Home » , » မောင်ဝေယံစိုး ကျန်းမာရေး စောင့်ရှောက်မှု

မောင်ဝေယံစိုး ကျန်းမာရေး စောင့်ရှောက်မှု

Written By မောင်စေတနာ on Tuesday, April 8, 2014 | 5:01:00 PM

 
မောင်ဝေယံစိုးသည် ၂၀၁၃ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စွန်ဂိုင်းပလို့ ဆေးရုံသို့ စတင်တက်ရောက်ခဲ့ပြီး ကျွန်တော်များ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) မှ ပထမအကြိမ်အဖြစ် 12.2.2013 နေ့တွင် ဆေးကုသစရိတ် ရင်းဂစ် ၁၀,၀၀၀ (တစ်သောင်း) ၊ ဒုတိယအကြိမ် အဖြစ် 17.3.2014 နေ့တွင် ရင်းဂစ် ၅၀၀၀ (ငါးထောင်) ၊ တတိယအကြိမ်အဖြစ် 1.4.2014 နေ့တွင် ဆေးရုံမှဆင်းရန် ကျန်ငွေ ရင်းဂစ် ၁၃၃၂ (တစ်ထောင့်သုံးရာ သုံးဆယ်နှစ်) ကို အပြီးပေးချေခဲ့ပြီး ဖြစ်ပါသည်။ 

ယင်းနောက် မောင်ဝေယံစိုးအား နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ ACTS Clinic လမ်းညွှန်မှုဖြင့် ရာဝမ်းမြို့၊ Batu Arang ရှိ P.E.R.C.H သို့ 1-4-2014 ရက်နေ့တွင် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကာ ပြောင်းရွှေ့ ဆက်လက် စောင့်ရှောက်စေခဲ့ပါသည်။ 

P.E.R.C.H သို့လည်း မောင်ဝေယံစိုး ကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါးများ ၀ယ်ယူရန် ရင်းဂစ် ၃၀၀၀ နှင့် အဟာရဖြည့် နို့မှုန့် (ဗူးကြီး) ၈ ဗူးတို့ကို လှူဒါန်းခဲ့ပါသည်။ P.E.R.C.H တွင် စောင့်ရှောက်ထားခဲ့ပြီး 6.4.2014 ရက်နေ့ ညတွင် မောင်ဝေယံစိုး၏ ကျန်းမာရေး အခြေအနေ ဆိုးလာသောကြောင့် စွန်ဂိုင်းပလို့ ဆေးရုံသို့ ဒုတိယအကြိမ် ပြန်လည်တက်ရောက် ဆေးကုသမှု ခံယခဲ့ရပါသည်။ ယခုအခါ မောင်ဝေယံစိုးမှာ စွန်ဂိုင်းပလို့ ဆေးရုံ ကုတင်နံပါတ် 15 (7B) တွင် ဆေးကုသလျက် ရှိပါသည်။ 

 မောင်ဝေယံစိုး ကျန်းမာရေးအတွက် လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် ကျွန်တော်များ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ (ကွာလာလမ်ပူ) သို့ အလှူငွေများ တတ်အားသမျှ ပါဝင်လှူဒါန်း နိုင်ပါကြောင်း သတင်းစကား ပါးအပ်ပါသည်။ လူနာရှင် မောင်ဝေယံစိုးအား ကိုယ်တိုင်ကိုယ်ကြ လှူဒါန်းလိုသူများကိုလည်း ဆေးရုံသို့ လိုက်လံ ပို့ဆောင်ပေးပါမည်။ 

လူနာရှင် - မောင်ဝေယံစိုး (ခ) ရန်ပိုင်ဝင်း 
မိဘအမည် - ဦးယုဝင်း ၊ ဒေါ်ခင်ဝဏ္ဏအေး 
နရပ်လိပ်စာ - သစ်ယာဝကျေးရွှာ ၊ မြိတ်မြို့နယ် ၊ တနင်္သာရီတိုင်း 

ဆက်သွယ်ရန် EC ဖုန်းနံပါတ်များ 

ကိုသက် - 017 2838 470 
ကိုအော်စကာ - 016 6738 398 
ကိုချမ်း - 012 272 6566 
ကိုဆန်းမင်းဦး - 016 3687 939 
ကိုမင်းသန်းဟိန်း - 010 260 1552 
ကိုသက်နိုင်စိုး - 016 2471 397 
ကိုသီဟမောင်မောင် - 012 3888 480 
ကိုဇော် - 010 5370 833 
ကိုပြည်စိုး - 016 6080 357 
နေဇော်လင်း - 016 3869 476 
စိမ်းမို့မို့ - 010 2667 513 

နယ်မြေတာဝန်ခံများ 

ကိုမြင့်ရွှေ (အာလော) - 012 6926 331 
ကိုမောင်မြင့် (ဆာဒန်း) - 012 2175 946 
ကိုထိုက် (ချဲ့ရတ်စ်) - 016 6399 598 
ကိုအောင်ကျော်ထူး (စွန်ဂိုင်းပလို့) - 010 2775 622 
ကိုသက်နိုင်လင်း (ရှားအလမ်း) - 016 9766 307 
ကိုမျိုးဝေအောင် (ကာဂျန်း) - 010 2384 091 
ကိုရဲမာန် (စွန်ဂိုင်းဂျွား) 010 - 5159 459 
ကိုယုမောင် (စင်္ကာပို့) - 010 8274 511 
ကိုရဲကိုလတ် (တလုတ်ကုန်း) - 013 3493 990 
ကျော်မျိုးသူ (ဘလက်ကောင်း) - 011 1281 4889 

 နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ရုံးခန်းလိပ်စာ) ဇာမဏီ စတိုးဆိုင် အပေါ်ထပ် (၄ လွှာ) No.23, 4th Floor, Jalan Lebuh Pudu, 50050, Kuala Lumpur. Tel : 03-2022 1245 Email : lovelyheart.blooddonation@gmail.com Web : www.myanmarblooddonorkl.com 

 နေဇော်လင်း 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။