Home » » စင်္ကာပူ ဓမ္မာဥယျာဉ်ကျောင်း တန်ဆောင်တိုင်ပွဲတော် ဖိတ်စာ

စင်္ကာပူ ဓမ္မာဥယျာဉ်ကျောင်း တန်ဆောင်တိုင်ပွဲတော် ဖိတ်စာ

Written By မောင်စေတနာ on Friday, November 19, 2010 | 2:29:00 PM


စင်္ကာပူ ဓမ္မာဥယျာဉ်ကျောင်း တန်ဆောင်တိုင်ပွဲတော် ဖိတ်စာ

ယဉ်ကျေးမှု ရိုးရာအမွေအနှစ်များ မပျောက်ပျက်စေချင်တဲ့ သမ္မာဆန္ဒနဲ့ စင်္ကာပူနိုင်ငံတွင် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို တက်စွမ်းသလောက် ထိန်းသိမ်း စောင့်လျှောက်လျှက် ရှိသော ကျွန်ုပ်တို့ ဓမ္မဥယျာဉ်ကျောင်း ဆရာတော်များနှင့် ကော်မတီဝင်များ၊ အလှူရှင်၊ စေတနာရှင်၊ အနုပညာဝါသနာရှင်များ စုပေါင်း၍ ယခုနှစ် (၂၀၁၀) ဆမ်ဘာဝမ်း တန်ဆောင်တိုင်ပွဲတော်ကို တန်ဆောင်မုန်းလပြည့် (၂၁-၁၁.၂၀၁၀) (Sunday) နေ့တွင် Sembawang Park (ဆမ်ဘာဝမ်းပန်းခြံ) ၌ နံက် ၉း၀၀မှ ညနေ ၅း၀၀ နာရီအထိ အောက်ပါ အစီစဉ်များ အတိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ်ခင်ဗျာ။

1. နံနက် ၉း ၃၀ အချိန်မှာ ရိုးရာ တန်ဆောင်တိုင် ပွဲတော်ကို ဆရာတော်များ၊ စတုဒိသာအလှူရှင်များ၊ ကထိန်သင်္ကန်း အလှူရှင်များ၊ အနုပညာရှင် ညီအစ်ကို မောင်နှစ်မများနှင့် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

2. နေ့လည် အချိန်တွင် (မန္တလေးသားစစ်စစ်ကြီး) လူရွှင်တော် ဦးချစ်စရာရဲ့ ""ကျီးမနိုးပွဲ" လို့ အမည်ပေးထားတဲ့ အော်ပဒါနဲ့၊ နန်းခင်မွှေး (နန်းတော်ရှေ့ဆရာတင်၏မြေး) ရဲ့ အငြိမ့်ခန်းကို (နန်းတော်ရှေ့ဆရာတင်ရဲ့ အနုပညာလတ်ရာသီချင်းများနှင့်အတူ) ရှုစားကြရမှာဖြစ်ပါတယ်။

3. ညနေပိုင်းမှာ မင်းသားနန်းဝင်း (နန်းတော်ရှေ့ဆရာတင်၏မြေး) ကထိန်သင်္ကန်လှူဒါန်းရသော အကျိုးသွား ဇာတ်တော်လာ ပြဇာတ်နှင့် ဟာသနှောက ခေတ်နှင့် လျှော်စွာ တင်ဆက်ပေးမှာဖြစ်ပါတယ်။




4. နန်းဝင်း၊ နန်းခင်မွှေး၊ ဦးချစ်စရာတို့နှင့်အတူ မြန်မာ ဆိုင်းပညာနှင့် ပံ့ပိုး ကူညီပေးမည့် ဆိုင်းပညာရှင်ကတော့ ရွှေတံဆိပ်ဆုရ "ဖိုးသင်္ကြန်" နှင့်ညီကိုများ၊ စင်္ကာပူရောက် စိန်မြင့်စန်းနှင့် အနုပညာရှင်ညီကိုမောင်နှစ်မ များက ကူညီကြမှာဖြစ်ပါတယ်။

5. ကြွရောက်လာသော ရွှေညီကိုမောင်နှစ်မများကို စတုဒိသာ အလှူရှင်များက မြန်မာ့ရိုးရာ စတုဒိသာများနှင့် (အခမဲ့) တည်ခင်း ဧည့်ခံကျွေးမွေးမှာဖြစ်ပါတယ်။

* ဘာသာ သာသနာ ယဉ်ကျေးမှုကို ချစ်မြတ်နိုးစွာ တန်ဘိုးထား စောင့်ရှောက် ထိန်းသိမ်း ကြသော မြန်မာပြည်ဖွါး မြန်မာနိုင်ငံသား အားလုံးကို ဓမ္မဥယျာဉ် မဟာဘုံကထိန်နှင့် တန်ဆောင်တိုင် ဖြစ်မြောက်ရေး ကော်မတီနှင့် ဒကာ ဒကာမများမှ လှိုက်လှဲပျူငှါစွာ ဖိတ်ခေါ်လိုက်ပါတယ်။

* ပွဲတော် ကျင်းပရေးနှင့် စပ်လျဉ်း၍ ကူညီပံ့ပိုး လိုသူများ ဓမ္မဥယျာဉ်ကော်မတီ ဖုန်း 64055322/ 98595661/97341415/91692235 ကိုဆက်သွယ်နိုင်ပါတယ် ခင်ဗျာ ....

* စင်္ကာပူရောက် ရွှေမြန်မာအားလုံး မြန်မာ့ရိုးရာ ဆမ်ဘာဝမ်းတန်ဆောင်တိုင်မှာ ပျော်ရွှင်ကြည်နူးစွာ ဆုံဆည်းကြပါစို့ခင်ဗျာ။

မေတ္တာဖြင့်

ဆမ်းဘာဝမ်း ဓမ္မဥယျာဉ် မဟာဘုံကထိန်နှင့် တန်ဆောင်တိုင်ဖြစ်မြောက်ရေး ကော်မတီ (၂၀၁၀)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။