Home » , » ***** ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မကြွယ်နဲ့ ***** စာပေ ဗဟုသုတ

***** ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မကြွယ်နဲ့ ***** စာပေ ဗဟုသုတ

Written By မောင်စေတနာ on Friday, May 9, 2014 | 4:59:00 PM

ခုဒီဖက်ခေတ်မှာတော့ ရှေးထုံးတွေ လုံးဝလက်ခံလို့တော့ မရတော့ပါဘူး။ ပြင်သင့်တာလေးတွေပြင်ပီး လက်ခံသင့်တာလေးတွေ လက်ခံကြရတော့တာလေ။ ဘာလို့လဲဆိုတော့ဗျာ အနီးစပ်ဆုံးပေါ့ မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအံ့ ဆိုရာမှာ ခုခေတ်မတော့ အလုပ်အကိုင်တွေ မအားလပ်လို့ အခွင့်ရေးမပေး အချိန်မရတော့ မွေးနေ့လဲ ညုပ်ရတယ်။ သောကြာလဲ မရှောင်ဘူး။ တနလာင်္မှအလုပ်ပိတ်တော့ ဆိုတာမျိုးတွေဆိုတော့ အဆင်ပြေတဲ့အချိန်ညုပ် ရတာပေါ့ဗျာ။ နောက်တစ်ခု ရှိသေးတယ်။ 

မိတ်ဆွေတို့လဲ တစ်ခို့လူကြီးသူမတွေ သွန်သင်တာ ကြုံဖူးခဲ့လောက်ပါတယ်။ အပြင်ကနေ ကိုယ့်အိမ်ထဲဝင်မယ်ဆိုရင် အိမ်ပေါက်ဝမှ ဖွ.ဖွ.ဖွဆိုပီးနှုတ်ကရွတ် စိတ်ထဲမှာ မကောင်းဆိုးဝါးတွေ နေခဲ့တော့ ဆိုပီး အာရုံပြုပေးရတယ်လေ။ ခုတော့ ပျောက်ကွယ်လာသလိုလို။ ဒါလေးတွေဆိုရင် ရှေးထုံးဆိုပေမယ့် လူနေမှု့ပုံစံလေးတွေ ပြောင်းလာတော့ စံထုံးလေးတွေ ပြောင်းလဲ ကျင့်သုံးလာကြတော့တာပေါ့။ ပယ်ကို မပယ်ရဲတာကတော့ ရိုးရာနတ်ပါလို့ဆိုရလိမ့်မယ်။

သက်ရှိထင်ရှားရှိနေတဲ့ အဖိုးအဖွားက ပြီးခဲ့တဲ့ ၂လလောက်က အိမ်ကိုပြန်လည်တော့ နယ်တော့အရှင်ကို မမေ့ဖို့တွေ့တိုင်း တစ်ဖွဖွ မှာနေရှာတာ။ အမေကောဘာထူးလဲ။ ပြောချင်တာကတော့ဗျာ ဘိုးစဉ်ဘောင်ဆက် ယုံယုံကြည်ကြည် ကိုးကွယ်လာခဲ့ကြပီးတော့ ကိုယ့်အလှည်ြ့ကမှ မယုံ ကြည်ချင်နေ လက်မခံလို့မရဘူးမလား။ ဈေးသုံးမကြွယ်ဖို့ကတော့ ချမ်းသာသူ အများစုကိုသာကြည့်။ သူများအမြင် ကပ်စေးနှဲတဲ့ မိသားစု ကပ်စေးနှဲတဲ့လူ လို့မြင်ကြပေမယ့် သူတို့က ငွေကိုရော အစစအရာရာ ချွေတာသုံးလေတော့ သူတို့ဟာ စုမိဆောင်းမိပြီး အများထက် ချမ်းသာလာသူတွေ ဖြစ်ကြပြီလေ။ ကပ်စေးမနှဲပဲ လက်ဖွာလေသူ အများစုမတော့ အရေးကြုံရင် ကုန်နေရှာပီမလား ... ဆက်စပ်လို့ပေါ့ဗျာ။ 

