Home » » မောင်သစ်မင်း ကွယ်လွန် ...

မောင်သစ်မင်း ကွယ်လွန် ...

Written By မောင်စေတနာ on Tuesday, June 7, 2011 | 12:03:00 PM

ချင်းမိုင် (မဇ္ဈိမ) ။ ။ တေးရေးဆရာ မောင်သစ်မင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Samitivej Srinakarin ဆေးရုံ၌ တနင်္ဂနွေနေ့ နံနက်က ကင်ဆာ ရောဂါဝေဒနာဖြင့် ကွယ်လွန်သွားသည်။

ကွယ်လွန်ချိန်၌ ၅၈ နှစ် ရှိပြီး အမည်ရင်းမှာ ဦးဒေဝ ဖြစ်သည်။ သူသည် အူမကြီး ကင်ဆာရောဂါ ဝေဒနာကို ၂ဝ၁ဝ နိုဝင်ဘာလ ကတည်းက ခံစားခဲ့ရသည်။

ရန်ကုန်မြို့ နေအိမ်တွင် ကျန်ရစ်ခဲ့သော အငယ်ဆုံးဖြစ်သူ ကိုကိတ္တိက “သူတယောက်တည်းနဲ့ ရုန်းကန် ခဲ့ရတာပါပဲ၊ အဲဒါတွေ ကျနော်တို့အမေ မရှိတော့တဲ့ နောက်ပိုင်းမှာ ပိုသိသာတာပါပဲ၊ ကျနော်တို့ဖြစ်ချင်တာတွေ အကုန်လုံးကို တယောက်ချင်းစီရဲ့ ဆန္ဒကို လိုက်ဖြည့်ဆည်းပေးသွားတာပဲ” ဟု ပြောသည်။

“သူ့ကို လေဆိပ်လိုက်ပို့လိုက်တဲ့ အချိန်ဟာ သူ့ကို ကျနော်နောက်ဆုံး

နှုတ်ဆက်လိုက်ရတဲ့ အချိန်ပါပဲ။ ကျနော့်အနေနဲ့ အခံစားရဆုံးက

နောက်ဆုံး ကျောင်းဆင်းပွဲကို သူမတက်လိုက်ရဘူးပေါ့”


အသက် ၂၂ အရွယ်ရှိ ကိုကတ္တိသည် တပ်မတော် စစ်ဆေးတက္ကသိုလ် (MBBS) နောက်ဆုံးနှစ် ဒုတိယပတ်ကို တက်ရောက် နေသူ ဖြစ်သည်။

မောင်သစ်မင်းသည် ကဗျာ ရေးသားခြင်းကို ဝါသနာထုံခဲ့ပြီး ဝတ္ထုများ ရေးသားရာမှ တဆင့် အနုပညာလောကသို့ ၁၉၇၁ ခုနှစ်က စတင် ဝင်ရောက်ခဲ့သည်။ ၁၉၇၇ ခုနှစ်က “တေးမြုံငှက်” လုံးချင်းဝတ္ထုမှ နောက်ပိုင်းတွင် သီချင်းတပုဒ် ရေးစပ်ခဲ့ရာ အဆိုတော် ခိုင်ထူး သီဆိုခဲ့သည့် “တေးမြုံငှက်” သီချင်းမှာ ထင်ရှား ကျော်ကြားသည်။

လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ဂီတ အစည်းအရုံး၏ အတွင်းရေးမှူး ဦးကိုကိုလွင်က “ ခေတ်ဦးမှီတဲ့ တေးရေးဆရာပါ၊ သူ နာမည်ကြီးတာက စစခြင်း Own tune သီချင်း တေးမြုံငှက် ရေးခဲ့ပေမယ့် ကော်ပီ သီချင်းတွေ ရေးတယ်၊ “အနီးဆုံးလူ” လိုမျိုး ကိုယ်ပိုင်သံစဉ်ရေးပြီး ထပေါက်ခဲ့တဲ့ သီချင်းတွေပေါ့နော်၊ ကော်ပီသီချင်းတွေ ဆိုရင်လည်း ဦးကျော်ဟိန်း သီချင်းတွေလို ဒဿန ပါတဲ့ သီချင်းတွေပါ၊ တေးရေးဆရာ ထဲမှာဆိုရင်တော့ သူ့ကိုလေးစားရမယ့် ဆရာတယောက်ပါ” ဟု ပြောသည်။

ကွယ်လွန်ချိန်တွင် သား ၃ဦး ကျန်ရစ်သည်။ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မီးသဂြုင်္ိဟ်ပြီး အရိုးပြာအိုးကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်သွားမှာ ဖြစ်သည်။

Source by : (မဇ္ဈိမ)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။