အင်တာနက် သတင်းများကို ဇေကမ္ဘာကုမ္ပဏီမှငြင်းဆို
မင်္ဂလာဒုံ စက်မှုဇုံအပိုင်း(၄) မြေယာကိစ္စနှင့်ပတ်သက်ပြီး လတ်တလောဖြစ်ပေါ်နေသော အင်တာနက် သတင်းများအပေါ် ဇေကမ္ဘာကုမ္မဏီမှငြင်း ဆိုလိုက်သည်။ ဇေကမ္ဘာဧ။်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ဇော်က ဒီဧရိယာမှာ ၁၉၉၇ခုနှစ် ကတည်းက စက်မှုဇုံလုပ်ဖို့ တာဝန်ပေးလို့ ဇေကမ္ဘာက အိုးအိမ်ဦးစီးဌာနနဲ့ စာချုပ်ချုပ် ခဲ့တာပါ။
အဲဒါကြောင့် အဲဒီကတည်းက ဆောက်လုပ်ရေး ပိုင်မြေဖြစ်သွားပါပြီ၊ အဲဒီအထဲကမှအပိုင်း(၄)ပိုင်းခွဲပြီးလုပ်ခဲ့တာ နိုင်ငံတကာ စီပွားရေး ပျက်ကပ်နဲ့ကြုံလို့လုပ်ငန်းရပ် ဆိုင်းထားရပြီး လုပ်နိုင်တဲ့ အချိန်မှာပြန်လည် လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။
ခုလိုပြန်လည် လုပ်ကိုင်ရာမှာလည်း မီဒီယာတွေမှာဖော်ပြနေသလိုဘယ်သူ့ကိုမှဖိအားပေးခဲ့ခြင်း မရှိသလို စာနယ်ဇင်းရှင်း လင်းပွဲပြုလုပ်၇ာ မှာလည်း'ဘယ်သူ့ခေါင်းစဉ်'မှတတ်ပြီးမဖိတ်ခဲ့ပါဘူး ဟုဆိုသည်။ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဧ။် သတင်းစာ ရှင်းလင်းပွဲဟု ခေါင်းစဉ်တပ်ဖိတ်ကြားခဲ့သည် ဆိုခြင်းနှင့် ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဖိတ်ကြားပေးခဲ့သူ ကိုရဲထွန်းကျော်ကလည်း ဘယ်သူ့ကိုမှအဲလိုပြော မဖိတ်ခဲ့ဘူး။
ဇေကမ္ဘာ ဥက္ကဌနဲ့ ဇေကမ္ဘာ ကုမ္ပဏီဟာ အဲလိုခေါင်းစဉ် တပ်ဖိတ်ကြားစရာလိုတဲ့ အစားလည်း မဟုတ်ပါဘူး။ အဲဒီပွဲကိုလွှတ်တော် အမတ်ဒေါက်တာခင်ရွှေ လွှတ်တော် တက်နေလို့ တက်ရောက်နိုင်ခြင်း မရှိသလို ဘယ်သူကမှလည်း အဲလိုခေါင်းစဉ် သုံးမဖိတ်ကြားခဲ့ပါဘူး ဟုဖြေရှင်းချက် ပေးပါသည်။
ကိုရဲထွန်းကျော်က' ကျနော် ကိုယ်တိုင်ဇေကမ္ဘာ စာနယ်ဇင်း ရှင်းလင်းပွဲလို့ပြောဖိတ်ခဲ့တာပါ။ Orchid Hotel မှာလည်း အခမ်းအနားမစ ခင်မွန်းလွဲပိုင်းကတည်းက ရှင်းလင်းပွဲအမည်ကိုဘုတ်ထောင်ပြီး ရှငိးရှင်း လင်းလင်းပြ ထားခဲ့တာပဲ ဟုပြောသည်။
ဇေကမ္ဘာဧ။် အထွေထွေ မန်နေဂျာ ဒေါ်မီမီသိန်းတန်က''သတင်းတွေကို နှစ်ဘက်မျှမျှ တတ မေးမြန်း ဖော်ပြသင့်ပါတယ်။ နိုင်ငံတော်က တရားဝင်စက်မှုဇုံဖော်ထုတ်ဖို့ လွန်ခဲ့တဲ့၁၅နှစ် ကတည်းက တာဝန်ပေးခဲ့တဲ့နေရာ အဲဒီတုန်းက Developer ၆ဦးကို ဆောက်လုပ်ရေး ၀န်ကြီးဌာနက ခေါ်ပြတာမှာမြိုပြင်နဲ့ ဝေးတာရယ် သုသာန်နဲ့ လည်း ကပ်နေတာမို့ ဘယ်သူကမှ မလုပ်ချင်တဲ့ အဆုံးမှ ဇေကမ္ဘာက ယူခဲ့ရတဲ့နေရာပါ။
လယ်သမားတွေ လက်မှတ်ရေးထိုးပြီး လွှဲပြောင်း ပေးခဲ့တဲ့စာချုပ် တွေလည်း ကုမ္မဏီမှာ ရှင်းပြဖို့ အဆင် သင့်ရျိပါတယ်။ ယင်းစက်မှုဇုံ အပိုင်း(၄)နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တားစီးမိန့်ထုတ်သည် ဆိုသည့် သတင်း အပေါ်မေးမြန်းကြည့်ရာ မည်သည့် အကြောင်းကြားစာမှ မရရှိ သေးပါဘူး။
ပြီးတော့ ဒီကိစ္စက နိုင်ငံတော် စီမံကိန်းကိစ္စပါ၊ ရုံးကိုလည်း တရားဝင် အကြောင်း ကြားစာ ဘာမှမရရှိဘဲ အပြင်မှာ သတင်းမျိုးစုံပျံ့နှံ့ နေတာကတော့ အတော်အံ့သြဖွယ်ရာ ပါဟု ဇေကမ္ဘာမှပြောရေး ဆိုခွင့်ရှိသူက ပြန်လည် ရှင်းလင်း ပြောကြား ပါသည်။

Source by : www.nayzawlin.com သို့ တိုက်ရိုက် ပေးပို့လာသော ပိုစ့်ဖြစ်ပါသည်။
0 comments:
Post a Comment