ပြည်နှင်ခံရဖွယ်ရှိသည့် မြန်မာလုပ်သား တစ်သန်းကျော်အရေး မလေးရှား အစိုးရထံ အကြောင်းကြား
-------------------------- -----------------------
11 December 2014
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေပြီး ပြည်နှင်ဒဏ် ပေးခံရဖွယ် ရှိသည့် မြန်မာ လုပ်သား တစ်သိန်းကျော်အား တရားဝင် ပတ်စ်ပို့များ ထုတ်ပေးရန်နှင့် နေထိုင်ခွင့် ဗီဇာ သက်တမ်းတိုး ပေးရန် မလေးရှားနိုင်ငံ အစိုးရထံ အကြောင်းကြား ထားပြီး မလေးရှား အစိုးရက လက်ရှိ အချိန်ထိ ပြန်လည် အကြောင်းပြန်ခြင်း မရှိသေးကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သတင်း ရရှိသည်။
နိုဝင်ဘာလ အတွင်းက မလေးရှားနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနက မလေးရှား နိုင်ငံတွင် တရားမ၀င် လာရောက် အလုပ်လုပ်ကိုင် နေသည့် အလုပ်သမား များအား ဒီဇင်ဘာလ နောက်ဆုံးထား နေရပ် ပြန်ရန် တရားဝင် ပြောဆို ထားပြီး ဒီဇင်ဘာလ အတွင်း မပြန်ပါက ဖမ်းဆီး အရေးယူ သွားမည်ဟု သတိပေး ပြောဆို ထားကြောင်း ပြည်တွင်း သတင်းစာ များတွင် ဖော်ပြခဲ့သည်။
ကျွန်တော်တို့ အနေနဲ့ ကတော့ Request လုပ်တဲ့ စာကိုလည်း ပေးထား ပြီးပါပြီ။ သူတို့ တရားဝင် အလုပ်သမားကတ် ထုတ်ပေးဖို့နဲ့ သက်တမ်းတိုး နေထိုင် နိုင်အောင် စီစဉ်ပေး ပါလို့ အကြောင်းကြား ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို စောင့်ကြည့်နေ ပါတယ်။
--------------------------

မလေးရှား အစိုးရဘက်က ဘာမှလည်း မလုပ်ပေးဘူးဆိုရင်တော့
မြန်မာ လုပ်သားတွေ အတွက် ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ နောက်ထပ်
အကြောင်းကြား စာတွေရော၊ အလုပ်သမားတွေ အဖမ်းမခံရဖို့ အဆင့်ဆင့် ဆောင်ရွက်
သွားမှာပါ ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
ဆုမင်းကို
Messenger News
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free Facebook Acc - https://www.facebook.com/ nay.zawlin1
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
ဆုမင်းကို
Messenger News
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free Facebook Acc - https://www.facebook.com/
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/

.jpg?width=750)

0 comments:
Post a Comment