Home » » ဗဟုသုတ .....

ဗဟုသုတ .....

Written By မောင်စေတနာ on Monday, September 14, 2009 | 12:31:00 AM

တစ်နေ့တွင် ဆရာက ကျောင်းသားများကို "လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့အချိန်မှာ အော်ပြီး ပြောကြတာလဲ" ဟု မေးလေသည်။ ကျောင်းသားများကအချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က "စိတ်တည်ငြိမ်မှုတွေပျောက်ကုန်လို့ အော်တာပါ ဆရာ" ဟု ဖြေသည်။

ဆရာက "ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေးပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ" ဟု ပြန်မေးသည်။ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။

"လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာအရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေစိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ" ဆရာကဆက်ပြီး....

"လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား...။အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံးစကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကိုဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ"

"လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှုမရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့" ဟု ဆရာက နောက်ဆုံးရှင်းပြခဲ့သည်။

khinekhinezaw85@gmail.com
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။