တရာ အရေးကြီးသည့် ဖော်ပြပါ သတင်း နှင့် ပတ်သတ်၍ UNHCR-Malaysia မှ စာအားဖြင့် သော်လည်းကောင်း ၊ http://www.unhcr.org.my/ နှင့် UNHCR-Malaysia နှင့်သက်ဆိုင်သည့် facebook ကဲ့သို့သော အင်တာနက်စာ မျက်နှာများတွင် သော်လည်းကောင်း ကြေငြာချက် တစုံတရာ ထုတ်ပြန်ခြင်းမရှိဘဲ အဖွဲ့အစည်းတချို့မှ ခေါင်းဆောင် များကိုသာ နှုတ်ဖြင့်သာ သတင်းပေး စကား ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်ခိုလှုံကြသည့် ဒုက္ခသည်များ များပြားနေသည့်အလျောက် UNHCR-Malaysia ၏ သတိပေးစကားပြောကြားမှုကို ကြားနာခဲ့ရသည့် အဖွဲ့အစည်းခေါင်းဆောင်တချို့သည် မိမိတို့ အဖွဲ့မှ UNHCR မှတ်ပုံတင်စာရင်းဝင် အဖွဲ့ဝင်များကိုသော်လည်းကောင်း၊ မလေးရှားနိုင်ငံတနံတလျားမှ UNHCR မှတ်ပုံတင်စာရွက်/ကဒ် လက်ဝယ် ကိုင်ဆောင်ထားသူများ အားလုံးကိုသော်လည်းကောင်း မည်သည့်ဆက်သွယ်ရေးစနစ်ကို အသုံးပြု၍ အသိပေးပြောကြားမည်ကို မခန့်မှန်းနိုင်ပေ။

ယခုဤသတင်းနှင့်ပတ်သတ်သည်များကို ရေးသားနေသည့်အချိန်အထိ မလေးရှားနိုင်ငံတွင်ရှိနေကြသည့် ဒုက္ခသည်များ အားလုံးအနေနှင့် UNHCR-Malaysia မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသော သတင်းစကားအပေါ် ဝေခွဲမရဖြစ်နေကြပြီး သတိပေးစကား ကြားနာခဲ့ရသည့် အဖွဲ့အစည်းတချို့မှခေါင်းဆောင်များနှင့် လက်လှမ်းမမှီ၍ ထိုသတင်းအား မကြားသိရဘဲ လ၀ကရုံးသို့ လက်ဗွေသွားရောက် မပေးဆောင်နိုင်ကြမည့် UNHCR-Malaysia ၏ မှတ်ပုံတင်စာရင်းဝင် ဒုက္ခသည်များအပေါ် မည်ကဲ့သို့ ဆိုးကျိုးသက်ရောက်နိုင်မည်ကို မသိရှိရသေးပေ။

ထိုသို့ UNHCR-Malaysia နှင့် မလေးရှားအစိုးရတို့၏ နှစ်ဦးနှစ်ဖက်လုံး၌ လက်ဗွေပုံစံရယူထားမှု ပေါ်ပေါက်လာရခြင်းမှာ မလေးရှားနိုင်ငံတွင် UNHCR-Malaysia မှ အထောက်အထားစာရွက်/ကဒ် နှင့် အလုပ်လုပ်ခွင့် တရားဝင်ပါမစ် (ပတ်စပို့) နှစ်ခုစလုံးကို ကိုင်ဆောင်ထားသူများ ပေါများလာခြင်းကြောင့် ဖြစ်သည်။

ထိုကဲ့သို့ ကိုင်ဆောင်ထားနိုင် သူအများစုမှာလည်း UNHCR-Malaysia မှ အထောက်အထား စာရွက်/ကဒ်တို့ကို အလွယ်တကူပြုလုပ်နိုင်ကြသူများဖြစ်ပြီး ထိုသူများသည် UNHCR-Malaysia မှ အထောက်အထားကို တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရန် အတွက်သာ အသုံးပြုပြီး အလုပ်လုပ်ခွင့် တရားဝင်ပါမစ်ကို မလေးရှား အာဏာပိုင်များမှ ဖမ်းဆီးခဲ့လျှင် ထုတ်ပြအသုံးပြုကြကြောင်း သိရပါသည်။

Source by : မောင်ပါလ မှ ကူညီပေး ပို့ပါသည်။ ဆက်လက်၍ ရရှိလာသော မလေးရှား သတင်းများကို မလေးရှားရောက် မြန်မာများအတွက် အချိန်မှီ တင်ဆက်ပေးပါမည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။