Home » » ရနောင်းယာယီ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တွင်တစ်လအတွင်း လျှောက်ထားသူ ခုနှစ်ထောင်ကျော်ရှိလာ

ရနောင်းယာယီ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တွင်တစ်လအတွင်း လျှောက်ထားသူ ခုနှစ်ထောင်ကျော်ရှိလာ

Written By မောင်စေတနာ on Wednesday, August 18, 2010 | 9:59:00 PM


photo; www.google.com

ထိုင်းနိုင်ငံဘက်ခြမ်း ရနောင်းမြို့ စဖန်ဖလားရပ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ပေးထားသည့် ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွင် တစ်လအတွင်း နိုင်ငံကူးလက်မှတ် လျှောက်ထားသည့် မြန်မာရွှေ့ပြောင်း လုပ်သားဦးရေမှာ ခုနစ်ထောင်ကျော် အထိရှိလာခဲ့ကြောင်း သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ရနောင်းမြို့ရှိ ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ မြန်မာ ရွှေ့ပြောင်းလုပ်သား
၇၇၁၉ ဦးကို ယာယီ မြန်မာနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်သည်။၂၀၀၉ခုနှစ် ဇူလိုင်လ ၁၀ ရက် နေ့မှ၂၀၁၀ပြည့် နှစ် ဇူလိုင်လ ၂၆ရက်နေ့ အထိ ယာယီမြန်မာနိုင်ငံကူး လက်မှတ် ထုတ်ယူပြီးသူမြန်မာရွှေ့ပြောင်းလုပ် သားဦးရေမှာ ၁၃၁၆၂၅ ဦးရှိသည်။


တာချီလိတ်မြို့ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ မြန်မာရွှေ့ပြောင်းလုပ်သား ၂၉၂၉၁ ဦး၊ မြ၀တီမြို့ယာယီ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ ရွှေ့ ပြောင်းလုပ်သား ၆၄၁၁၂ ဦး၊ ကော့သောင်းမြို့ ယာယီမြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှ ရွှေ့ပြောင်းလုပ်သား၃၂၀၂၉ ဦးနှင့် ရနောင်းမြို့ ယာယီမြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှ ရွှေ့ပြောင်းလုပ်သား ၆၁၉၃ ဦးတို့ကို ထုတ်ပေးပြီးဖြစ်သည်ဟု သိရသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။