Home » , » မလေးရှား မြန်မာအလုပ်သမားများ ကိစ္စ နေပြည်တော်တွင် ဆွေးနွေး

မလေးရှား မြန်မာအလုပ်သမားများ ကိစ္စ နေပြည်တော်တွင် ဆွေးနွေး

Written By မောင်စေတနာ on Wednesday, May 14, 2014 | 2:18:00 PM

 
မလေးရှာရှိပါမစ်မဲ့လုပ်သားများ နေရပ်ပြန်ရေး သို့ အလုပ်ခန့်အပ်ရေးအတွက် နေပြည်တော်နှင့် ပူထရာဂျာရာ တို့ သဘောတူညီမူရရှိကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး Datuk Seri Ahmad Zahid Hamidi ကပြောကြားပါသည်။ 

အရည်အချင်းပြည့်မှီသော မြန်မာလုပ်သားများအား ခန့်အပ်နိုင်ရန် One-stop စင်တာကို လာမည် လအတွင်စိစဉ်ပေးရန်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားပါသည်။ 

 နေရပ်သို့ပြန်လိုမြန်မာများ မြောက်များစွာရှိသဖြင့် One-Stop စင်တာ အနေဖြင့် နေရပ်ပြန်လိုသူများအား သူတို့၏ အထောက်အထား များစိမံပေးခြင်း ပြုလုပ်ပေးပါမည်။ Ahmad Zahid က လူဝင်မူကြီးကြပ်ရေးမှ ဖမ်းဆီး ထားသော တရားမဝင် လုပ်သားများအား နှစ်ရှည်လများစွာ အချိန်ယူ နေရပ်ပြန်ပို့ရမည့် ပြသနာများကို နှစ်နိုင်ငံ အစိုးရအနေဖြင့် ဤကဲ့သို့ဖြေ ရှင်းခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ 

မလေးရှား အကျဉ်းထောင်များတွင် လက်ရှိ မြန်မာနိုင်ငံသား ၁၂၀၀၀ ဦးရှိပြီး အချို့မှာ ခြောက် လခန့်ကြာမြင့်ပြီဖြစ် သော်လည်း မြန်မာအာဏာပိုင်များဖက်မှ လိုအပ်သော အထောက်အထားများ မထုတ်ပေးနိုင်သဖြင့် အခက်အခဲရှိနေကြောင်းကိုပြောကြားပြီး "ကျနော်တို့အနေနဲ့ဒီကိစကို မြန်မာ အစိုးရနဲ့ပူးပေါင်း ဆောင်ရွက်လိုက်ရလို့ဝမ်းသာပါတယ်၊ မလေးရှားက တကယ်လိုအပ်တဲ့ နေရာတွေမှာ လုပ်သားအင်အား နည်းနေပါတယ်၊ လူသားခြင်းစာနာထောက်ထားပြီးစဉ်းစားပေးဖို့လဲလိုသလို၊ လုံခြုံရေးအတွက်ညှိနိုင်းမည်မဟုတ်ကြောင်း" မလေးရှားမီဒီယာသို့ Ahmad Zahid ကပြောကြားပါသည်။ 

Ahmad Zah နှင့် မြန်မာ အလုပ်သမား ဝန်ကြီးဦးမြင့်တို့သည် Diamond Palace Service Co Ltd နှင့် Bukit Megah Sdn Bhd ကုမ္ပဏီတို့၏ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို တက်ရောက်ကြပါသည်။ ကုမ္ပဏီတို့၏ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည်နှစ်ဖက်အာဏာပိုင်များ၏ ဇိဝဗေဒ အထောက်ထားကောက်ယူခြင်း စာရင်းပြုစုခြင်း၊ တရားမဝင်မှ တရားဝင်စေခြင်း၊ အထောက်ထားမရှိသူများအား နေရပ်ပြန်ပို့ခြင်း ကိစများပါဝင်ပါသည်။ 

မလေးရှားပြည်ထဲရေးဌာန၏ မှတ်တမ်းအရ မလေးရှာတွင် တရားဝင်/ မဝင် စုစုပေါင်း ၁၄၄၀၀၀ ဦး ယူအန်ကဒ်ကိုင်ဆောင်သူနှင့် အခြား ၁၂၀၀၀၀ ဦးရှိကြောင်း ပြောကြားပါသည်။ Bukit Megah မှအမူဆောင်ကော်မစ်တီဥကဌ Datuk Abdul Halim Suleiman က အလုပ်သမားများအား မှတ်ပုံတင်လုပ်မည်ဟု မျော်လင့်ထားသော အလုပ်ရှင်များ ရှိနေခြင်းကြောင့် One Stop စင်တာအား Kuala Lumpur, Petaling Jaya, Jorhor နှင့် Penang တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

Credit - Tuangpu Siyin 

 Admin 
နေဇော်လင်း1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။