Home » » မလေးရှားမှ အိုဗာစတေးသမား မြန်မာများအားလုံး အားလုံး မဖြစ်မနေ ဖတ်ရန် အထူးသတင်း

မလေးရှားမှ အိုဗာစတေးသမား မြန်မာများအားလုံး အားလုံး မဖြစ်မနေ ဖတ်ရန် အထူးသတင်း

Written By မောင်စေတနာ on Monday, June 6, 2011 | 10:05:00 PM




မင်္ဂလာပါ ...

မလေးရှားတွင် နေထိုင်လုပ်ကိုင်လျှက်ရှိသော အလုပ်သမားများအားလုံးထဲမှ

1. အကြောင်းအမျိုးမျိုးကြောင့် အိုဗာစတေးသမားဖြစ်သွားရသောအလုပ်သမားများအားလုံး

2. မိသားစု အတွက် လမ်းအမျိုးမျိုးဖြင့် တရားမ၀င် ၀င်ရောက်လာသော အောက်လမ်း အလုပ်သမား(JP)အားလုံး

3. အလည်ဗီဇာဖြင့်လာရောက်နေထိုင်လုပ်ကိုင်သော (Social Visa) ရက်လွန်အလုပ်လုပ်လျှက်ရှိသော အိုဗာစတေးအားလုံး

4. အကြောင်း အမျိုးမျိုးကြောင့် မလေးရှားမှ တရားဝင်ပြန်လိုသော အိုဗာစတေးသမားအားလုံးအတွက်

မလေးရှားမှ တရားဝင်ပြန်လည်စီစဉ်မည့် စီမံကိန်း Legalization and Amnesty Project - ( 6P ) Project မကြာမီတရားဝင်စတင်တော့မည်ဖြစ်ပါတယ် ။

ပထမဆုံး ဧဒင်ဥယျာဉ်မှ တစ်ဆင့် ဖောင်ဖြည့်ရန် စီစဉ်ထားပေးသူများသာမက ဆက်လက် လျှောက်ထားမည့် အိုဗာစတေးသမားများအားလုံးကို 1.6. 2011 မှ 15.6.2011 အတွင်း အပြီးသတ် အချက်လက်ဖောင်ဖြည့် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မည်ဖြစ်ပါတယ် ။ ထိုရက်နောက်ပိုင်းအတွက်မူ အခွင့်အလမ်းရှိသေးပါက ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး အချိန်မရတော့ပါက ဆောင်ရွက်ရန် ခက်ခဲမည်ဖြစ်ပါတယ် ။

လျှောက်လွှာဖြည့်ပြီးသူများအားလုံး အတွက်မူ ဂျူလိုင်တစ်ရက်နေ့မှ စပြီး ကိုယ်ရေးကိုယ်တာ အချက်လက်များ Immigration သို့ မှတ်ပံတင်ဖြင် ( Bio Data Registration ) ၊ လက်ဗွေနှိပ်ခြင်း ( Thumbprint ) ၊ မျင်နှာ ဓာတ်ပုံရိုက်ယူခြင်း ( Present Face Registration ) စသည်များကို ဆောင်ရွက်မည်ဖြစ်တာကြောင့် အချက်အလက်များ ၊ လိုအပ်သော ငွေကြေများ စတင်ဆောင်ထားရန် အသိပေး အကြောင်းကြားပါသည် ။

Legalization

ဆောင်ရွက်ပုံ အဆင့်ဆင့်မှာ

1. လျှောက်လွာဖြည့်သွင်းခြင်း 16.6.2011 အထိ

2. လက်ဗွေ + မျက်နှာ မှတ်ပုံတင်ခြင်း ( 6P Project စတင်မည့်ရက် ဂျူလိုင်အတွင်း )

3. ယာယီနေထိုင်ခွင့် ပါမစ် ( Temporary Visa ) ထုတ်ပေးခြင်း စတင် Deposit Charge ငွေကြေးပေးသွင်းပြီးသည့်ရက်မှ 28 ရက်အတွင်း

4. ငွေကြေးစုဆောင်းချိန် ( ယာယီပါမစ် ထုတ်ပေးပြီးနောက်ပိုင်း 3 လ ကျော်ပြီးနောက် Approval + KTM form + Certificate ထွက်သည်အထိ ကြား 3 လ )

အထက်ပါ အစီစဉ်များ1.7.2011 တွင် စတင်တော့မည်ဖြစ်ပါတယ် ။

Amnesty

မလေးရှားတွင်နေထိုင်နေသော အိုဗာစတေးသမားအားလုံး မြန်မာပြည်သို့ ပြန်လည်မည့်သူများတရားဝင် ၊ ဒဏ်ငွေမဲ့ ပြန်လိုသည့်သူများအားလုံးအတွက် ထိုစီမံကိန်း ကာလအတွင်း လေကြောင်းပို့ဆောင်ရေး ကုန်ကျစရိတ်ဖြင့်သာပြန်လည်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး မည်သည့် စာရွက်စာတမ်း အထောက်အထားမျှပြရန်မလိုပဲမြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား ၊ သံရုံးထောက်ခံစာ ဖြင့် ပြန်နိုင်မည့်အစီအစဉ်အားလည်း

ဤ 6P Project တွင် ထည့်သွင်းဆောင်ရွက်မည်ဖြစ်တာကြောင့် သတ်မှတ်ကာလအတွင်း ဆက်သွယ်ပါရန် အသိပေးအကြောင်းကြားပါတယ်

Malaysia Immigration မှ ရက်သတ္တ သုံးပတ်သာ ဆောင်ရွက်မည်ဖြစ်တာကြောင့် မြန်မာ အိုဗာစတေး သမားများအားလုံးအမြန်ဆုံးလာရောက် ဖောင်ဖြည့် မှတ်ပုံတင်ရန် အထူးအသိပေးနှိုးဆော်လိုက်ရပါတယ် ။

