သတင်း
မလေးရှား (၁၄.၈.၂၀၁၄)
မလေးရှား နိုင်ငံကွာလာလမ်ပူ မြို့ရှိ မြန်မာအလုပ်သများ အများဆုံး လုပ်ကိုင်ရာ နေရာတစ်နေရာဖြစ်သော ပူဒူး တစ်ဝိုက်တွင် မလေးရှား အရပ်ဝတ် ရဲများ ၊ ရေလာများ အဖွဲ့ လိုက် စောင့်ဆိုင်းစစ်ဆေးမှုများ ရှိကြောင်း မလေးရှားရောက်မြန်မာများမှ အသိပေးသည် ။
ဖမ်းဆီးသူများသည် အုပ်စုခွဲကာ တိုင်းစကွဲ အနောက် ကပ်ရပ် တွင် တစ်စု ၊ ပူဒူးဈေး ကပ်ရက်တွင် တစ်စု ၊ ဂျလန်းပီလ်း နားတွင်တစ်စု စသဖြင့် နေရာခွဲကာ လမ်းလျှောက် အလုပ်ပြန် နိုင်ငံခြားသား များကိုစစ်ဆေး လျှက်ရှိသည် ။ ထို့အတူ အခြားသောနေရာများတွင်လည်း ထိုသို့ အဖွဲ့လိုက်စစ်ဆေ်းမှုများစွာရှိနေသည်ကိုတွေ့ရမည်ဖြစ်သည် ။
ယခု ဟာရီယာရာ အပြီး မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးမှ တရားမဝင် နေထိုင်လျှက်ရှိသော နိုင်ငံခြားသား တစ်သောင်းကျော်ကို ယခု နှစ်တွင် ဆက်တိုက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည်ကို တွေ့ရမည်ဖြစ်သည် ။
ထို့အမြင် မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသားအချို့ ယခု ပြုလုပ်နေသော OSC တွင် ဝင်ရောက် ပါမစ်လုပ်မည်ဟူသော အသိဖြင့်မလေးရှားသို့ လာရောက်ကာ အိုဗာစတေး အဖြစ်ခံသူများစွာရှိသည် ။
ထိုသို့ မပြုလုပ်ရန် မလေးရှားရောက်မြန်မာများ FACEBOOK မှ တရားဝင် တားမြစ်လိုသည် ။ အကြောင်းမှာ OSC (သို့) G TO G အစီအစဉ်သည် အလုပ်ရှင်မရှိသော ခိုင်မာမှုမရှိသည့် မည်သည့်အလုပ်သမားကိုမှ ပါမစ်ထုတ်ပေးမည်မဟုတ်ကြောင်း လက်ဗွေ စတင်နှိပ်သော နေ့ကပင် ကြော်ငြာထားပြီးဖြစ်သည် ။ အလည်ဗီဇာဖြင့်ဝင်လာသော စာအုပ်များကိုလည်း ပါမစ်ပေးမည်မဟုတ်ကြောင်ကြော်ငြာထားသည် ။
G TO G လက်ဗွေ နှိပ်သော ကာလသည်၂၃.၉.၂၀၁၄ တွင်အဆုံးသတ်မည်ဖြစ်သည် ။ ၂၄.၉.၂၀၁၄ မှ ၂၄.၁၂.၂၀၁၄ အထိ ၃ လအတွင်းသည် ပါမစ်ဆောင်ရွက်ပေးမည့်ကာလဖြစ်ကြောင်းသိရသည် ။
ထိုအကြောင်းကို မလေးရှားရောက်မြန်မာများမှ အတိအလင်း ရေးသား ပေးခဲ့သလို သက်ဆိုင်ရာ သို့သွားရောက်မေးမြန်းကာလည်း အတည်ပြုထားပေးခဲ့ပြီးဖြစ်သည် ။
ထိုအပြင် ယခုကာလတွင် သည် မည်သည့် ပြဿနာ အမှုကိစ္စဖြစ်စေ အိုဗာစတေး ဆိုသည်နှင့် အရာရာ ဖြေရှင်းရခက်ခဲလျှက်ရှိနေသည် ။
ထိုသည်ကို မြန်မာအားလုံးသိရန်လိုသည် ။ အဖမ်းခံရသော ဗီဇာအတု ဖြင့် ဝင်လာသည့် ၅၂ ဦးသည် အကောင်းဆုံး နမူနာဖြစ်သည် ။
မြန်မာပြည်မှတရားဝင် လာရောက်ပြီး အလုပ်လုပ်နေသူများအဖို့မူ ပြောဆိုသော လခ အတိုင်မရခြင်း ၊ အလုပ်တွင်အဆင်ခြင်း များရှိခဲ့ပါက မိမိတို့အေးဂျင်း နှင့် တိုင်ပင်ညှိနှိုင်းရန် လိုသလို ၊ မလေးရှား မြန်မာသံရုံးရှိ အလုပ်သမား ရေးရာ သံတမာန် ထံ သွားရောက် တင်ပြအကူညီတောင်းနီိုင်သည် ။ လွယ်လွယ် နှင့်အိုဗာစတေး နေထိုင်ရန်မဆုံးဖြတ်ပါနှင့် ။
ယခု ကာလသည် မြန်မာနိုင်ငံသားများအတွက်အိုဗာစတေး ဖြင့်နေရန် အခွင့်သာသောကာလမဟုတ်ပါ ။
မည်သည့်အတွက်ကြောင့်မှ အိုဗာစတေး မဖြစ်ရန် အထူးဂရိုစိုက်ပါ ။
လက်ရှိ ပါမစ်သမားများ အပြင်ထွက်ပါက ပတ်စပို့ ၊ ပါမစ် မူရင်း (သို့) မိတ္တူဖြစ်ပါကလည်း သပ်ရပ်စွာ ဆောင် သွားပါ ။ မိမိအလုပ်ရှင်အား တစ်စုံတစ်ခုဖြစ်ပါက တာဝန်ယူဖြေရှင်းပေးရန် ကြိုတင်ပြောဆိုတိုင်ပင်ထားပါ ။
မလေးရှားရောက်မြန်မာများ Facebook Fun Page
www.facebook.com/mmrinmy
PIC : GOOGLE IMAGE (NOT CURRENT OPERATION AND GRAPHIC PURPOSE ONLY)
မူရင်း သတင်း - www.facebook.com/mmrinmy
ဒီသတင်းနဲ့ ပက်သက်ပြီး တစ်ခုခု ထင်မြင်ချက် ပေးလိုပါက အောက်ပါ လိပ်စာကို ဝင်ရောက်ပြီး ရေးသားနိုင်ပါသည်။
https://www.facebook.com/mmrinmy/photos/a.184305275071142.1073741827.129201570581513/331917336976601/?type=1&theater
Admin
Thar Thar Lay1 @ သားသားလေး
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4





.jpg?width=750)

0 comments:
Post a Comment