Home » » NTU ဝင်ခွင့်များ စတင်လျှောက်ထားနိုင် (စင်ကာပူနိုင်ငံ)

NTU ဝင်ခွင့်များ စတင်လျှောက်ထားနိုင် (စင်ကာပူနိုင်ငံ)

Written By မောင်စေတနာ on Sunday, January 16, 2011 | 7:52:00 PM


photo; http://www.ttn.sg/

စင်ကာပူ နိုင်ငံ၏ အစိုးရ တက္ကသိုလ် တစ်ခု ဖြစ်သော Nanyang Technology University
၏ ၂၀၁၁ အတွက် ကျောင်း ၀င်ခွင့်များစတင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ယခုနှစ် စာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းပေါင်း ၂၆ မျိုး လျှောက်ထားနိုင်ကြောင်းသိရပြီး မြန်မာနိုင်ငံမှ ကျောင်းသားများ အများဆုံး ဝင်ခွင့် ရ သည့် ဘာသာရပ်များမှာ အင်ဂျင်နီယာဘာသာရပ်များနှင့် NTU ၏ ကွန်ပျူတာမဟာဌာနတစ်ခုဖြစ်သော Wee Kim Wee School of Communication & Information လက်အောက်ရှိ ကွန်ပျူတာဘာသာရပ်များဖြစ်သည့် MSc Information Studies နှင့် MSc Information System တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာ ဘာသာရပ်များတွင် အထက်ပါ ဘာသာရှစ်ခုအပြင် Master of Mass Communication နှင့် MSc(Knowledge Management)အစသည့် ဘာသာရပ်များလည်း ဝင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရပါသည်။

အင်ဂျင်နီယာ ဘာသာရပ်များအနေဖြင့်လည်း MSc Civil Engineering,Power Engineering, Electronic, Mechanical စသည့်ဘာသာရပ်များလည်း ၀င်ခွင့်ရရှိမှုများပြားကြောင်း သိရသည်။


ကျောင်းလျှောက်ထားလိုသူများ သတိပြုရမည့် အချက်တစ်ခုမှာ လျှောက်လွှာပိတ်ရက်သည် လက်ရှိရက် ဖြစ်သော်လည်း အွန်လိုင်းမှ အထောက် အထား စာရွက်စာတမ်းများတင်ရာတွင် ကွန်နက်ရှင် အခက်အခဲရှိနိုင်သဖြင့် ကြိုတင်လျှောက်ထားသင့်ကြောင်း Crown Education က အကြံပု ပြောကြားထားသည်။အဆိုပါ ကျောင်းဝင်ခွင့်ဆိုင်ရာ အချက်အလက်များအား ယခုလ(၁၅)ရက်တွင် Crown Education ရုံးခန်း၌ ရှင်းလင်း ပြောကြားမည်ဖြစ်သည်။

ရိုးရာလေး သတင်းမှ ကူးယူဖော်ပြပါသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။