Home » » မလေးရှားတွင် မြန်မာ အမျိုးသမီးနှစ်ဦး အသတ်ခံရ

မလေးရှားတွင် မြန်မာ အမျိုးသမီးနှစ်ဦး အသတ်ခံရ

Written By မောင်စေတနာ on Monday, January 17, 2011 | 8:25:00 PM



မလေးရှားနိုင်ငံ မာလဂါမာလိန်ဂျာယာမြို့တွင် လွန်ခဲ့သော စနေနေ့က မြန်မာ
အမျိုးသမီးနှစ်ဦးကို အမည်မသိသူများက ဓါးဖြင့် ရက်စက်စွာ ထိုးသတ်သွားခဲ့
သည်ဟု သတင်း ရရှိသည်။

သတ်ဖြတ်ခံရသူ အမျိုးသမီး နှစ်ဦးမှာ စားသောက်ဆိုင်ဖွင့်ပြီး မြန်မာနိုင်ငံသား
မျာကို အလုပ်ရှာ ပေးသောအေးဂျင့်အလုပ် လုပ်နေသူ မမြတ်မြတ်နှင့် သူ့ခလေး
ကို ကူညီ ထိန်းပေးနေသူ အိမ်အကူ မသွယ်သွယ်ညွန့် တို့ဖြစ်ကြောင်း သိရသည်။

မာလဂါမာလိန်မြို့မှ ရခိုင် အမျိုးသား တစ်ဦးက “ အခုလို အသတ်ခံရပြီးတဲ့ နောက်မှာ
ရဲက အစစ်အဆေးတွေ များလာနိုင်တဲ့ အတွက် မြန်မာနိုင်ငံသားတွေ အကြားမှာ အထူး
စိုးရိမ်မူတွေ တိုးပွားနေပါတယ်။

အခု ဒီသတင်းကတော့ မြန်မာနိုင်ငံသားတွေ အကြားမှာ အထူး စိတ်ဝင်စားနေတဲ့
သတင်းပါ။ လူသတ်သမားတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ပါစေလို့လူတွေကဆုတောင်း
နေကြပါတယ်“ ဟု ပြောသည်။

လူသတ်မူ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားများ အနေဖြင့် အပြင်သွားသွားလာလာ
မလုပ်ကြတော့ဘဲ အများစုမှာ အိမ်တွင်းအောင်းနေကြသည်ဟု သူက ပြောသည်။


“ အခု သတ်သွားတာက မြန်မာနိုင်ငံသားလား၊ မလေးနိုင်ငံသားလားဆိုတာကို
တိတိကျကျမသိရသေးဘူး။ ဒီလို နှစ်လောင်းပြိုင် လူသတ်မူ ဖြစ်တာအရင်ကဒီမြို့မှာ
မရှိခဲ့ဘူးလို့ သိရပါတယ်။ ရဲတွေကတော့ အပူတပြင်း လိုက်လံ စုံစမ်းနေတယ်လို့ကြား
ရပါတယ်။

ဘာတွေ အသေးစိတ် ဖြစ်နေတယ်ဆိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး ”
ဟုသူက ဆက်ပြောသည်။

မမြတ်မြတ် ဗိုက်ကို ဓားဒဏ်ရာ ၂ ချက် ထိုးပြီး ဦးခေါင်းကို တုနှင့် ရိုက်နှက်ခဲ့ကြောင်း၊
ကလေးထိန်း အိမ်အကူ မသွယ်သွယ်ညွန့် ဗိုက်တွင် ဓားဒဏ်ရာ ၁ ချက် လည်ပင်းမှာ ဓား
ဒဏ်ရာ ၂ ချက်ရရှိခဲ့ကြောင်း သူက ကြားသိရသော သတင်းကို ကိုးကားပြီး ပြောကြားသည်။

လူသတ်သမားများသည် မမြတ်မြတ်၏ ၅ လသား ကလေးငယ်ကို ဘာအန္တရယ်မှ
မပေးခဲ့ဘဲ အိပ်ရာ ပေါ်တွင် တင်ထားခဲ့သည်ဟု သိရသည်။

နိရဉ္စရာ ဆိုက် မှကူးယူဖော်ပြပါသည်။

ဒီနေရာလေး

မှာလည်း မလေးရှားသတင်းများကို ထပ်မံဖတ်နိုင်ပါသည်။

Share this article :

3 comments:

Anonymous said...

