Home » » ဆေ့ ဖာဘရီဂက်စ်အား ရောင်းချရန် စကားလမ်းကြောင်း ဖွင့်ပေးခဲ့သည့် အာဆင်နယ်

ဆေ့ ဖာဘရီဂက်စ်အား ရောင်းချရန် စကားလမ်းကြောင်း ဖွင့်ပေးခဲ့သည့် အာဆင်နယ်

Written By မောင်စေတနာ on Wednesday, July 20, 2011 | 5:17:00 AM

http://mutdfan.com/news_images/AAAAS.png
ဆေ့ ဖာဘရီဂက်စ်အား ရောင်းချရန် စကားလမ်းကြောင်း ဖွင့်ပေးခဲ့သည့် အာဆင်နယ်

အာဆင်နယ်အသင်းသည် ဆေ့ဖာဘရီဂက်စ်အား ရောင်းချရန်အတွက် ဘာစီလိုနာ အသင်းနှင့် စေ့စပ်ဆွေးနွေးခြင်းများ စတင်ပြုလုပ်သွားရန် သဘောတူညီလိုက်သည်။

ဘာကာဘော့စ် ပက်ခ်ဂွါဒီယိုလာက ဂန်နားအသင်းသည် ဆေ့အား ရောင်းချမှုကို တွေ့ဆုံဆွေးနွေးသွားရန် လိုလားနေကြောင်း၊ ၎င်းတို့၏လူအား ခြေချရောက်ရှိနိုင်ရန် သြဂတ်လ၃၁ရက်နေ့ ၊ အပြောင်းအရွေ့ဈေး ကွက် နောက်ဆုံးရက်အထိ ဥရောပချန်ပီယံရှင်များသည် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အတည်ပြု ထုတ်ဖော်ပြောကြားလိုက်သည်။

အသက်၂၄နှစ်အရွယ်ရှိ ဖာဘရီဂက်စ်သည် လာလီဂါအသင်းကြီးအတွက် ကာလရှည် ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပြီး အဆိုပါ ကွင်းလယ်လူအား နူးကမ်းကွင်းတွင် တတ်နိုင်သမျှ လျင်လျင်မြန်မြန် ပြန်လည်မြင်တွေ့နိုင်ရန် ဂွါဒီယိုလာက စိတ်အားထက်သန်နေသည်။

ဂွါဒီယိုလာက ဆေ့ကို ဘာစီလိုနာအသင်း စိတ်ဝင်စားနေတဲ့အကြောင်း ခင်ဗျား အကုန်လုံး သိရှိထားမှာပါ။ အာဆင်နယ်အသင်းက စေ့စပ်ဆွေးနွေးဖို့ သဘောတူညီလာခဲ့ပြီး ဒီအတွက်ကို ကျွန်တော်တို့ ဆက်လုပ်သွား မှာပါ။

ဘာစီလိုနာအသင်းက ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ထားခဲ့ပြီး အာဆင်နယ်အသင်းက အခြားကမ်းလှမ်းမှု တစ်ခုကို ရှိလာပါတယ်။ ပြီးတော့ ကျွန်တော်တို့ သဘောတူညီမှု ရောက်ရှိအောင် ကြိုးစားဖို့ သြဂတ်လ ၃၁ရက်နေ့ထိ အချိန်ရှိနေပါတယ်။ ဒီကစားသမားအတွက် ငွေကြေးသတ်မှတ်ချက် ဆွေးနွေးသွားဖို့သာ ရှိပါတော့တယ်။ ပြီးတော့ သူဟာ အသင်းအင်အားကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်တာ ကြာင့် နောက်ဆုံးရက်အထိ ကျွန်တော်တို့ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ တချို့အရာတွေ သဘောတူညီ နိုင်ပါစေလို့ ကျွန်တော် မျှော်လင့်မိပါတယ်။

သြဂတ်လ ၃၁ရက်နေ့ထိ အချိန်ရှိပါသေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာတော့ အမြဲတမ်း အလုပ်များ မတွင်ကျယ် နိုင်တော့ပါဘူးဟု ပြောကြားခဲ့သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။