Home » , » ကတိစကား (မြန်မာ ဗွီဒီယို ဇာတ်ကား) မြင့်မြတ် န၀ရတ်

ကတိစကား (မြန်မာ ဗွီဒီယို ဇာတ်ကား) မြင့်မြတ် န၀ရတ်

Written By မောင်စေတနာ on Monday, April 7, 2014 | 7:10:00 AM

 
Movie title : ဂတိစကား Starring : မြင့်မြတ် န၀ရတ် | Myint Myat Nawarat

ဗွီဒီယို  ဇာတ်လမ်း အညွန်း ...........

နှုတ်ကထွက်ခဲ့တဲ့ စကားတစ်ခွန်း ကတိတစ်လုံးကို ဖောက်ဖျက်မိတဲ့အခါ ဘယ်လို အကျိုးဆက်တွေ ဖြစ်တတ်တယ် ဆိုတာကို သရုပ်ဖော် ရိုက်ကူးပြထားတဲ့ ကတိစကားဗီဒီယိုကားလေးကို ညွှန်ချင်တယ်။

ဒီကားလေးမှာ တက်သစ် စမင်းသားရဲရင့် (မြင့်မြတ်) ဟာ ထုတ်လုပ်သူ မမ (န၀ရတ်) ရဲ့ ကျေးဇူးကြောင့် လူကြိုက်များ ကျော်ကြားလာပြီး ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်လာရပြီး ဆူပါတန်း ၀င်မင်းသား တစ်လက်ဖြစ်လာခဲ့တယ်။ရဲရင့်နဲ့ မမတို့ရဲ့နောက်ကွယ်က အချစ် ဇာတ်လမ်းဟာလည်း လူတွေကြားထဲမှာ ကောလာဟလလို ပျံ့နှံ့နေပေမယ့် နာမ်မည်ရခါစမင်းသားဖြစ်တာကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်  ဇာတ်လမ်းကို ဖုန်းကွယ်  ထားပြီး တစ်ချိန်ချိန်မှာ မမကို လက်ထက်ယူမယ်ဆိုတဲ့ ကတိစကားကို ရဲရင့်က ပေးခဲ့တယ်။

ဇာတ်ကားတွေ အရိုက်  များလာတဲ့ ရဲရင့်ဟာ ဆူပါတန်း  ၀င်မင်းသမီးတစ်လက်ဖြစ်တဲ့ သဉ္ဇာ (သဉ္ဇာဆုဝေ) နဲ့ အတူတွဲ ရိုက်တာများလာပြီး သူတို့နှစ်ယောက်ရဲ့ ကောလာဟလတွေလည်း ပရိသတ်တွေကြား ပျံ့နှံ့လာပြီး ဂျာနယ်တွေမှာ တပူးတွဲတွဲပုံတွေ တက်လာခဲ့တယ်။  အလုပ်ကိစ္စနဲ့ ခရီးသွားနေတဲ့မမ ရန်ကုန်ပြန်ရောက်လာချိန် ဒီသတင်း တွေကြားတဲ့အခါ ဒေါသူပုန်ထပြီး ပြဿနာရှာပေမယ့် ရဲရင့်ဘက်က သူတို့နှစ်ဦးကိစ္စဟာ ဘာမှမဟုတ်တဲ့  အကြောင်း ငြင်းဆန်တဲ့အခါ မမရဲ့ဒေါသတွေဟာ အရည်ပျော်သွားတယ်။

