Home » » Westlife Home Music သီချင်းလေး နားဆင်ကြမယ် ...

Westlife Home Music သီချင်းလေး နားဆင်ကြမယ် ...

Written By မောင်စေတနာ on Tuesday, May 24, 2011 | 7:13:00 PM

ဒီနေ့ အလည်လာတဲ့ စာဖတ်သူတွေ အတွက် ဘာတင်ပေးရင် ကောင်းမလဲ ? ကျွန်တော် စဉ်းစားနေတာ အခု ဘာတွေ လုပ်နေတာလဲဆို မေးထဲဝင် ဂျီတော့လည်း ဖွင့် နည်းပညာတွေကိုလည်း လေ့လာ Just Radio ကိုလည်း နားထောင် စာတွေလည်း ဖတ်နေပါတယ်။

အခု ပိုစ့်တင်ဖို့ စိတ်ကြိုက်မတွေ့သေးဘူး ဖြစ်နေတယ်။ ပြီးတော့ ဒီနေ့ အင်တာဗျူး လုပ်ဖို့ IT နည်းပညာရေးတဲ့ အစ်ကို တစ်ယောက်ကိုလည်း စောင့်နေတာ သူက မလာသေးဘူး ဖြစ်နေတယ်။ ဘာလုပ်ရင် ကောင်းမလဲ ?

အခု ပိုစ့်တင်ဖို့ ဘာတင်ရမလဲ မသိဘူး ဖြစ်နေတယ်။ မြန်မာသီချင်းတွေ တင်ရတာလည်းနည်းနည်း ရိုးလာပြီ။ အခု တိုက်တိုက် ဆိုင်ဆိုင်ပါပဲ ။ ရန်ကုန်က ညီငယ် ကိုစိုင်း က ကျွန်တော်အတွက် အဖြူရောင်သံစဉ် ရေဒီယိုဆိုက်မှာ သီချင်းတောင်းပေးထားတယ်တဲ့ ဂျီတော့ကနေ လာပြောတော့ ကျွန်တော်လည်း အဖြူရောင်သံစဉ် ရေဒီယိုဆိုက်က သီချင်းတောင်းထားတဲ့နေရာလေးကို သွားကြည့်တော့ ...? ကျွန်တော်အတွက် သီချင်းတောင်း ပေးထားတာ တွေ့ရတယ်။ သီချင်းတောင်းထားတဲ့ သူတွေက များနေလို့ တော်တော်နဲ့ ကိုယ့်အလှည့်ရောက်မှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။

ဒါနဲ့ပဲ ... ဘာမှ မထူးပါဘူး ဆိုပြီး အွန်လိုင်းကနေ ကိုစိုင်း တောင်းထားတဲ့ Westlife - Home သီချင်းလေးကို ရှာပြီးတင် တော့မယ်။ ကိုယ်လည်း နားထောင်ရတာပေါ့ ... ဒီလို စိတ်ကူးမိပြီး အခု ကျွန်တော့်အတွက် တောင်းပေးထားတဲ့ သီချင်းလေးကို တင်ပေးလိုက်ပါတယ်။ စာဖတ်သူများလည်း ကျွန်တော်နဲ့ အတူတူ နားဆင်ကြမယ်လေ။

မကောင်းဘူးလား ... အမှတ်တရလည်း ဖြစ်သွားတာပေါ့ ။ ဘာပဲ ဖြစ်ဖြစ် ဒီနေ့ ကျွန်တော် ရေးဖို့ ပိုစ့်တစ်ခု ရတဲ့အတွက် ညီငယ် ကိုစိုင်း ကို ကျေးဇူးတင်ပါတယ်။

အရေးထဲ စကားက ရှည်နေပြီ။ ကဲ .... နားဆင်ကြမယ်ဗျာ။ အခုမှ ကျေနပ်တော့တယ်။
ပျင်းနေတာဗျာ။ ဟီး ..... .....

Westlife - Home



နေဇော်လင်း
24.5.2011


Source by :http://www.youtube.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။