Home » » ဒီရက်ပိုင်း မလေးရှားတွင် အသွားအလာဆင်ခြင်ပါ။

ဒီရက်ပိုင်း မလေးရှားတွင် အသွားအလာဆင်ခြင်ပါ။

Written By မောင်စေတနာ on Saturday, January 15, 2011 | 10:40:00 PM



အခုရက်ပိုင်းအတွင်းတွေမှာ အသွားအလာကို သတိထားစေချင်ပါတယ်
ဘာဖြစ်လိုလဲဆိုတော့ ဒီရက်ပိုင်းတွေမှာ အဖမ်းအဆီးတွေ တော်တော်များ
နေလို့ပါ။ တစ်လောက ဆလာရန်း ဈေးထဲကိုဝင်ဖမ်းသွားတာ တော်တော်
ပါသွားပါတယ်။

နောက်မြို့ထဲက မြန်မာဆိုင်နားမှာလည်း ဝင်ဆွဲတာ ကားလေးစီးစာလောက်
ပါသွားပါတယ်။ နောက်သတင်းတခုကြားတာက ၂၀ ရက်ပိုင်းကျော်ရင် မြို့ထဲက
တရုပ်တန်းကိုဝင်မယ်လို့ကြားနေပါတယ်။ မလေးမှာပုံမှန်ကတော့ ဝင်မယ်ဆိုတဲ့
ရက်ကို ဝင်ခဲပါတယ် သတိမထားမိတဲ့အချိန်လောက်ကိုသာ ဝင်တာများပါတယ်။

တရုပ်တန်းကိုဝင်မယ်ဆိုတာကတော့ သတင်းကကျိန်းသေသလောက်ပါ ဘာဖြစ်ဖြစ်
အသွားအလာကိုဆင်ခြင်ရင် ပိုကောင်းပါတယ် အခုဆွဲတာက မှန်တာရော မမှန်တာရော
အကုန်လုံးကို ကားပေါ်တင်တာပါ စခန်းရောက်မှ မှန်တဲ့သူကိုပြန်လွှတ်တာပါ တချို့ကို
လည်း သူဌေးလာထုတ်မှ ပြန်လွှတ်တာပါ။

ငါကမှန်တာပဲဆိုပြီးဂရုမစိုက်လို့မရပါဘူး ပါသွားရင် အနည်းဆုံးအလုပ်တော့
ပျက်တာပါပဲ။ နောက်တခုက မြို့ထဲကိုလာရင် ပိတ်ရက်ကိုမလာစေချင်ဘူး မလာမဖြစ်
လို့လာရမယ်ဆိုရင်တောင် သတိလေးနဲ့သွားပါ။



ပိတ်ရက်ဆိုရင် အမြဲတမ်းလိုလိုကိုဖမ်းနေတော့တာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က မြန်မာ
သံရုံးရှေ့မှာ ဂျိုဟိုးကနေ စာအုပ်သက်တမ်းလာတိုးတဲ့ မြန်မာမိန်းကလေးတွေအလုခံလိုက်
ရပါတယ်။ အင်းးး

သူတို့ကလဲ မနက်လေးနာရီလောက်ကို သံရုံးရှေ့ကို လာစောင့်နေတာဆိုတော့
လူရှင်းနေတော့ ဒီကကုလားတွေစိတ်ကြိုက်ပေါ့ တော်ပါသေးတယ်။ ပစ္စည်းတင်ယူသွားလို့
ဘာဖြစ်ဖြစ်ပေါ့ဗျာ။ သူများနိုင်ငံမှာ ပိုက်ဆံလာရှာတာ သတိ ကိုတော်တော်လေးထားနိုင်မှ
တခုခုဖြစ်လိုက်ရင် ကျွန်တော်တို့ဘက်က နစ်နာတာပါ နောက်ကိုလာတဲ့နိုင်ငံက ဆင်းရဲတဲ့
နိုင်ငံကလာတာ အနောက်နိုင်ငံက လာတာမဟုတ်ဘူးလေ။

