Home » , » မလေးရှားရောက် မြန်မာများအား အရေးပေါ် အသိပေးချက် (မလေးရှား သတင်း)

မလေးရှားရောက် မြန်မာများအား အရေးပေါ် အသိပေးချက် (မလေးရှား သတင်း)

Written By မောင်စေတနာ on Friday, April 11, 2014 | 7:29:00 PM



မလေးရှားနိုင်ငံမှ မြန်မာပြည်သို့ လေယာဉ်ဖြင့် ပြန်သူများအား အသိပေးအပ်ပါသည်။ (အရေးပေါ် အသိပေးချက်)

မနေ့က မြန်မာပြည်သို့ ပြန်သော မြန်မာများထဲတွင် မလေးရှား လေဆိပ်တွင် ၈ ဦး အဖမ်းခံရကြောင်း လေဆိပ်သို့ ပို့ဆောင်သူ ကိုကျော်ကျော်မှ ပြောပြ လာပါသည်။ 

မလေးရှားနိုင်ငံ၏ 10.4.2014 ကြာသပတေးနေ့တွင် တရားဝင် ဥပဒေ သတင်း ထုပ်ပြန်ချက် အရ မလေးရှားနိုင်ငံအတွင်း ပြုလုပ်ထားသော ပါမစ်များမှာ တရားဝင်ပါမစ်များ ဖြစ်သော်လည်း တိုင်ပတ် ပါမစ် (မိမိတို့ အစီအစဉ်ဖြင့် ပြုလုပ်ထားသော) ပါမစ်များကို ကိုင်ဆောင်ပြီး မြန်မာပြည်ပြန်သူများ ယခင်က ပြသာနာ မရှိခဲ့ပေမယ့် အခုနောက်ပိုင်း 10.4.2014 ရက်နေ့မှ စတင်ကာ ပါမစ်များကို သေချာ စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ 

 6P ပါမစ် ၊ ပြုလုပ်ပေးသော အချိန်တွင် 6P စာရွက်စာတမ်း ၊ မိမိတို့ လက်ဗွေဖြင့် တင်ထားသူများ မြန်မာပြည်မှ ဖရီးကောလင်းဖြင့် လာရောက်သူများ အနေဖြင့် ပြသာနာ မရှိသော်လည်း 6P ပါမစ် ၊ ပြုလုပ်ပေးသော အချိန်တွင် 6P စာရွက် စာတမ်း ၊ မိမိတို့ လက်ဗွေဖြင့် မတင်ပဲ မိမိတို့ အစီအစဉ်ဖြင့် ပါမစ်ရအောင် ပြုလုပ်သော (တိုင်ပတ်) ပါမစ် စာအုပ်များကို ကိုင်ဆောင်သူများ ပြသာနာ ရှိနေပါသည်။ 

မိမိတို့ တင်ထားသော ပါမစ်များမှာ မလေးရှားနိုင်ငံမှ တရားဝင် ထုပ်ပေးသော ပါမစ်များ ဖြစ်သော်လည်း လေဆိပ် လဝကမှ စစ်ဆေးရာတွင် မိမိတို့ အစီအစဉ်ဖြင့် ပါမစ်ရအောင် ပြုလုပ်သော (တိုင်ပတ်) ပါမစ်များ ဆိုပါက မလေးရှား လေဆိပ်တွင် အဖမ်းခံရနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာပြည်သို့ ပြန်လိုသူများ အနေဖြင့် မိမိတို့ အေးဂျင့်များ ၊ ပါမစ်တင် ပေးသူများအား သေသေ ချာချာ မေးမြန်း စုံစမ်းပြီးမှသာ ပြန်သင့်ပါကြောင်း စေတနာဖြင့် အသိပေး တင်ပြလိုက်ပါသည်။ 

 နေဇော်လင်း 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 

မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် အကျိုးရှိသော သတင်းများ နှင့် မလေးရှား နောက်ဆုံးရ သတင်းတွေကို တစ်နေရာတည်း စုစည်းမှုများကို ဖတ်ချင်တယ်ဆိုရင်အောက်က လိပ်စာလေးကို Like လုပ်ထားပြီး ဖတ်နိုင်ပါတယ်။ 

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။