ဖောင်ဖြည့်ချိန်တွင် မည်သည့်ငွေကြေး စရံငွေမျှ ပေးဆောင်ရန် မလိုအပ်ပဲ ဖုန်ဖြင့်ပြန် လည်အကြောင်းကြားရန်မလေးရှားငွေ 5.00 RM ကိုသာ Detecting Money အဖြစ်ကောက်ယူမည်ဖြစ်ပါတယ် ။ လက်ဗွေနှိပ်ချိန် အချက်လက်များ Immigration သို့ တင်သောအချိန်ရောက်မှသာ Deposite Money ( 800.00 RM ) စတင်ပေးခြေရမည်ဖြစ်ပါတယ် ။

အိုဗာစတေးသမားများအတွက် အနည်းဆုံးသော နှုန်ထားများဖြင့် ဆောင်ရွက်သွားမည့် Project ဖြစ်တာကြောင့် သတ်မှတ်ထားသော အခကြေးငွေ ၊ အချိန်ကာလ အတွင်း ငွေစုချိန်ပါ ရနိုင်မည်ဖြစ်ပြီး ၀န်ဆောင်ခ ထပ်ဆောင်းပေးရန် မလိုကြောင်း အသိပေးပြောကြားလိုပါတယ် ။ ထိုအစီအစဉ် များစတင်နေသည့် ကာလ များအတွင်း Operacy ( အော်ပါရာစီ ) အဖမ်းအဆီးများ ဆိုးရိမ်စရာ မလိုပဲ အမြန်ဆုံး ကိုယ်တိုင်လာရောက် ဖောင်ဖြည့်သွားပါရန် လေးစားစွာ အသိပေးအကြောင်ကြားရပါတယ်ခင်ဗျာ ။

ဖောင်ဖြည့်ရမည့် နေရာမှာ မဟာနန်း အဆင့်မြင့်စားသောက်ဆိုက် အပေါ်ဆုံးထပ် ရုံးခန်း

No - 10, 12 , 14 , Jalan Lebuh Pudu , 50500 . KL ( မြန်မာ ဆိုင်တန်း မောရှမ်းဘေးဆိုင် ) တွင်ဖြစ်ပါတယ်

ထို ရုံးခန်းတွင်သာ မလေးရှား လူဝင်မှု့ကြီးကြပ်ရေးမှ လုပ်ဆောင်ရန်ကိစ္စ အဆင့်ဆင့် ကိုဆောင်ရွက်မည်ဖြစ်ပါတယ် ။ နယ်ဝေးမှ လာရောက် မည့်သူများ အမြန်လာရောက်ဖောင်ဖြည့်ရန် လည်း အသိပေးရပါတယ် ။

ဆက်သွယ်ရန် ဖုန်းနံပတ်များ ..

Mahar Nann High Class Restaurant - 03 2026 0208

ဥယျာဉ်မှူး - 0143414613

Hot Line - 010 533 7777

ဧဒင်ဥယျာဉ်မှ လျှောက်လွာဖြည့်သူများ အားလုံး လည်း အဆင်သင့် ပြင်ဆင်ထားနိုင်ရန် လေးစားစွာ အသိပေး အကြောင်းကြားရပါတယ် ။

ဧဒင်ဥယျာဉ်မှ အထက်ပါဆောင်ရွက်ချက်များကို ခိုင်မာစွာ ဆက်လက် လက်တွဲဆောင်ရွက်မည်ဖြစ်တာကြောင့် အဖွဲ့သားအားလုံး သာမက သူငယ်ချင်းမိတ်ဆွေ အိုဗာ စတေးသမားများအားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း သတင်းပေးကြပါရန် နှိုးဆော်ရပါတယ် ။

KOMYO

ဥယျာဉ်မှူး

www.edinooyin.com

Source by :www.edinooyin.com
Share this article :

1 comments:

Anonymous said...

မလေးရှာကမြန်မာလူအဖွဲ့ စီးတွေလေရူာစရားမရှီဘူးမညီကြဘူးအခုလည်အိုဗာစသေးသမာတွေကိုပါမစ်လုပ်ပေးတော့မယ်လိုသိရတယ်။မြန်မာလူ့ အဖွဲ့ အစီးတွေကကူညီဖို့ လိုတာပေါ့ငါတိုမြန်မာတွေမရှိလိုလာလုပ်စားပါတယ်ဆိုပီးဂရုနာစိတ်ဓါတ်နဲ့ ဘယ်လိုသက်သာအောင်ငါတိုကူညီရမယ်ဆိုတာမစဉ်းစားဘူလာ။အခုတော့တရုတ်အေးဂျင်းတွေအချောင်အုပ်နေတာသိလား။မြန်မာအေးဂျင်တရျတ်အေးဂျင်နဲ့ ပေါင်ပြီးစာခွင်တွေလုပ်တော့မယ်သိလာ။အမုန်ကုန်ကြငွေက(RM2000)ကြော်လောက်ဘဲရှိတာအလုက်သမာတွေအပေါ်တောင်တာက(RM4000)လောက်တောင်းနေတယ်။ဒါကိုမြန်မာလူ့ အဖွဲ့ အဆီတွေကကြားဝင်ဆောင်ရွက်ဖို့လိုနေတယ်ဆိုတာအသိပေးလိုပါတယ်။မြန်တွေပေါက်ရောက်သလာမပေါက်ရောက်။သလာ။မြန်တွေညီသလာမညီသလာ။မြန်မာတွေကောင်းသလာဘယ်လူမျိုးတွေကမကေင်တာလည်ဆိုတာ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။