ယခုဆိုလျင် UNHCR ကဒ်(အထောက်အထားတစ်စုံတစ်ခု) ကိုင်ဆောင်ထား သူများကို မလေးရှား အစိုးရရုံးစိုက်ရာ ပူထရာဂျာရာ ရှိ Immigration center မှာ 6P အစီအစဉ် အရ လက်ဗွေနိုပ် မှတ်တမ်းယူခြင်း အစီအစဉ်ကို စတင်ပြုလုပ် နေပြီဖြစ်ပါတယ် ...
ဒီကနေ့ မနက်ပိုင်းမှာတင် လူဦးရေ 3000 ကျော်ခန့် သွားရောက်ကျတာ ကိုတွေ့မြင်ရပါတယ်။ စီစဉ်မူ့ပိုင်း လိုအပ်ချက် များအရ စနစ်တကျ မှတ်တမ်းယူနိုင်ခြင်းမရှိပဲ သာမန်လုံခြုံရေး ၀န်ထမ်းများသာမက အဓိကရုန်းနိုမ်နင်းရေး အဖွဲ့မှ လုံထိန်းများ ပါရောက်ရှိလာပြီး ထိန်းသိမ်းခဲ့ရ သည်အထိ အခြေအနေဆိုးရွားခဲ့ပါ။
အများစုမှာ သွားရောက်ပြီး လက်ဗွေနိုပ် မှတ်တမ်းတင်ခြင်းမပြုရပဲ ပြန်လာခဲ့ရတာကို တွေ့မြင်ကြား သိရပါတယ်ခင်ဗျာ။ အထက်ပါ အစီအစဉ်နှင့် ပက်သက်ပြီး ယနေ့ 23.08 ရက်စွဲဖြင့် နေ့လည် 2 နာရီခန့်တွင် (UNHCR Malaysia Facebook ) အောက်ပါ အတိုင်းကြေငြာ ထားတာကိုလည်း တွေ့မြင်ရပါတယ် ခင်ဗျာ ....
UNHCR Malaysia To all UNHCR document holders in Malaysia: Please DO NOT go to the Putrajaya Immigration center for 6P registration, until further notification from UNHCR. UNHCR is currently in discussions with the Malaysian Government on this and we will provide you with information on what you need to do, as soon as we can.
http://www.facebook.com/#!/pages/UNHCR-Malaysia/69892527722 UNHCR Malaysia ရဲ့ facebook စာမျက်နှာ Link ပါ ၀င်ရောက်ကြည့်ရှုနိုင်ရန်ဖေါ်ပြပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာ
သို့ဖြစ်ပါသောကြောင့် သေချာစဉ်းစားဆုံးဖြတ်နိုင်စေရန် စေတနာဖြင့် ဖေါ်ပြပေးရခြင်းဖြစ်ပါတယ်။
လေးစားစွာဖြင့် ..............
Source by :herry
http://www.edinooyin.com/profiles/blogs/unhcr-malaysia

0 comments:
Post a Comment