Home » , » မလေးရှားနိုင်ငံရှိ အလုပ်သမားများအတွက် နားလည်မှု လက်မှတ်ရေးထိုး

မလေးရှားနိုင်ငံရှိ အလုပ်သမားများအတွက် နားလည်မှု လက်မှတ်ရေးထိုး

Written By မောင်စေတနာ on Wednesday, May 14, 2014 | 2:11:00 PM

 
 မလေးရှားနိုင်ငံရှိ အထောက် အထားမဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအား ကူညီဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး 

နေပြည်တော် မေ ၁၃ 

မလေးရှားပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မလေးရှားနိုင်ငံရှိ အထောက် အထားမဲ့မြန်မာရွှေ့ပြောင်း အလုပ်သမားများ အန္တရာယ်ကင်းရှင်းစွာ တရားဝင်နေထိုင်သွားလာ အလုပ်လုပ်ခွင့်ရရှိနိုင်ရန် ရည်ရွယ် ကျင်းပသည့် မြန်မာနိုင်ငံမှ 

Diamond Palace ကုမ္ပဏီလီမိတက်နှင့် မလေးရှား နိုင်ငံမှ Bukti Megah Sdn Bhd ကုမ္ပဏီတို့၏ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့ည(၇)နာရီခွဲက Grand Amara Hotel တောင်ငူခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး SERI DR AHMAD ZAHID HAMID နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

အဆိုပါနားလည်မှုစာချွန်လွှာတွင် နိုင်ငံသား စိစစ်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ရေး၊ နိုင်ငံသား စစ်မှန်သူကို နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ရေး၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နှင့် တရားဝင်ဗီဇာရရှိ ထုတ်ပေး နိုင်ရေး၊ မည်သူမည်ဝါဖြစ်သည်ကို နည်းပညာအသုံးပြု၍ ခိုင်လုံစွာစိစစ်နိုင်ရေး၊ အလုပ်လုပ် ခွင့်မရှိသူများ သတ်မှတ်သည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်ကိုက်ညီပါက မလေးရှားကုမ္ပဏီက တရားဝင်အလုပ်လုပ်ပိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးနိုင်ရေး စသည့်အချက်များပါဝင်ကြောင်း သိရသည်။ 

ဒိုင်းမွန်းပဲလေ့စ်ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းသန်းက ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ မလေးရှားမှာရောက်နေတဲ့ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ရရှိဖို့အတွက် နှစ်နိုင်ငံ အစိုးရစီစဉ်ဆောင်ရွက်မယ့်အစီအစဉ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ကု မ္ပဏီဖြစ်ပါတယ်။ 

 နှစ်နိုင်ငံအစိုးရတွေ သဘောတူညီထားတဲ့အတိုင်း အထောက်အထားမဲ့ လုပ်သားတွေကို သေချာစွာစိစစ်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးပါမယ်။ 

နိုင်ငံကူးလက်မှတ်ရပြီးတဲ့သူတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်တို့၊ ဗီဇာတွေကို မလေးရှားအစိုးရ အသိအမှတ်ပြုထားတဲ့ အခုလက်မှတ်ရေးထိုးတဲ့ မလေးရှားကုမ္ပဏီက ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ 

လောလောဆယ် အနေနဲ့ အချိန်ကာလအားဖြင့် (၆)လကြာမြင့်ပါမယ်။ နောက်ပိုင်းလျှောက်ထားလာတဲ့ လုပ်သားတွေပေါ်မူတည်ပြီး နိုင်ငံတော် အစိုးရကိုတင်ပြပြီး ထပ်မံ သက်တမ်းတိုးခွင့်ရမယ်ဆိုရင် သက်တမ်းတိုး နိုင်ဖို့ စီစဉ်ထားပါတယ်။ 

ဥပဒေအရ လုပ်အားခတွေရရှိအောင်၊ အလုပ်လက်မဲ့တွေ နောင်တစ်ချိန်မှာ အလုပ်လက်မဲ့တွေ ဖြစ်မလာစေဖို့ ခိုင်မာသည် ထက်ခိုင်မာအောင် ဒီမလေးရှား ကုမ္ပဏီနဲ့ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးရခြင်း ဖြစ်ပါတယ်။ 

ဒီလိုလက်မှတ်ရေးထိုးတာဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ကျွန်တော်တို့ ကုမ္ပဏီကို သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အခုလိုလက်မှတ်ရေး ထိုးရခြင်းဖြစ်ပါတယ်။ 

အခုလို လက်မှတ်ရေးထိုးခြင်းအားဖြင့် နှစ်ဦးနှစ်ဖက် စာချုပ်စာတမ်းတွေရှိတယ်။ ကတိကဝတ်တွေ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ 

ဒီဟာတွေပေါ်မူတည်ပြီး ဆက်လက်လုပ် ဆောင်အကောင် အထည် ဖော်သွားမယ် ဆိုရင် အထောက်အထားမဲ့ အလုပ်သမားတွေဟာ တရားဝင်လုပ်သားတွေဖြစ်လာပြီး လုပ်ခတွေပိုရလာမယ်၊ အန္တရာယ် ကင်းရှင်းစွာ အလုပ်လုပ်နိုင်မယ် ဆိုရင် အလုပ်ရှင် အလုပ်သမားတွေပိုများ လာမှာပါ။ အခုဆိုရင် နိုင်ငံတော်အစိုးရက နိုင်ငံကူးလက်မှတ်တွေကို လွယ်လွယ်ကူကူ စီစဉ်ဆောင်ရွက်ပေး နေပါတယ်။ 

တရားဝင် သွားရောက်အလုပ်လုပ်ကိုင်ကြပါ။ တရားမဝင်သွားရောက်အလုပ်လုပ် ကိုင်ခြင်းဟာ ဆိုးကျိုးတွေပဲ ရှိပါတယ်လို့ အကြံပြုပြောကြားချင်ပါတယ်။ 

Src: MOI 

Credit - Tuangpu Siyin 

Admin 
နေဇော်လင်း1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။