အဲဒီလို လိမ်ညာပြီးတော့ သူများ မျက်ရည်နဲ့ မျက်ခွက် ဖြစ်အောင် လုပ်စားနေတဲ့ အေးဂျင့်လိမ်တွေ ဒီလို ဖြစ်သင့်တာ ကြာပါပြီ။ အခုလည်း သူတို့ ဖျံကျထားလို့ သူတို့ကို လာဆုံးမသွားသူပဲ ဖြစ်မှာပါ။ စလုံးမှာလည်း ဒီလို ဖြစ်စေချင်လိုက်တာ....

http://malaysiammbloggers.blogspot.com/2011/01/blog-post_18.html said...

ဟုတ်ပါတယ်။မမြတ်ရဲ့ ခင်မွန်(လင်)ကလူလိမ်ပါ။
အေးဂျမ်း(ပွဲးစား)လုပ်ပါတယ်၊ ဒီလူနဲ့လားတဲ့အလုပ်
သမားတွေအကုန်သူ့ကိုမကျေနပ်ကြပါဘူး။
သူကလဲလူတွေ့ သူတွေ့ မခံပါဘူး။သူတိုဖွင့်ထားတဲ့
မြန်မာဆိုင်နံမည်က(မြတ်ကမ္ဘာ)ပါ။သူ့ အကြောင်းအ
ကုန်မပြေားချင်ပါဘူး။သူတို့အကြောင်းကို၂၀၀၇လောက်
ကတည်းကသိပါတယ်။သူတို့ဆိုင်မှာလဲအမြဲးတမ်းစား
သောက်ဖူးပါတယ်။မလေးကရွှေတွေရဲ့ အကြောင်းပြေား
လျင်မဆုံးနိုင်ပါဘူး။KLကနိုင်ငံရေးလူလိမ်တွေရဲ့ အကြာင်း။ဆာလာရမ်းကရွှေကုလာလူမိုက်တွေရဲ့ အ
ကြောင်း။ဂိုဟိုးက။မလက္ကာက။ရွှေမတွေရဲ့ (ဖြစ်)ပျက်
နေတဲ့အကြောင်း။ကွမ်းတန်းကဘိမ်းရောင်းစားပြီး၊သတ်
ကြ။ဖြတ်ကြ။KLကရွှေအချင်းချင်းဖုန်လုပိုက်ဆံလုနေတဲ့

ကောင်တွေအကြာင်း။

မလေးရှားထောက်လှမ်းေ said...

ဟုတ်ပါတယ်။မမြတ်ရဲ့ ခင်မွန်(လင်)ကလူလိမ်ပါ။
အေးဂျမ်း(ပွဲးစား)လုပ်ပါတယ်၊ ဒီလူနဲ့လားတဲ့အလုပ်
သမားတွေအကုန်သူ့ကိုမကျေနပ်ကြပါဘူး။
သူကလဲလူတွေ့ သူတွေ့ မခံပါဘူး။သူတိုဖွင့်ထားတဲ့
မြန်မာဆိုင်နံမည်က(မြတ်ကမ္ဘာ)ပါ။သူ့ အကြောင်းအ
ကုန်မပြေားချင်ပါဘူး။သူတို့အကြောင်းကို၂၀၀၇လောက်
ကတည်းကသိပါတယ်။သူတို့ဆိုင်မှာလဲအမြဲးတမ်းစား
သောက်ဖူးပါတယ်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။