အချိန်တွေ ကြာလာတာနဲ့အမျှ ရဲရင့်ဟာ သူ့ကို စင်တင်ပေးခဲ့တဲ့မမထက် သဉ္ဇာ့အပေါ် တိမ်းညွှတ် လာတဲ့နောက်မှာ မမကိုပေးခဲ့တဲ့ ကတိ စကားတွေဟာလည်း လေထဲမှာ ပျောက်ကွယ်သွားပြီး နောက်ဆုံးမှာ သဉ္ဇာ့ကို ရွေးချယ် လိုက်တယ်။  ဒီအချိန်မှာပဲ မမဟာ သူ့ရဲ့ရင်သွေးကို လွယ်ထားရတဲ့ အကြောင်း ဖွင့်ပြောလာတဲ့  အခါ ရဲရင့်ဘက်က ခါးခါး သီးသီး ငြင်းဆန်ပြီး လုံးဝတာဝန် မယူနိုင်တဲ့အကြောင်း သူ့ဘ၀တက်လမ်းကို ပိတ်ပင် တားဆီးတဲ့အရာအားလုံးကို သက်ညှာခွင့်လွှတ်မှာ မဟုတ်တဲ့ အကြောင်း ရင့်ရင့်သီးသီး ဆိုလာခဲ့တယ်။

ရဲရင့်ဘက်က အခုလို ခါးခါး သီးသီးငြင်း ဆန်လာချိန်မှာ ဘ၀နဲ့ရင်းပြီး ချစ်လာသူ မမတစ်ယောက် ရင်ကွဲနာကျပြီး နောက်ဆုံးမှာ ကိုယ်ဝန်ဖျက်ချရာက အသက်ဆုံးပါးခဲ့တယ်။ပေးခဲ့တဲ့ကတိစကားကို ဖျက်ခဲ့တဲ့အပြင် ကျေးဇူးရှင်ကို ကျေးစွပ်ခဲ့တဲ့ ရဲရင့်ကတော့ သဉ္ဇာနဲ့ အချစ်ရေယဉ်ကြောမျောရင်း ပျော်ပါးနေပေမယ့် မမကတော့ ရဲရင့်ကို စွဲစွဲလမ်းလမ်းချစ်တဲ့စိတ်ကြေင့် ဘ၀ခြားသွားပေမယ့် ရဲရင့်အနားမှာ တောက်လျှေက်ရှိနေခဲ့တယ်။

ဒီလိုနဲ့ ရဲရင့်အနားမှာ ရှိနေတဲ့ သဉ္ဇာကို မကြည်ဖြူတဲ့ မမဟာ စိတ်ချောက်ခြားစရာ ကောင်းလောက် အောင်လုပ်လာပြီး နောက်ဆုံးမှာ သဉ္ဇာခရီးထွက်ရင်း လမ်းမှာ ကားမှောက်ပြီး အသက် ဆုံးခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ရဲရင့်ရဲ့ လုပ်ဖော်ကိုင် ဖက်တွေဟာလည်း သေသွားတဲ့မမကို မျက်ဝါးထင်ထင်မြင်ရချိန်မှာ ကြောက်လန့်တကြားဖြစ်ရင်း ထွက်ပြေးရာက လှေကား အဆင်းမှာ ခြေချော်ပြီး အားလုံး သေပွဲဝင်ကြရပြန်တယ်။

အိမ်ပြန်လာချိန်မှာ လုပ်ဖော်ကိုင်ဖက် သုံးယောက်စလုံး သေနေတာကိုတွေ့ရတဲ့ ရဲရင့်ဟာ အိမ်မှာ မနေရဲတော့ဘဲ ကားနဲ့အပြင် ပြန်ထွက်လာတယ်။ လမ်းပေါ်မှာ ကားမောင်း နေရင်း ကားအရှေ့တည့်တည့်မှာ မမကိုမြင်လိုက်ရချိန် ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ဆက်လက် ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇာတ်လမ်း မုန်တိုင်း၊ဇာတ်ညွှန်း မင်းညီ၊ဒါရိုက်တာ နေပိုင်တို့က ရိုက်ကူး ထားပြီး မြင့်မြတ်၊န၀ရတ်၊သဉ္ဇာဆုဝေ နဲ့ အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

Reference: The Voice Daily  

 နေဇော်လင်း 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။