ဗီဇာအတုနဲ့ မြန်မာတွေကို ပို့တဲ့ အေဂျင်စီ ၃ ဦး လူကုန်ကူးမှုနဲ့ မလေးရှား လူ့အခွင့်ရေး ကော်မရှင်ထံ အမှုဖွင့်ဆိုခဲ့ဟု MMRC အဖွဲ့မှ ပြောဆို
=====================================================
မလေးရှားနိုင်ငံကို ပြီခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ရောက်ရှိလာတဲ့ အမျိုးသမီး အမျိးသား ၇၂ ဦးနှင့် စုမြတ်အေဂျင်စီက ၃ ဦးတို့ အပါအ၀င် ၇၅ ဦးကို လ၀ကမှ ဖမ်းဆီးထိမ်းသိမ်းလိုက်ပြီ ဇွန်ဂိုင်ပလုတ် ထောင်မှာ တစ်လနီးပါ ထိမ်းသိမ်းခံထာရပြီ ယနေ့ တရားရုံးမှာ ၅၂ ဦးကို ထောင်ဒဏ် တနှစ်စီ အတည်းတည်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
ဒီကနေ့ အမိန့်ချလိုက်တဲ့ မြန်မာ ၆၁ ယောက် အတွက်ကို ကူညီဖို့ မလေးရှား လူအခွင့်ရေး ကော်မရှင် ရုံးချုပ်သို့ သွားရောက် အကူ အညီတောင်းခံခဲ့သည်ဟု မြန်မာ အလုပ်သမားဖွဲ့MMCRမှ ကိုလတ်က သူရိယဂျာနယ် သို့ ပြောဆိုခဲ့သည်။
အဓိက တရားခံမှာ မြန်မာအစိုးရနှင့် ပြည်ပအေဂျင်စီ အသင်းဖွဲ့ချုပ် တာဝန် အရှိဆုံးဖြစ်တယ်၊ ဒီလူတွေအားလုံးဟာ စုမြတ်အေဂျင်စီနဲ့ နှစ်ဦးသဘောတူ စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အလုပ်သမားတွေဖြစ်ကြသည်။
အလုပ်သမားဝန်ကြီးဌာန နှင့်အေဂျင်စီတွေကို လူကုန်ကူးမှုနဲ့ အမှုမှာဖွင့်ခဲ့တယ် ။
ဒီအလုပ် သမားတွေကို အစိုးရနှင့်အေဂျင်စီ အသင်းဖွဲ့ချုပ်တို့က ခွင့်ပြုချက်မရှိပဲ မလေးရှားနိုင်ငံသို့ ရောက်ရှိလာစရာ အကြောင်းမရှိဘူးလို့ MMRC က ပြောဆိုခဲ့သည်။
ကျနော်တို့ အဖွဲ့ကနေပြီ မလေးရှား လူအခွင့်ရေး ကော်မရှင်ထံမှာ ဒီလိုပို့ဆောင်တဲ့ အေဂျင်စီလူတွေကို လူကုန်ကူးမှုနဲ့ အမှုဖွင့်ဆိုခဲ့ကြောင်း မြန်မာအစိုးရအနေနဲ့ ပို့ဆောင်တဲ့အေဂျင်စီ အရေးယူမလား ခေါင်းရှောင်မှာလား ကျနော် ရှေ့ဆက် မလေးရှား လူမှု့အဖွဲ့အစည်း နဲ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
မှတ်ချက် - ဆွေမျိုး သားချင်းများ MMRC (သို့မဟုတ် ) မလေး ရှားလူ့ အခွင့်ရေးကော်မရှင် ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Human Rights Commission of Malaysia- 03 2612 5600
MMRC- Ko Latt 016 3210 966
Thuriya FACEBOOK
မူရင်း - https://www.facebook.com/pages/Thuriya/1374489779468995
Admin
Nay Zaw Lin1 @ နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4





.jpg?width=750)

0 comments:
Post a Comment