Home » » မလေးရှား အစိုးရက တရားမဝင် အလုပ်သမားများကို မှတ်ပုံတင်ခွင့်ပြုမယ့် အစီစဉ် ရွှေ့ဆိုင်း

မလေးရှား အစိုးရက တရားမဝင် အလုပ်သမားများကို မှတ်ပုံတင်ခွင့်ပြုမယ့် အစီစဉ် ရွှေ့ဆိုင်း

Written By မောင်စေတနာ on Wednesday, July 20, 2011 | 11:30:00 AM



မလေးရှားအစိုးရက နေပြီး တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို တရားဝင် မှတ်ပုံတင်ခွင့် ပြုမယ့် အစဉ်စီကို စတင် လုပ်ကိုင်စဉ်မှာ အဆင်မပြေမူတွေ တွေ့ရှိ ခဲ့ရတဲ့ အတွက် အဲဒီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက် ကြောင်း မလေးရှားနိုင်ငံ ထုတ် စတား (The Star ) သတင်းစာတွင် ဇူလိုင် ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။

ထိုသို့ ရက်အကန့်သတ်မရှိ ရက်ရွှေ့ဆိုင်း လိုက်ကြောင်းကို မလေးရှား ပြည်ထဲရေးဝန်ကြီး ဒါတွက် စရီ ဟီရှန်မူဒင် ဟူစိန် ( Datuk Seri Hishammuddin Hussein) က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူက “ တရားမဝင် အလုပ်သမားများကို ဘိုင်အို မက်ထရစ် (biometric) စနစ်နဲ့ မှတ်ပုံတင်မယ့် ကိစ္စကို နောက်ထပ် ကြေညာချက် မထုတ်ပြန်မချင်း ရက်ရွှေ့လိုက်ကြောင်း ၊ နည်းပညာပိုင်းပြသာနာ ၊ အမျိုးသားလုံခြုံရေး ကိစ္စများကို အရင် ဖြေရှင်းရမှာ ဖြစ်ကြောင်း “ ပြောကြားလိုက်ပါတယ်။

မလေးရှားအစိုးရ အနေနဲ့ တရားမဝင် အလုပ်သမားများအား မှတ်ပုံတင်ရန် အတွက် နိုင်ငံတဝှမ်း တွင် ၆၇ နေရာ ဖွင့်လှစ်လုပ်ကိုင်ခဲ့သော်လည်း အခက်ခဲ အနည်းငယ် တွေ့ရှိရတဲ့အတွက် လုပ်ကိုင်မဲ့ အစီစဉ် တစ်ခုလုံးကို ရပ်ဆိုင်းလိုက် ရတာဖြစ်ကြောင်း သိရပါတယ်။ထိုကိစ္စနဲ့ ပတ်သက်ပြီး မလေးရှား ပြည်ထဲရေးဝန်ကြီးက “ လုပ်ငန်းစဉ်များ အဆင်ပြေကြောင်း၊ သို့သော်လည်း မလေးရှား နဲ့ စင်ကာပူကြားက စစ်ဆေးရေးဂိတ်နှစ်ခု မှာ အဆင်မပြေမူလေး နှစ်ခု ဖြစ်နေကြောင်း ၊ အဲဒီ အဆင်မပြေမူလေး တခုနှစ်ခုက စနစ်တစ်ခုလုံးကို ထိခိုက်နိုင်ကြောင်း “ ပြောပါတယ်။

မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားအလုပ်သမား နှစ်သန်းခန့် ရှိနေပြီး ထိုအလုပ်သမား များအား မှတ်ပုံတင်ရန် အတွက် အစဉ်စီသစ်တခုကို ဇွန်လ ဆန်းပိုင်းက စတင်ခဲ့ပါတယ်။ ထို 6p လို့ ခေါ်တဲ့ အစီစဉ်အရ တရားမဝင်နိုင်ငံခြားသား တဦးအနေနဲ့ မှတ်ပုံတင်ကြေး မလေးရှားရင်းဂစ် ၄၀၀ ( တရားမဝင် နေထိုင်မူအတွက် ရင်းဂစ် ၃၀၀ နဲ့ နိုင်ငံအတွင်း ဆက်လက်နေထိုင်ရန်အတွက် ရင်းဂစ် ၁၀၀ ) ပေးဆောင်ရ မှာဖြစ်ပါတယ်။ ထို့အပြင် စစ်ဆေးမူများ ပြုလုပ်ခ၊ အလုပ်လုပ်ခွင့် အခွန်စသဖြင့် ကုန်ကျစရိတ် အားလုံးပေါင်း တွက်ချက်ပါက မလေးရင်းဂစ်နှစ်ထောင်မှ သုံးထောင့်ငါးရာအထိ ကုန်ကျနိုင်ပြီး ပွဲစားများကတော့ မလေးရင်ဂစ်လေးထောင်ခန့် ကုန်ကျနိုင်ကြောင်း ပြောဆိုနေကြောင်း ကွာလာလမ်ပူ နေ မြန်မာတဦးက ပြောပါတယ်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံက သွားရောက်လုပ်ကိုင် သူအများအပြား ရှိပြီး များသောအားဖြင့် စားသောက်ဆိုင်လုပ်ငန်း၊ကုန်ထုတ်လုပ်ငန်းများတွင်လုပ်ကိုင်နေကြပါတယ်။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ အလုပ်လုပ်ခွင့်ပါမစ်နဲ့ လုပ်ကိုင်နေကြသူများ ရှိသလို တရားမဝင် လုပ်ကိုင်နေသူများ၊ အောက်လမ်းလို့ ခေါ်တဲ့ နယ်စပ် ကတဆင့် တရားမဝင် ဝင်ရောက် လုပ်ကိုင် နေသူများလည်း ရှိကြပါတယ်။

Source by :http://aarnewsid.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။