Home » » ထိုင်းတွင် တရားမ၀င်နေသူ ၂ သိန်း ခန့်ကို အမြဲတမ်းနေခွင့်ပေးရန် စီစဉ်

ထိုင်းတွင် တရားမ၀င်နေသူ ၂ သိန်း ခန့်ကို အမြဲတမ်းနေခွင့်ပေးရန် စီစဉ်

Written By မောင်စေတနာ on Monday, August 23, 2010 | 1:48:00 PM

ဘစောတင်
Saturday, August 21, 2010

ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ် နှင့်ချီ၍ နေထိုင်ခဲ့သော တရားမ၀င် ရွှေ့ ပြောင်း နေထိုင်သူ နိုင်ငံခြားသား ၂ သိန်း ခန့်ကို အမြဲတမ်း နေထိုင်ခွင့်ပြုရန် ထိုင်းအာဏာပိုင်များက စီစဉ်နေကြောင်း သိရသည်။

ယင်းအစီအစဉ်ကို သြဂုတ်လ (၁၈) ရက်နေ့က ပြုလုပ်သော အစည်းအဝေးပြီးသည့်နောက် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး Mr.Thaawil Pliansri က“ထိုင်းနိုင်ငံအတွင်း တရား မ၀င် ရွှေ့ ပြောင်းနေထိုင်နေတဲ့ ၂ သိန်း လောက်ကို အမြဲတမ်း နေထိုင်ခွင့်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီ လူတွေ ဟာ အနည်းဆုံး ထိုင်းနိုင်ငံမှာ အနှစ် ၂၀ ကနေ ၃၀ လောက် နေထိုင်ပြီးသားတွေ ဖြစ်တယ်။ သူတို့ မွေးဖွားလာမယ့် သားသမီးတွေကတော့ ထိုင်းနိုင်ငံသား ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ပါရှိသည်။



ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရမည့် လူများ၏ အချက်အလက်များစုဆောင်းကာ စာရင်း ပြုစုထားပြီး ဖြစ် ကြောင်း၊ ထိုလူများကို နေထိုင်ခွင့်ပြုခြင်းဖြင့် ထိုင်းနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု အစိုးရက ယုံကြည် ကြောင်း၊ ထို့အပြင် ၎င်းတို့ထံမှ အခွန်အတုတ်များကိုပါ ကောက်ယူရန်ရှိကြောင်းလည်း သတင်း
စာတွင် ပါရှိသည်။

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက ထုတ်ပြန်သော ယခု အစီအစဉ်မှာ အသစ်အဆန်းတခု မဟုတ်ကြောင်း၊ ထိုင်း အစိုးရက ယခင်ကပင် ချမှတ်ပြီးသား စီမံကိန်းတခုသာဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံ မဟာဌာနမှ ဒါရိုက်တာ ဒေါက်တာ Naruemon Thabchumpon က ဧရာဝတီသို့ ပြောသည်။

“ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်လာပြီး နှစ်ပေါင်း နှစ်ဆယ် အစိတ် နေထိုင်ကြတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တရုတ် စတဲ့ လူမျိုးတွေကို ထိုင်းနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် အရင်ကတည်းက ပေးထားပြီးပါပြီ။ ဒါဟာ အသစ်တခုမဟုတ်ပါ ဘူး။ အဲဒီလို နေထိုင်တဲ့သူတွေရဲ့ သားသမီးမြေးမြစ်တွေဟာ အခုဆိုရင် ထိုင်းနိုင်ငံသား ဖြစ်နေကြပြီလေ။ အထင်ရှား ဆုံး ကတော့ ဒုတိယ ကမ္ဘာစစ်အပြီး ရွှေ့ ပြောင်းလာကြတဲ့ တရုတ်လူမျိုးတွေနဲ့ အင်ဒိုချိုင်းနား စစ်ပွဲအပြီး ရွှေ့ ပြောင်း နေထိုင်တဲ့ ဗီယက်နမ်တွေ၊ ကမ္ဘောဒီးယားတွေပေါ့ ”ဟု ၎င်းက ဆိုသည်။

