Home » » အင်္ဂလန်အသင်း အတွက် စိုးရိမ်နေတဲ့ ဂျိုးဘာတန်

အင်္ဂလန်အသင်း အတွက် စိုးရိမ်နေတဲ့ ဂျိုးဘာတန်

Written By မောင်စေတနာ on Friday, February 10, 2012 | 9:30:00 PM



အင်္ဂလန်အသင်းအတွက် စိုးရိမ်နေတဲ့ ဂျိုးဘာတန်

ကျူပီအာ ကွင်းလယ်လူ ဂျိုးဘာတန်သည် အင်္ဂလန်အသင်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး၊ သူ့၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြောဆိုသွားသည်။

” မန်နေဂျာမရှိ..၊ အသင်ခေါင်းဆောင်မရှိ..၊ ပြိုင်ပွဲ ကစားဖို့ကလည်း လေးလလောက်ပဲ လိုတော့တယ်.. ၊ ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာတော့ မသိတော့ပါဘူး ” ဟု ဘာတန်က ပြောကြားခဲ့သည်။

ဂျွန်တယ်ရီအား အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခြင်းနှင့်စပ်လျဉ်းပြီး၊ အက်ဖ်အေနှင့်သဘောထားကွဲလွဲရာမှ အစပြုရာက၊ ကာပယ်လို ဟာ ဗုဒ္စဟူးနေ့ ညနေပိုင်းက အက်ဖ်အေအမှုဆောင်အရာရှိချူပ် ဒေးဗစ် ဘန်းစတိန်း၊ အထွေထွေအတွင်းရေးမှူး အဲလက်စ်ဟုမ်းတို့နဲ့ တွေ့ဆုံပြီးနောက်၊ အင်္ဂလန်မန်နေဂျာရာထူးမှ နှုတ်ထွက်ခဲ့သည်။

ဂျွန်တယ်ရီဟာ ကျူပီအာကစားသမား အန်တန်ဖာဒီနန်ကို လူမျိုးရေးခွဲခြားမှုကြောင့် ရုံးတင်စစ်ဆေးနေစဉ်အတွင်း ဖေဖော်ဝါရီအစောပိုင်းမှာ အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။

” ကာပယ်လို နှုတ်ထွက်တာဟာ အင်္ဂလန်အသင်းအတွက်တော့ ကျင်းထဲ၊ ကျပ်ထဲ ကျသွားတာပါပဲ..၊ ပြောရရင်တော့.. ဒီ ဆုံးရှုံးမှုဟာ နောက်ထပ် ဓားစာခံ တစ်ယောက်ကို တောင်းဆိုလိုက်တာပါ..၊ ဘယ်တော့မှ ရပ်တန့်မယ် မသိပါဘူး ” ဟု ဘာတန်က သူ့ရဲ့ တွစ်တာ ဆိုဒ်မှာ တရားဝင်ဖော်ပြသွားပါသည်။

ဂျိုးဘာတန်သည် ၂၀၀၇၊ ဖေဖော်ဝါရီလ၊ အိုးထရက်ဖို့ဒ်ကွင်းတွင် စပိန်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်၊ ဖရန့်လမ်းပတ်အစားဝင်ရောက်ပြီး၊ အင်္ဂလန်အသင်းအတွက်တစ်ကြိမ် ကိုယ်စားပြု ကစားခဲ့သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။