Home » » ချစ်သုဝေ၏ တစ်ကိုယ်တော် စီးရီး အသံသွင်းယူလျက်ရှိ

ချစ်သုဝေ၏ တစ်ကိုယ်တော် စီးရီး အသံသွင်းယူလျက်ရှိ

Written By မောင်စေတနာ on Monday, August 23, 2010 | 2:04:00 PM



သရုပ်ဆောင် အဆိုတော် ချစ်သုဝေ၏ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးအား Metal Zone
စတူဒီယိုတွင် Metal Zone တီးဝိုင်းနှင့်အတူ အသံသွင်းယူမှုများ စတင်ပြုလုပ်လျက် ရှိပြီဖြစ်သည်ဟု သတင်းရရှိသည်။ ယင်းတေးစီးရီးအား ယခုနှစ်ကုန်ပိုင်းတွင် ထွက်ရှိနိုင်ရန် ပြင်ဆင်ထား ပြီး ၂၀၁၁
နှစ်ဆန်းပိုင်းတွင် ဗီစီဒီထွက်ရှိနိုင်ရန် စီစဉ်ထားသည်ဟု သိ ရှိရသည်။

"ထရီဇာရဲ့တစ်ကိုယ်တော်စီးရီးလေးကို အသံသွင်းယူနေပါတယ်။ ထရီဇာရဲ့ပုံစံကွဲလေး တစ်မျိုးအဖြစ် မြင်ရမှာပါ။ ဘယ်ဂီတ အမျိုးအစားရယ်လို့တော့ ထရီဇာ မတပ်ချင်ပါဘူး။ အဲဒီခွေလေးထဲမှာ ထရီဇာကို ပုံစံအသစ်တစ်မျိုးနဲ့ မြင်နိုင်အောင်လို့ ကြိုးစားနေပါတယ်"ဟု ချစ်သုဝေက ပြောပြခဲ့သည်။



ချစ်သုဝေ၏ တစ်ကိုယ်တော် တေးစီးရီးတွင် တေးရေး ရယ်ဂျီ၊ လင်းလင်း၊ ဟဲလေး၊ နောနော်၊ ရွှေ ဂျော်ဂျော်တို့ ရေးသားပေးထားပြီး British မှ ရော့ခ်ဂီတ အမျိုးအစားပုံစံ တေးသီချင်းများပါဝင်မည်ဟု သိရသည်။

http://www.news-eleven.com/
Share this article :

1 comments:

naylinnhtun said...

ချစ်ဖို့ ကောင်းလိုက်တာနော် . . . :)

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။