တစ်ရက်မှာ လူကုံထံအဖေက သူ့သားငယ်ဖြစ်သူကိုခေါ်လို့ ရွာလေးတစ်ရွာဆီသို့ ခရီးထွက်ခဲ့ကြတယ်။ အဖေဖြစ်သူက သားငယ်ကို ပိုက်ဆံကြွယ်ဝမှုမရှိတဲ့သူတွေဟာ ပင်ပမ်းကြီးစွာနဲ့ ကျေးလက်တောရွာမှာ လုပ်ကိုင်ပြီး ရှာဖွေစားသောက်နေရတယ်ဆိုတာ သားငယ်ကို သိစေချင်တယ်။
ဒါကြောင့် ရွာရောက်တဲ့အခါ ရွာက ရွာသူရွာသားတွေနဲ့ သားဖြစ်သူကို အတူတူ အချိန်ဖြုန်းစေတယ်။ ပြန်ကာနီး တစ်ရက်မှာ အဖေက သားကို မေးတယ်။
အဖေ > သာ
း..သူတို့ဘ၀တွေ ဘယ်လောက်တောင် ပင်ပမ်းဆင်းရဲကြတယ်ဆိုတာ တွေ့လား၊ သူတို့ ဆီက မင်းဘာတွေ သင်ယူနိုင်ခဲ့သလဲ။
သား > ဖေဖေ... သားတို့အိမ်မှာ ခွေးတစ်ကောင်ပဲရှိတယ်၊ သူတို့ဆီမှာ ခွေးလေးကောင်တောင်။
သားတို့အိမ်မှာ ရေကူးကန် သေးသေးလေးပဲ ရှိတယ်။ သူတို့ဆီမှာ မြစ်တွေချောင်းတွေ အများကြီးပဲ။
သားတို့မှာ ညဘက် အလင်းရောင်အတွက် မီးချောင်းတွေထွန်းရတယ်၊ သူတို့ကြတော့ ကောင်းကင်က ကြယ်လေးတွေ အများကြီးဆီက အလင်းရောင်ကို အလိုလိုရကြတယ်။
သားတို့က အစားအစာတွေကို သူများဆီက ၀ယ်စားရတယ်၊ သူတို့က သူတို့စားချင်တာကို ကိုယ်တိုင် စိုက်ပျိုးမွေးမြူနိုင်ကြတယ်။
သားတို့က အိမ်မှာ သူခိုးဓားပြတွေ မ၀င်အောင် အုတ်ထရံအမြင့်ကြီးတွေနဲ့ အကာအကွယ် ယူထားကြတယ်၊ သူတို့ကြတော့ သူတို့မိတ်ဆွေအချင်းချင်း ချစ်ချစ်ခင်ခင် အပြန်အလှန် ကာကွယ်ပေးကြတယ်။
သားတို့က အချက်အလက်တွေအတွက် အင်တာနက်က အလွယ်တကူ ရယူကြတယ်၊ သူတို့ကတော့ သူတို့ကိုယ်တိုင် ကြိုးစားမှုရဲ့ အတွေ့အကြုံတွေကို သူတို့ဘ၀တွေနဲ့ ရင်းယူကြရတယ်။
ဖေဖေ... တကယ်တော့ သားတို့က သူတို့ထက်အများကြီးကို ဆင်းရဲတယ်ဆိုတာ သား အခုတော့ သိရပြီ။ အဲ့ဒီအတွက် ဖေဖေ့ကို သား ကျေးဇူးတင်မိပါတယ်။
..... သားရဲ့ စကားအဆုံးမှာ ဖခင်ဖြစ်သူက သူ့ဦးခေါင်းကို သားဖြစ်သူကို ညိတ်ပြလိုက်တယ်။
( သဘာဝကပေးတဲ့ သဘာဝ အလှအပတွေထက် ဘယ်အရာမှ တန်ဘိုးမထိုက်တန်ပါဘူး )
Source by : မြသွေးနီ
0 comments:
Post a Comment