Home » »  ပြည်ပရောက် မြန်မာလူငယ်များတွင် အွန်လိုင်းမှ ဒီပလိုမာ၊ ဘွဲ့၊ မာစတာ သင်ယူခြင်းများ ပိုမိုလာ

 ပြည်ပရောက် မြန်မာလူငယ်များတွင် အွန်လိုင်းမှ ဒီပလိုမာ၊ ဘွဲ့၊ မာစတာ သင်ယူခြင်းများ ပိုမိုလာ

Written By မောင်စေတနာ on Sunday, October 17, 2010 | 4:49:00 PM

နိုင်ငံတွင်းမှ လူငယ်များထက် ပြည်ပရောက်မြန်မာလူငယ်များကြား တွင် အွန်လိုင်းမှ ဒီပလိုမာ၊ ဘွဲ့၊ မာ စတာရယူခြင်းများ ပိုမိုများပြားသည် ဟု ပြည်ပရောက် မြန်မာလူငယ်များ နှင့် ပညာရေး အေဂျင်စီအချို့မှ စုံစမ်း သိရှိရပါသည်။

မိမိသင်ယူလိုသည့် ဘာသာရပ်များအား အွန်လိုင်းမှသင်ယူကြရာတွင် ဆက်သွယ်မှု ကွန်ရက်နှောင့်နှေးခြင်းမရှိဘဲ လျင်မြန်သည့်နိုင်ငံများ၌ သင်ကြားရာတွင် ပိုမိုအဆင်ပြေ လွယ်ကူသည်ဟု ဒဂုံမြို့သစ် မြောက် ပိုင်းမြို့နယ်မှ အင်တာနက်ဆိုင်တစ်ခု မှတာဝန်ရှိသူက ပြောပြခဲ့သည်။

"ဒီကဆက်သွယ်ရေး ကွန်ရက်သာ ပြည်ပနိုင်ငံတွေလို လျင်မြန်ရင် အွန်လိုင်းကနေ ဘာသာရပ်အသီးသီးကို လေ့လာချင်တဲ့သူတွေ များလာကြမှာပါ။ အခုတော့ ဆိုက်ဘာ ကဖေးဆိုင်တွေမှာ ချက်တင်၊ တခြား လူမှုရေး ၀က်ဘ်ဆိုက်တွေနဲ့ သတင်းဖတ်ရုံလောက်သာ အသုံးပြုသူ များနေကြပါသေးတယ်"ဟု အင်တာနက်ဆိုင်၌ ပုံမှန်အသုံးပြုသူ လူငယ်တစ်ဦး ကပြောပြခဲ့ပါသည်။

နိုင်ငံတွင်းမှ အွန်လိုင်းပညာ သင်ယူနေကြသူ အချို့မှာမူ သက်ဆိုင်ရာနိုင်ငံများရှိ ကျောင်းများနှင့် တရားဝင် ချိတ်ဆက်ပေးထားသော ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ ချိတ်ဆက်ကာ လေ့လာသင်ယူနေကြခြင်း ဖြစ်ပြီး စာမေးပွဲဖြေဆိုချိန်တွင် အဆိုပါပညာရေးစင်တာများ၌ သွားရောက် ဖြေဆိုကြရသည်ဟု သိရှိရပါသည်။


"အများအားဖြင့် ဒီနိုင်ငံမှာအွန်လိုင်းသင်ယူမှုကို အချိန်နဲ့ငွေ သက်သာချင်လို့ အလုပ်ရှိပြီးသား လူတွေက ကိုယ့်အရည်အသွေး ထပ်မြှင့်အောင် သင်ကြတာများပါတယ်။ ထိရောက်တဲ့သင်ယူမှု အခြေအနေတော့ မဟုတ်သေးပေမယ့် ဆက်သွယ်ရေး ကွန်ရက်တွေ မြန်ဆန်လာရင် ဘာသာရပ်တိုင်းကို မြန်မြန်ဆန်ဆန် လေ့လာနိုင်ကြမှာပါ" ဟု Smart Resources မှ မန်နေဂျင်း ဒါရိုက်တာဦးနေလင်းဖြိုးက ဆိုသည်။

လက်ရှိ စင်ကာပူရောက် မြန်မာလူငယ်များသည်လည်း အလုပ်ချိန်ပြီးဆုံးပါက Online Learning သင်ယူမှုရှိနေကြပြီး နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ ထပ်မံရရှိ၍ အလုပ်အကိုင်ကောင်းများရရန် ရည်ရွယ်သည်ဟု စင်ကာပူတွင် စီးပွားရေး ဒီပလိုမာရယူပြီး အွန်လိုင်းအမ်မ်ဘီအေ လေ့လာနေသူ အမျိုးသမီးတစ်ဦး ကပြောပြခဲ့ပါသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။