Home » , , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၄)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၄)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:41:00 PM

၇ှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊မဲဆန္ဒနယ်မြေ အောင်ပန်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က မြို့ပေါ် ၁၂ရပ်ကွက်လုံးတွင် အပြတ်အသတ် အနိုင်ရရှိပါသည်။ ဟဲဟိုးမြို့တွင်လည်း NLD ကအပြတ်အသတ်အနိုင်ရရှိပြီး ဟဲဟိုးမြို့သူ မြို့သားများ အောင်ပွဲခံရန်စီစဉ်နေကြောင်းသိ ရပါသည်။

ကျေးရွာအုပ်စုတော်တော်များများ တွင်လည်း NLD ဘဲအနိုင်ရရှိကြောင်း NLD လူငယ်အဖွဲ့များက ၄င်းတို့ လူငယ်အချင်းချင်းအဆက်အသွယ်များရရှိပြီး အနိုင်ရရှိသည့်သတင်းကိုရရှိကြောင်း ပြောပါသည်။ မနက်ခင်း မဲရုံဖွင့်သည်နှင့် မဲမသမာမှုများ ပဋိပက္ခ များ အတော်များများ ဖြစ်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် အေးဆေးတည်ငြိမ်သွားပြီး ပြည်သူလူထု၊ လူငယ်အင်အားစုများက မိမိတို့မြို့နယ်အတွင် လှုပ်ရှားစောင့်ကြည့်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောပါသည်။ ကလောမြို့ပေါ်နှင့် ကျေးရွာများတွင်လည်း NLD ဘဲ အပြတ်အသတ်နိုင်ကြောင်းသတင်းရရှီပါသည်။

ကလော၊ အောင်ပန်း၊ ဟဲဟိုးနှင့်ကျေးရွာအုပ်စုတော်တော်များများတွင် 80% ကျော်ခန့်အနိုင်ရရှိကြောင်း ခိုင်မာသောသတင်းရပ်ကွက်က သိရပါသည်။
-------------------------------
ဧပြီ(၁)ရက်နေ့ နံနက်(၁၀)နာရီခန့်အချိန်တွင် မကွေးမြို့ပေါ်ရှိ ရပ်ကွက်တွေနဲ့ ရွာတစ်ချို့မှာ မဲစာရင်းများ ကျန်နေခဲ့ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းမှ ပြောပါသည်။ `ဟုတ်တယ် မဲစာရင်တွေမှားနေတဲ့ကိစ္စ နဲ့ ကျန်နေတဲ့ကိစ္စတွေများနေပါတယ်။ တစ်ချို့ မဲစာရင်းတွေကို မြင်သာတဲ့နေ ရာ
တွေမှာ မချိတ်ထားဘူး။

တစ်ချို့ကျတော့လည်း အမက ကျောင်းတွေထဲ ဓမ္မာရုံတွေထဲမှာ ချိတ်ထားပြီး သော့ခတ်ထားကြတယ်။ မဲဆန္ဒရှင်တွေက သူ့မဲစာရင်း ပါ မပါ လွတ်လွတ်လပ်လပ်ကြည့်ပိုင်ခွင့် မရှိဘူး။ အဲလိုဖြစ်နေတော့ ရွေးကောက်ပွဲနီးလို့ မဲစာရင်းကြည့်တော့(၂၉)ရက်နေ့မှ ကြည့်လို့ရတယ်။ အဲဒီကျမှ မပါတာတွေကို သိရတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာကို တော်တော်များများရှိနေပါတယ်။

မြို့ပေါ်ရပ်ကွက်တွေရော ရွာတွေမှာပါ မဲစာရင်းကျန်တာတွေ ပေါင်းလိုက်ရင် (၇၀၀၀)ကျော်ကျော်ရှိပါ့မယ်။ ဥပမာ စမ်းမကြီးရွာဆိုရင် (၁၇၅)ယောက်။ ညောင်ကန်တိုက်နယ်က ရွာသစ်ကြီးမှာ တစ်ရာကျော်ကျန်ခဲ့တယ်။ သရက်လေးပင်ရွာကလည်း တော်တော်ကျန်နေတယ် လို့ပြောပါတယ်။

ယခုလည်း ညောင်ကန်မှာ ပြဿနာဖြစ်နေလို့ ကျွန်တော့်တို့ကို လာခဲ့ဖို့ခေါ်နေပြန်တယ်။ မြို့ပေါ်က အောင်စေတနာရပ်ကွက်တွေ၊ အောင်မေတ္တာရပ်ကွက် တွေ ၊ အောင်ရတနာရပ်ကွက် တွေ အားလုံးပေါင်းလိုက်ရင် နှစ်ထောင်ကျော်လောက်ကျန်ပါ့မယ်။

ကော်မရှင်ကို သွားပြောတော့လည်း သတ်မှတ်ထား တဲ့ရက် ကျော်သွားလို့ ထည့်မပေးဘူးပြောပါတယ်။ ယနေ့အခြေနေအရ ရမယ်ထင်လို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း တွေကို ကိုင်ပြီးသွားကြတော့လည်း ရက်လွန်သွားလို့ မထည့်ရတော့ဘူးလို့ ပြောလွှတ် ပါတယ်။ ´ ဟု ဦးမြင့်သိန်းမှ ပြောဆိုပါတယ်။
-----------------------------
မင်းကင်းတွင်...မဲရုံပေါင်း (၁၁၈) ရုံရှိပြီး ယခုအချိန်တွင် (၁၃)နေရာတွင် NLD မှ အနိုင်ရရှိနေကြောင်း သိရသည် မင်းကင်းမှ သတင်းထောက်က ပေးပို့သည်။
--------------------------------
တောင်ငူ မြို့နယ် သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်း မဲစာရင်း
NLD ၁၆၃
ကြံ့ ဖွတ် ၂
-------------------------------
ပခုက္ကူ တွင် NLD က ရမဲ 662 ကြိုတင်မဲ 5ပြည်ခိုင်ဖြိုးက ရမဲ 53 ကြိုတင်မဲ 1 နှင့် ပယ်မဲ 59 မဲရှိကြောင်းအသိပေးအပ်ပါသည်။ ပခုက္ကူ တွင် NLD ဦးပိုက်ကို က အပြတ်အသတ်အနိုင်ရရှိသွားပါသည်။
---------------------------------
အုတ်တွင်းမြို့နယ်ညောင်ပင်ကြီးကျေးရွာအုပ်စု အန်အယ်ဒီ က ၆၁၉ မဲ ကြံ့ခိုင်ရေး ၁၆၄ မဲ တောင်ဝင်းကုန်းကျေးရွာ အန်အယ်ဒီက ၅၉၃ မဲ ကြံ့ခိုင်ရေး ၇၂ ကြို့ကုန်း အန်အယ်ဒီ ၅၆၂ မဲ ကြံ့ခိုင်ရေး ၄၉ မဲ အနိုင်ရရှိထားကြောင်းသတင်းရရှိ ပါတယ် ။

Myanmar News Now



NLD ရုံးချုပ်မှ တိုက်ရိုက်တင်ပြနေစဉ်

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။