အမြဲတမ်းနေထိုင်ခွင့် ရရှိမည့်သူအများစုမှာ နယ်စပ်ဒေသများတွင် မိသားစုလိုက် ရွှေ့ ပြောင်းနေထိုင်သူများသာ ဖြစ် မည်ဟု သိရသည်။ နယ်စပ်ဒေသဖြစ်သော ထဥဘွန်းနှင့် နခွန်ခနုန် ဒေသများတွင် နှစ်ပေါင်း ၂၀ နှင့်အထက် နေထိုင် ခဲ့ကြသော ဗီယက်နမ်လူမျိုးများကို သာဓကအနေဖြင့် ကြည့်နိုင်ကြောင်း ဒေါက်တာ Naruemon က ပြောဆိုသည်။

မကြာသေးမီက ချင်းမိုင်ဒေသတွင် နေထိုင်သော မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသူ စက္ကူလေယာဉ် ချန်ပီယံ မောင်သောင်းဒီ ၏ သာဓကမှာလည်း ယခု စီမံကိန်းတွင် အကျုံးဝင်နေကြောင်း သူက ထောက်ပြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ရွှေ့ ပြောင်းဝင်ရောက်လာသူများမှာ မြန်မာနိုင်ငံသား အများစုဖြစ်သည်ကို တွေ့ ရ သည်။ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသော ပြည်နယ်တိုင်းများမှ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ အတွင်း နှစ်ပေါင်းများစွာ အခြေချနေထိုင်လျက်ရှိသည်။ စီးပွားရေး ကျတည်းခြင်း။ စစ်ဘေး စစ်ဒဏ်က လွတ်မြောက် ရန် ရှောင်တိမ်းခြင်း၊ အလုပ်လာရောက် လုပ်ကိုင်ခြင်း၊ ဒုက္ခသည်စခန်းများတွင် နေထိုင်ခြင်း စသည်ဖြင့် ပုံစံမျိုးစုံဖြင့် ၀င်ရောက်ကာ ရွှေ့ ပြောင်းနေထိုင်လျက်ရှိကြသည်။

ယခုကြေညာချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ကြိုဆိုကြောင်း ပြောဆိုသည်။

“ဒီလုပ်ရပ်က ထိုင်းနိုင်ငံကိုလည်း အကျိုးပြုမှာဖြစ်သလို လူသားချင်းစာနာမှုနဲ့ ကူညီရာလည်း ရောက်ပါတယ်။ ထိုင်း အစိုးရအနေဲ့  ကုလသမဂ္ဂ စံချိန် စံညွှန်းတွေနဲ့ ထိန်းညှိပြီး ပြုလုပ်နိုင်ရင်တော့ ပိုကောင်းမယ်။ ဒီလို ခိုလှုံလာကြတဲ့ အထဲမှာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း နှစ်ပေါင်း ၂၀ မက ၃၀ ကျော်အောင် နေမိလျက်သား ဖြစ်နေသူတွေလည်း ပါတယ်။ ထိုင်းတွေရဲ့ အကျိုးစီးပွားအတွက်ရော အဖိနှိပ်ခံ မြန်မာပြည်သူများဘက်ကိုပါ စာနာတဲ့ နှလုံးသားနဲ့ ကြည့်နိုင်ရင်တော့ ပိုသင့်မယ်ထင်ပါတယ်။ ဒါပေမယ့် ဘာဘဲပြောပြော ကျေးဇူးတင်ရမှာပါ”ဟု ၎င်းက ဆို သည်။

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူး၏ ယခု ထုတ်ပြန်ချက်တွင် ဒုက္ခသည် တသိန်း ခန့့် အရေးလည်း ပါဝင်ကြောင်း၊ သို့သော် အဆိုပါ ဒုက္ခသည်များမှာ ထိုင်းနိုင်ငံအတွင်း အခြေချနေလိုသူများမဟုတ်ကြဘဲ တတိယ နိုင်ငံသို့ ရွှေ့ပြောင်း အခြေချနေထိုင်လိုသူများသာ ဖြစ်သဖြင့် အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်တွင် အကျုံးဝင် မည် မဟုတ်ကြောင်း သိရသည်။

http://www.irrawaddy.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။