Home » » စင်ကာပူ စာပေဟောပြောပွဲတွင် လယ်တွင်းသား စောချစ်၊ မောင်စိန်ဝင်း(ပုတီးကုန်း)နှင့် အော်ပီကျယ် တို့ ပါဝင်ဟောပြောခဲ့

စင်ကာပူ စာပေဟောပြောပွဲတွင် လယ်တွင်းသား စောချစ်၊ မောင်စိန်ဝင်း(ပုတီးကုန်း)နှင့် အော်ပီကျယ် တို့ ပါဝင်ဟောပြောခဲ့

Written By မောင်စေတနာ on Sunday, October 17, 2010 | 3:20:00 PM


P h o t o ; g o o g l e

စင်ကာပူနိုင်ငံတွင် စက်တင်ဘာလကုန်ပိုင်း၌ ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲတွင် လယ်တွင်းသားစောချစ်၊ မောင်စိန်ဝင်း(ပုတီးကုန်း)နှင့် အော်ပီကျယ်တို့ ပါဝင်ဟောပြောခဲ့ကြောင်း သတင်းရရှိသည်။ ယင်းစာပေဟောပြောပွဲအား မြန်မာစာချစ်သူများအဖွဲ့မှ စီစဉ်ခြင်းဖြစ်ပြီး Inter Consulting Group မှ ကူညီ ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

"မနှစ်က တစ်ပွဲလုပ်ဖြစ်ခဲ့ပါ သေးတယ်။ အဲဒီပွဲတုန်းကလည်း ပရိသတ်က ထိုင်ခုံပြည့်သွားတဲ့အပြင် မတ်တပ်ရပ်နားထောင်တဲ့ ပရိသတ်တွေလည်း ရှိခဲ့တဲ့အခါကျတော့ ဒီနှစ်နောက်တစ်ပွဲ ထပ်လုပ်ဖို့ကို စီစဉ်ဖြစ်တာပါ။ အဓိကတော့ စင်ကာပူရောက် မြန်မာတွေအတွက် စာပေနဲ့ နီးစပ်နိုင်ဖို့က အဓိကရည်ရွယ်ချက်ပါ အခုလိုပွဲလေးတွေ နောက်ထပ်လုပ် သွားခွင့်ရဖို့ကို မျှော်လင့်ပါတယ်" ဟု Inter Consulting Group မှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။



ဆရာအော်ပီကျယ်ကလည်း " ကျွန်တော်တို့ အခုလို စာပေဟောပြောပွဲလေး လုပ်ဖြစ်တာကို တကယ် ပြောရရင် ကျေနပ်ပါတယ်။ လာရောက်နားထောင်ကြတဲ့ လူငယ်တွေကလည်း စာပေကို တော်တော်လေး မြတ်နိုးသူတွေ ဖြစ်တာကြောင့် ကျွန်တော်တို့ ပြောရတဲ့သူတွေအတွက် ကျေနပ်စရာကောင်းပါတယ်။ လက်မှတ်ထိုးပေးတာလို၊ ဓာတ်ပုံရိုက်တာ လို အမှတ်တရ အစီအစဉ်လေးတွေ လည်း လုပ်ပေးဖြစ်ပါတယ်"ဟု ရှင်းပြခဲ့သည်။

အဆိုပါ စာပေဟောပြောပွဲအား ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ပရိသတ် ၁၀၀၀ ကျော်ခန့် လာရောက် နားထောင်ခဲ့သည်ဟု သိရသည်။

Credit ;http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။