ပွဲဈေးတန်းတစ်ခုကို သားအမိနှစ်ယောက် ဝင်သွားကြတယ်တဲ့ အဲဒီမှာ သားဖြစ်သူက ပွဲဈေးတန်းဝင်ဝင်ချင်းမှာပဲ ဖိုးသူတော်ရုပ်ကလေးကို လိုချင်လို့ အမေဖြစ်သူကို အတင်းပူဆာတော့တယ်တဲ့ ။ အမေဖြစ်သူက နောက်မှဝယ်ဖို့ ဈေးတန်းကို ပီးအောင်လျှောက်ပီး အကြိုက်ဆုံးတစ်ခုကိုရွေးပီး ဝယ်ဖို့သားကို ရှင်းပြတယ်တဲ့ ။ လိုချင်တပ်မက်နေပီး ငိုယိုပူဆာနေတဲ့ သားတော်မောင်ကို အမေကပြောတယ်တဲ့ "သား ဒီတစ်ခုကို လိုချင်ရင် အမေဝယ်ပေးမယ် ဒါပေမယ့် ဈေးတန်းကို ပီးအောင်လျှောက်ပြီးမှ အရုပ်လှလှလေးတွေမြင်ရင် ထပ်ပီးမပူဆာရဘူးနော်။ 

ပူဆာရင် ရိုက်မယ် " ဆိုးပီး သားအမိနှစ်ယောက် အပေးအယူ တည့်သွားတော့တယ်တဲ့။ အဲ ဈေးတန်းထဲလဲ ဝင်ရော သူ့လက်ထဲက ဖိုးသူတော်ရုပ်ထက်လှတဲ့ အရုပ်လေးတွေ အများကြီးတွေရတော့တယ်တဲ့ ။ အတွင်းကျလေ အရမ်းလှတဲ့ အရုပ်လေးတွေ တွေ့လေဆိုတော့ စောစောစီးစီး တွေ့တဲ့ ဖိုးသူတော်ရုပ်ကို အတင်းပူဆာပီး ဝယ်မိလိုက်တဲ့ သူ့အဖြစ်ကို သူကောင်းကောင်း နောင်တရတော့တယ်။ အမေ့ကိုလဲ မပူဆာရဲတော့ဘူး။ ဖိုးသူတော်ကို ပိုင်ဆိုင်ရလို့လဲ သူ့မှာ မပျော်ရွှင်ရတော့ဘူးတဲ့။ 

အဲလိုပဲ လူတွေကြားထဲ ပတ်ဝန်းကျင်ကြားထဲကိုဝင်ကြပြီဆိုရင် ခုနပုံပြင်လေးထဲကလို မဖြစ်အောင်သတိထားကြဖို့ ကိုယ်ကြိုက်တဲ့ အရုပ်လှလလေးဝယ်နိုင်အောင် အရင်စလိုမဆုံးဖြတ်ပဲ အားလုံးကို အချိန်ယူပြီးလေ့လာဖို့ အကောင်းဆုံးကို စိတ်ပျော်ပျော်ရွှင်နဲ့ ရွေးချယ်ပီး တန်ဖိုးထားတတ်ကြဖို့ ၆ တန်း ၇တန်းအရွယ်က ဆရာမကြီး ဒေါ်ညွန့်ညွန့်စန်းက အမြဲတစေ ပုံပြင်လေးတွေပြောပီး သင်ပြခဲ့ဖူးတယ်။ အဲဒီတော့ မိတ်ဆွေသူငယ်ချင်း ညီငယ် ညီမငယ်တို့လဲ ပွဲဈေးတန်းကို ပီးအောင် လျှောက်ပီး အလှဆုံးအရုပ်ကို ရွေးဝယ်နိုင်ကြပါစေလို့ မေတ္တာတွေ ပို့သရင်း အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ပါတယ်ခင်ဗျာ …… ။ 

ကိုရင်ဒိပ္ပ ၆ -၅-၂၀၁၄ 
https://www.facebook.com/aung.aungtunmyat 

စာဖတ်သူ မိတ်ဆွေများထဲမှ ကိုယ်တိုင်ရေး ကဗျာများ စာပေ ဗဟုသုတများ ဖော်ပြပါလိုက Nay Zaw Lin - Facebook (https://www.facebook.com/nay.zawlin1) စာမျက်နှာသို့ ဝင်ရောက်ကာ မက်ဆော့မှ တစ်ဆင့် ပေးပို့နိုင်ပါသည်။ 

ပေးပို့လာသော စာပေများထဲမှာ အများအတွက် ဗဟုသုတ နှင့် အကျိုးရှိသော စာပေများကို Page စာမျက်နှာ ၃ ခုတွင် အပတ်စဉ် အလှည့်ကျ စနစ်ဖြင့် တင်ပေးသွားပါမည်။ 

 နေဇော်လင်း 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia News) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nay.zawlin1
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။