Home » » ကိုလာ၊ ပက်ပစီ အချိုရည်များနှင့် မြန်မာဆေး မတည့်။

ကိုလာ၊ ပက်ပစီ အချိုရည်များနှင့် မြန်မာဆေး မတည့်။

Written By မောင်စေတနာ on Wednesday, March 2, 2011 | 5:00:00 AM



ကိုကာကိုလာပက်စီကုတ်တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ။ဒီကနေ့ဂျစ်တူးအကိုရဲသူငယ်ချင်း
တစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ အပျော်ထွက်-ဈေးဝယ်လာတာတော့မဟုတ်ပါဘူး။



သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။ လက်ထပ်ထားတာမှတစ်နှစ်တောင်
မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့အလုပ်ထွက်ဖို့ ဆိုတာတော်တော်
ခက်လို ယောက်ျားရှိတဲ့ နေရာမှာလည်းမလိုက်လာနိုင်။

ယောက်ျားကလည်း သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို အနေဝေး
နေကြတာပေါ့။နောက်နှစ်ဆိုရင် တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ ဆရာမလေးတစ်ယောက်ပျော်နေခဲ့တာပေါ့)

ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။ဆရာမလေးယောက်ျား
တစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ပက်စီသောက်မိလိုသေဆုံးသွားပါတယ်။မနက်ဖြန်
ဆိုရက်လည်နေ့ ပေါ့။


ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်
မော့နဲ့ကိုကာကိုလာသောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသားတစ်ယောက်လည်းဆုံးပါးသွားပါပြီ။
သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး) နဲနဲကြာတော့ရင်တွေပူလွန်းလို့ ဆိုပြီး ကိုကာကိုလာ သောက် လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်
ရေခဲသတ္တာ ထဲကယူပေးလိုက်တာပါ)။

ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို့ဆေးရုံကိုပို့လိုက်ရပါတယ်...
အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။အရင်ဆုံးကြားရတဲ့သတင်းကတော့
ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်
လိုက်တာ တခါတည်းအသက်ပါပါသွားလိုက်တာပါ။ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်
သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ တယ်ဆိုတော့ဘယ်လိုမှ
မယုံကြည်မိပါဘူး။

တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့ပါဘူး။နီးစပ်ရာသက်ဆိုင်ရာ
သူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။အထက်ပါအကြောင်းအရာတွေကိုပါ။
မဖြစ်အောင်တားလိုရပါတယ်။တစ်ယောက်ကြည့်လို့တစ်ယောက်သိရင်တစ်ယောက်အသက်ကို
ကယ်တင်ရာရောက်ပါတယ်။ဘလော့တွေအားလုံးကဖြစ်ဖြစ် -ပြန့်ပွားအောင် သိသူများအောင် ဖေါ်ထုတ်ပေးကြပါ။

Source by : meepyatite

Share this article :

1 comments:

Anonymous said...

မြန်မာဆေးတော်တော်များများမှာ ဇ၀က်သာပါတယ်လေ။ ဇ၀က်သာ ဆိုတာ အင်္ဂလိပ်လို အမိုးနီးယားဓါတ်လို့ပြောတယ်။ အချိုရည်တွေထဲမှာက ကာဘွန်ဒိုင်အောက်ဆိုက်ပါတယ်။ အဲဒါ၂ခု ပေါင်းစပ်မိရင် အဆိပ်ဖြစ်တယ်လို့ကြားဖူးတယ်။ ဓါတုဗေဒ သမားတွေဆိုရင်ပိုသိလိမ့်မယ်။ လျက်ဆား၊ အစာကြေဆေးစတဲ့ဗမာဆေးတွေနဲ့လုံးဝမတည့်တာ။ ကာဗွန်ပါတဲ့ အချိုရည်တွေကို သောက်တဲ့အလေ့အကျင့်ကို ရှောင်နိုင်ရင်တော့ကောင်းတာပေါ့။ အိမ်မှာတော့ အမေက သွားတိုက်ဆေးနဲ့တောင်ရှောင်ခိုင်းတယ်။ သွားတိုက်တာဗိုက်ထဲမ၀င်ပေမဲ့ ပါးစပ်ထဲကသွားတိုက်ဆေးအကြွင်းအကျန်နဲ့ ဓါတ်ပြုမှာ စိုးလို့တဲ့။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။