Home » » စင်္ကာပူတွင် ကျောင်းလျောက်ထား ၊ အလုပ်လျောက်ထားရာတွင် သတိပြုစရာအချက်များ ...

စင်္ကာပူတွင် ကျောင်းလျောက်ထား ၊ အလုပ်လျောက်ထားရာတွင် သတိပြုစရာအချက်များ ...

Written By မောင်စေတနာ on Sunday, May 29, 2011 | 6:46:00 AM


စင်္ကာပူတွင် လက်ရှိတက်ရောက်နေသော မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ တွေ့ ကြုံနေရ သည့်/ နိုင်သည့် အခက်အခဲများ သတိပြုသိရှိနိုင်ရန်......

(၁) စင်္ကာပူတွင် StudentPassဖြင့် ကျောင်းတက် ရောက်လျှက်ရှိသော ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံသို့ ပြန်လာမည်ဆိုပါက သို့မဟုတ် မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရည်ရွယ်ပါက၊ စင်္ကာပူရှိ မြန်မာနိုင်ငံသံရုံးမှ၊ အလုပ်မလုပ်ကြောင်း ထောက်ခံစာ ယူဆောင်လာ ကြပါရန်တိုက်တွန်းနိုးဆော် အပ်ပါသည်၊၊ သိုမှသာ မိမိတို့ ၏နိုင်ငံကူးလက်မှတ်ကို မြန်မာပြည်တွင် သက်တမ်း တိုးမည်ဆိုပါက၊ အခွန်ငွေ ပေးဆောင်ခြင်းမှ လွတ်ကင်းနိုင်မည်ဖြစ်ပါသည်၊၊ သို့မဟုတ် ပါက၊ မည့်သည့် အကြောင်း အကြောင့်မဆို အခွန်ငွေပေးဆောင်ရန် တာဝန်ရှိပါသည်၊၊

(၂) ဆယ်တန်းအောင်လက်မှတ် သို့မဟုတ် GCE’O’ Level ဖြင့်သာ စင်္ကာပူတွင် Diploma, Advance Diploma တက်ရောက် နေ သော ကျောင်းသားကျောင်းသူများအနေဖြင့်၊ စင်္ကာပူနိုင်ငံတွင် အလုပ်လျှောက် ထားမည်ဆိုပါက၊ (ပိုလီတက်ကနစ် သို့မဟုတ် သုံးနှစ် အချိန်ပြည့်တက်ရသော ဒီပလိုမာတစ်ချို့ မှလွဲ၍) အလုပ်ရှင်မှအလုပ်ခန့် အပ်သည့်တိုင်၊ Minister of Manpower (MOM) မှ အလုပ်အတွေ့ အကြုံမရှိ( သို့ မဟုတ်) ဒီဂရီ တစ်ခုမရရှိထားဟူသော အကြောင်းပြချက်ဖြင့်၊ Spass လျှောက်ထားခြင်းအား ပယ်ချနိုင်ပါသည်၊၊ (ယခုလက်ရှိလည်း အများအပြား ပယ်ချခံနေရပါသည်၊၊)

သို့ ဖြစ်ပါ၍ မြန်မာနိုင်ငံ သို့ မဟုတ် မည်သည့်နိုင်ငံမှမဆို ဒီဂရီတစ်ခုခုရရှိပြီး၊ စင်္ကာပူတွင် ဒီပလိုမာ၊ သို့မဟုတ် Advance ဒီပလိုမာတက်ရောက်ပြီး အလုပ်လျှောက်ထားပါက၊ ပိုအခွင့်အရေး ရှိနိုင်သော်လည်း၊ လောလောဆယ် အခြေအနေတွင် ဆယ်တန်းအောင်မြင်ပြီးစ ကျောင်းသား ကျောင်းသူ များအနေဖြင့်၊ ဒီဂရီ တစ်ခုခုရရှိရန်အထိ စဉ်းစားထားရန် လိုအပ်ကြောင်း၊ အကြံပြု အပ်ပါသည်၊၊

(၃) အထူးသတိထားရန်အချက်မှာ အကယ်၍ S pass လျှောက်ထားပြီး Reject ထိသွားပါက၊ Student Pass ပြန်လည် လျှောက်ထားရာတွင် ၉၈% Reject ဖြစ်နိုင်ပါသည်၊၊

သို့ ဖြစ်ပါ၍ မိမိတို့၏ ပညာရေးအထောက်အထားများသည် S pass ရရန် မခိုင်လုံပါက၊ အလုပ်ရ၍ အလုပ်ရှင်ကခန့် ထားသည့်တိုင် MOM မှ Reject လုပ်နိုင်ပါသဖြင့် ကျွမ်းကျင်သူများ နှင့် အကြံဥာဏ်ရယူပြီးမှ လျှောက်ထားကြပါရန် အကြံပြုအပ်ပါသည်၊၊

(၄) စင်္ကာပူတွင် ကျောင်းတက်စဉ် ကာလအတွင်း ကျောင်းခေါ်ချိန် (၉၀%) ပြည့်ရရှိရန် သတိထားသင့်ကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်၊၊ ကျောင်းပြောင်း ရွှေ့လျှောက်ထားခြင်းများပြု လုပ်ရာတွင်၊ ယခင် ကျောင်းဟောင်း ၏ ကျောင်းခေါ်ချိန်ကို အသစ်လျှောက်ထား သည့်ကျောင်းမှ ICA (Immigration Checkpoints Authority) သိုတင်ပြရန် လိုအပ်သဖြင့်၊ ကျောင်း ခေါ်ချိန်မပြည့်သော ကျောင်းသား ကျောင်းသူများ အခက်အခဲရှိစေ နိုင်ပါသဖြင့်၊ ကျောင်းခေါ်ချိန်ပြည့် ကြိုးစားတက်ကြပါရန်၊ အကြုံပြုတိုက်တွန်းအပ်ပါသည်၊၊
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။