ကျွန်တော်က ဒီစာကို ဆရာလုပ်ရေးတာ မဟုတ်ပါဘူး။
ကျွန်တော်သိတာလေးကို သူငယ်ချင်းတွေအတွက် ဝေမျှပေးတာပါ။ ကဲ မမတို့
မောင်လေးတွေ မလေးမှာရှိတယ်ဆိုရင်သူတို့ကိုသတိပေးလိုက်ပါနော် မြန်မာချစ်
သူများမှ ကိုအောင်ခန့်တင်ထား သောပို့စ်ပါ ။

အောက်ကနေ မိုးယံ သိသလောက် ထပ်ရှယ်လ်မယ်။

ဒီလို ဒီလိုပါ ခင်ဗျ. မလေးရှားမှာ ဆာလာရန်းဆိုတာ မြန်မာမွတ်စလင်များကြီးစိုးရာ
ရပ်ကွက်ပါ။မလေးရှားမှာ လူမိုက်လို့ နံမည်ကြီးတဲ့ ကုလည်ကုလားတွေတောင် လက်
မြှောက်အရှုံးပေးရသတဲ့။ (တရုတ်လက်ကိုင်တုတ်တွေပါပဲ) မလေးရှားက ပ၀ါခြုံ ဦးထုပ်
ဆောင်း ပြီး ဓါးသိုင်းကပြီး တိတ်တိတ် နေတတ်တဲ့လူမျိုးတွေများပါတယ်။

ဖုန်းတောင်စကားသိပ်ပြောတာမဟုတ်ဘူး။ ကောင်လေးကောင်မလေးတွေ ကြည့်လိုက်
နှိပ်နေတာချည်းပဲ(ဖုန်းပြောပါတယ်) ။ SMS ပဲ သုံးတာများတယ်။ ကြည့်လိုက်နှိပ်နေတာပဲ ...
ဖုန်းဖုန်း ။ အဲလို တိတ်တိတ်ဆိတ်ဆိတ်နေတာ.. မနက်အစောကြီး ထထပြီး ၀တ်ပြုချိန်တော့
နည်းနည်းအသံထွက်တာတာပေါ့။ဒါကလည်း နားလည်ပေးနိုင်ပါတယ်။

သူ့နိုင်ငံ သူ့လူမျိုး သူ့ဘာသာနဲ့ ယဉ်ကျေးမှုလေ ကိုယ်တွေလည်း ၀ါတွင်းသုံးလဆို
အသံမစဲပဲလေ.. ကိုယ့်နားနဲ့တော့ ကြည်ညိုတာပဲလေ။

ထားတော့ ပြောရင်း လေရှည်တဲ့ အကျင့်က လိုရင်းကို မရောက်တော့ဘူး....။
ဆာလာရန်းဆိုတာ ကိုယ်သိသလောက်တော့ လူမိုက်လူရမ်းကားများ ကြီးစိုးရာနေရာပါ။
မလေးရှားကို မြန်မာတွေတရားမ၀င် သိမ်းထားတဲ့ မြန်မာရပ်ကွက်ပေါ့..။ အဲ သူတို့မှာပတ်စ်ပို့
စာအုပ်ရှိတဲ့လူဆိုတာ အယောက်တစ်ရာမကျော်ဘူး. တစ်ရာမှာ ဆယ်ယောက်လောက်ပါပဲ။

လမ်းဘေးတွေမှာ ကွမ်းယာဆိုင်တွေမှ မှိုလိုပေါက်။လမ်းမပေါ်မှာ ကွမ်းတံထွေးတွေမှ
မြင်မကောင်းအောင်ရဲ။ တစ်ဖက်တိုက်မှ တစ်ဖက်တိုက်ကို “ ဟေ့ မနေ့က မိုးယုစံကား
ကောင်းလား၊ နောက်ဆုံး နေတိုးနဲ့ ညားရဲ့လား” ကဲ ကြည့်အုံးပြောနေတာ..။ အဲလိုတွေဗျ။

