Home » » သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီတွင် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲမည်

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီတွင် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲမည်

Written By မောင်စေတနာ on Sunday, October 17, 2010 | 3:55:00 PM


ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့အား ပြင်ဦးလွင်မြို့ရှိ ဇာတ်ကားရိုက်ကွင်းတွင် တွေ့ရစဉ်

သရုပ်ဆောင် ပြေတီဦးနှင့် အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့သည် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလအတွင်း လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲသွားမည်ဖြစ်ပြီး မင်္ဂလာပွဲအတွက် လိုအပ်သည့် ပြင်ဆင်မှုများအား ပြုလုပ်လျက်ရှိသည်ဟု သရုပ်ဆောင် ပြေတီဦးက တရားဝင်ပြောကြားလာခဲ့သည်။

"ကျွန်တော်တို့ မင်္ဂလာပွဲကို ၂၀၁၁ ဇန်န၀ါရီလထဲမှာ လုပ်ဖို့ သေချာသွားပါပြီ။ ဘယ်နှပွဲလုပ်မယ်၊ ဘယ်နေရာ တွေမှာ လုပ်မယ်ဆိုတာကတော့ စီစဉ်နေကြတုန်းပါပဲ။ လက်မှတ်ထိုးတာ၊ ထိမ်းမြားတာ၊ ဧည့်ခံပွဲလုပ်တာ စတဲ့ အစီအစဉ်တွေတော့ ပါမှာပါ။ နေရာ အတိအကျတွေ မသတ်မှတ်ရ သေးတာပဲ ရှိပါတယ်"
ဟု ပြေတီဦးက ပြောပြခဲ့သည်။


ထို့အပြင် လက်ထပ်ပြီး အစီအစဉ်များနှင့် ပတ်သက်၍ "လက်ထပ်ပြီးရင် ဟန်းနီးမွန်း အစီအစဉ်ကတော့ စဉ်းစားနေတုန်းပါပဲ။ ပြည်တွင်းမှာလည်း လှတဲ့နေရာလေးတွေက အများကြီးပဲလေ။ အဲဒီနေရာလေးတွေကို သွားချင်တာမျိုးရှိသလို ပြည်ပမှာ လည်းသွားချင်တဲ့ နေရာမျိုးလေးတွေ ရှိတယ်။ ဒီတော့ ဘယ်ကိုသွားဖြစ်မလဲဆိုတာ မသေချာသေးဘူး"ဟု ပြေတီဦးက ဆက်လက် ပြောပြခဲ့သည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။