Home » » စင်ကာပူပညာတော်သင် မြန်မာ ကျောင်းသားများ ကန့်သတ်ချက် အမြောက်အမြား စတင်တွေ့ကြုံ

စင်ကာပူပညာတော်သင် မြန်မာ ကျောင်းသားများ ကန့်သတ်ချက် အမြောက်အမြား စတင်တွေ့ကြုံ

Written By မောင်စေတနာ on Friday, November 19, 2010 | 2:09:00 PM

စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများတွင် သွားရောက် ပညာသင်ကြသော မြန်မာကျောင်းသား အများစု ကျောင်းတက်ရာတွင် ကန့်သတ်ချက် အမြောက်အမြားကို စတင် တွေ့ကြုံနေရကြောင်း သိရသည်။

ပညာသင်ယူရန် သွားရောက်ကြသည့် ကျောင်းသားများ အထဲတွင် လုံးဝကျောင်းတက်ခွင့် မရတော့သည့် ကျောင်းသား ၈၀ ရာခိုင်နှုန်း၊ ကျောင်းတက်ရင်း ရပ်နားခံရသည့် ကျောင်းသား ၅ ရာခိုင်နှုန်းနှင့် ကျောင်းပြီးပါ ဆက်လက် နေထိုင်ခွင့် မရသည့် ကျောင်းသား ၁၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးအတိုင်ပင်ခံ ဆရာ ဦးမိုးသူက ပြောသည်။

“စင်ကာပူကျောင်း အတော်များများက ဆက်မသင်တော့ဘူးလို့ အတိအလင်း ပြောကြားထားတာ ရှိတယ်။ ပညာတော်သင်သွားရင် စနစ်တကျ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပြီးမှ သွားသင့်ပါတယ်” ဟု ၎င်းက အကြံပြု ပြောကြားသည်။

မိမိတက်ရောက်ရမည့် ကျောင်းကို စနစ်တကျ လေ့လာထားခြင်း မရှိ၍ ကျောင်းမှ ကန့်သတ်ခံရခြင်း ဖြစ်ကြောင်း၊ ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများ အနေဖြင့် ကျောင်း၏ အခြေအနေ၊ ဖြေဆိုရမည့် ၀င်ခွင့်စာမေးပွဲ အစရှိသည် များကို ကြိုတင်လေ့လာ၍ ပြောပြထားသင့် ကြောင်း သိရသည်။


ကျောင်းသားတစ်ဦးအား ပြည်ပသို့ ပညာတော်သင် စေလွှတ်ပါက ၎င်း၏ စိတ်ဝင်စားမှု၊ တတ်သိလိမ္မာမှု၊ ကြိုးစားမှု၊ သင်ယူမည့် ဘာသာတွဲအပေါ် စိတ်ဝင်စားမှု၊ တက်ရောက်မည့် တက္ကသိုလ်၏ ခိုင်မြဲမှု၊ ကုန်ကျစရိတ်၊ ဘွဲ့ရပြီး ရရှိမည့် အကျိုးအမြတ်၊ ကျောင်း၏ သင်ကြားမှု၊ အောင်လက်မှတ် အခြေအနေ၊ ကျောင်း၏ ပညာရေး ၀န်ဆောင်မှု သတင်းအချက်အလက်၊ ပညာသင်စဉ် အခြား ကုန်ကျစရိတ်၊ ကျောင်းသား ကျန်းမာရေး၊ ကျောင်းစားရိတ် ထောက်ပံ့မည့် မိဘအုပ်ထိန်းသူ၏ စီးပွားရေး အခြေအနေ စသည့် အချက်များ ကို ဆန်းစစ်သင့်ကြောင်း သိရသည်။

ကျောင်းဝင်ခွင့် ဖြေဆိုရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ကို ဆိုင်ရာအေဂျင်စီမှ ကြိုတင် ပြောပြ ထားခြင်းမျိုး မရှိ၍ ကန့်သတ်ခံထားခြင်းမျိုးများ တွေ့ကြုံရခြင်း ဖြစ်ကြောင်း၊ လက်ရှိ စင်ကာပူနိုင်ငံတွင်း ပုဂ္ဂလိကကျောင်း အမြောက် အမြားကို ဖျက်သိမ်းတော့မည် ဖြစ်ရာ မြန်မာများ တက်ရောက်နေသော တက်ရောက်မည့်ကျောင်း အများစု ပါဝင်ကြောင်း သိရသည်။

source: yatanarpon

Eric Kim
http://malaysiammbloggers.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။