မလေးရှားမှာ မြန်မာထမီလို ၀တ်တာမှမဟုတ်တာ သူ့ရိုးရာဝတ်ဆုံနဲ့သူ။
ဒါကို အင်ဒိုပါတိတ်နဲ့မြန်မာမာတွေက ခမောက်ကြီးဆောင်း ပါးကွက်ကြားလိမ်းပြီး
ပါးစောင်ထဲ ကွမ်းအပြည့်ငုံပြီး မိုးလင်းတာနဲ့ အာကျယ်အာကျယ်နဲ့ ဈေးရောင်း။
ကွမ်းတံတွေးတွေ စည်းကမ်းမဲ့ထွေး။ လမ်းပေါ်မှာ ဈေးတက်ရောင်း။

စည်ပင်က လာရင် လာဘ်ထိုးပြီးဆက်ရောင်း။ လာဘ်ထိုးမရရင် ဈေးဘန်းသိမ်းပြီးလစ်။
ဟိုမှာသေပြန်ပြီတဲ့ ဘယ်သူသတ်တာလဲ မမေးနဲ့ မြန်မာတစ်ယောက်က သတ်လိုက်တာ
တဲ့။ထိုးကြကြိတ်ကြပြန်ပြီတဲ့ မြန်မာတွေပဲ။ ဘိန်းစားတွေလား ၊ ပေါ်တင်ပါပဲ... ကိုကာကိုလာ
တစ်ဘူးပိုက်တစ်ချောင်းနဲ့ ဘယ်အထပ်မှာ ကြည့်ကြည့်သူတို့ပဲ။ ဘိန်းရောင်းတဲ့ ကောင်ကလဲ
မမြင်အောင် ဆိုယုံလေးပါပဲ။

အဲလို အဲလိုနယ်မြေ ... ဒီလိုနဲ့ မြန်မာတွေ ရမ်းကားလာခဲ့ကြတာ... တစ်နေ့မှာတော့
မလေးရှားက ရဲအရာရှိတစ်ယောက်ကို သတ်လိုက်တယ်တဲ့။ အဲဒါနဲ့ မလေးရှားအစိုးကရ
စပြီးကွိုင်တော့တာပါပဲ ။ကျန်ခဲ့တဲ့ တစ်ပတ်လောက်က ဆိုရင် ..လမ်းပေါ်မှာ ကားကိုပိတ်ရပ်ပြီး
တင်လိုက်တဲ့လူဝက်သတ်ရုံပို့မယ့် ၀က်တွေအလားမှတ်ရတယ်။

ညဘက်ဆိုရင် သန်းခေါင်ကျော် နှစ်နာရီ သုံးနာရီမှာ
အခန်းတံခါးကို
ရိုက်ချိုးပြီးကို ၀င်လာဖမ်းတာ။


အဲလို ဆိုတော့လဲ ကိုကိုရွှေများ မမရွှေများ ပြေးကြသပေါ့လေ။

ဟော အခု ဥပဒေက တော့ အကောင်းသား ပြေးရင် ပစ်မိန့်ပေးထားသတဲ့ဗျား။
အခု တစ်လောတော့မတည်ငြိမ်ကာလမို့ ဘိန်းစား လူသတ်သမား မယားခိုးတွေ
အားလုံးဆာလာရန်းနယ်မြေမှ တိမ်းရှောင်နေတယ်လို့ ပါးစပ် သတင်းများအရ ကြား
သိရပါတယ်။

ကဲကဲ .......
တိကျခိုင်မာတဲ့ သတင်းမဟုတ်ပဲ ကိုယ်တိုင်ကြုံတွေ့သူ (သူငယ်ချင်း) က ပြန်ပြောတာ
ဆိုတော့ သိပ်လဲ ယုံမနေနဲ့ဦး သူများအတင်းလဲ မပြောတတ်ပါဘူး၊ စပ်မိလို့ပြောတာပါ။

ကိုကြီး မိုးယံ ဆိုက်လေးကပါ။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။